၁၄ ရက်ညက သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ အရှေ့ဖက် မြို့အထွက်ဂိတ်အားသျှမ်းပြည် တပ်မတော် ဝင်ရောက် တိုက်ခိုက်ပြီးနောက် မိုင်းရယ်နှင့် တန့်ယန်း မြို့ နယ်ရှိ ပြည်သူ့စစ် ခေါင်းဆောင်များအား ရမခ တိုင်းမှူးကအစည်း အဝေး ခေါ်ယူကြောင်းပြည်သူ့စစ်သတင်း ရပ်ကွက်က ဆိုပါသည်။
“ ၁၄ ရက်ည ၁၀ နာရီကျော်ကျော်လောက်ပေါ့။ တန့်ယန်းမြို့အရှေ့ဖက်ဂိတ်မှာ သျှမ်းတပ်ကဝင်တိုက်တာ သိပ်မသိ ကြဘူး။ အမည်မသိသူ ဗုံးခွဲလို့ ဂိတ်တာဝန်ကျ မူးယစ်ပုလိပ်တယောက် မျက်နှာနဲ့ခြေထောက်မှာ ဒဏ်ရာရတယ် လို့ဘဲကြားတယ်။ သေတာတော့မရှိဘူး။ အဲဒီညကအောင်မင်္ဂလာကျောင်းတိုက် မှာ တရားပွဲ ရှိနေလို့။ နို့မဟုတ်ရင်တော့ လူတွေလန့်ဖြန့်ကုန်မှာ” ဟု တန့်ယန်း ရပ်ကွက် ၂သားတဦးကပြောသည်။
တန့်ယန်းမြို့ပြင် ပေါက်ကွဲသည့်ဗုံးမှာ လက်ပစ်ဗုံးအမျိုးအစားသာဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရမှုနှင့်သေဆုံး မှုမရှိ ဟု တန့်ယန်းရဲတပ်ဖွဲ့ သတင်းရပ်ကွက်ကပြောသည်။
သို့သော် သျှမ်းပြည်တပ်မတော် SSPP/SSA သတင်းရပ်ကွက်ကမူ ၁၄ ရက်ညက တန့်ယန်းမြို့နယ် အတွင်း လှုပ်ရှား သည့် SSPP/SSA တပ်ဖွဲ့မှာ တပ်ခွဲ ၁ တပ်ခွဲမှူး လျဲန်းခေး ဦးဆောင်၍ အဆိုပါဂိတ်အား သွားရောက် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
အဆိုပါအခင်းဖြစ်ပွါးပြီးနောက် ၁ ရက် ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောက တန့်ယန်းမြို့ နယ် အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များအားလုံး လားရှိုးတိုင်းရုံးသို့ ခေါ်ယူကြောင်း တန့်ယန်းရှိ လားဟူပြည်သူ့စစ် သတင်းရပ်ကွက်က ဆိုပါသည်။
“ ၁၅ ရက်မနက်ပိုင်း တန့်ယန်းက လားဟူပြည်သူ့စစ်တပ်ဖွဲ့ နဲ့ မန့်ပန်၊ မိုင်းဟ၊ နောင်ဖာ၊ မိုင်းကောင်က ပြည်သူ့စစ် ခေါင်းဆောင်တွေ လားရှိုးကို အစည်းအဝေးခေါ်တယ်။ မိုင်းကောင်က ခလရ ၃၃ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးအောင်မြင့် သိန်းနဲ့ ခမရ ၅၃၃၊ ၃၆၂ က တပ်ရင်းမှူးတွေလဲ ပါတယ်” ဟု လူလတ်ပိုင်း လားဟူ အမျိုးသားတဦးက သျှမ်းသံတော် ဆင့်သို့ပြောပြသည်။
တန့်ယန်းမြို့နယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့အင်အား တပ်ခွဲ ၆ ခွဲ ဖြင့် စစ်အစိုးရက ဖွဲ့စည်းသတ်မှတ်ပေးခဲ့ သည်။
တပ်ခွဲ ၁ စိုင်းလှအောင်၊ စိုင်းခမ်းလိုင်တို့ဦးဆောင်သော နောင်ဖာပြည်သူ့စစ်တပ်ဖွဲ့ (အင်အား ၈၀ခ န့်)၊ တပ်ခွဲ ၂ စိုင်းသန်းတင် ဦးဆောင်သော တန့်ယန်း မြို့မ (ရပ်ကွက် ၂ ၊ ၃၊ ၅၊ ၆၊ ၉၊ ၁၀) ပြည်သူ့စစ်တပ်ဖွဲ့(အင်အား ၈၀ ခန့်) ၊ တပ်ခွဲ ၃ အောင်ဝင်းနိုင် ဦးဆောင်သော ဝမ့်ကန်(တာ့ကောင်းအက်)ပြည်သူ့စစ်တပ်ဖွဲ့(အင်အား ၄၀ ခန့်)၊ တပ်ခွဲ ၄ လားဟူ ပြည်သူ့စစ်(နမ့်ဆီစိန် ဂျဟဲ၊ နမ့်ဖတ်နှင့် နောင်မို ဂျထော၊ မိုင်းကောင်ဂျဆယ် )ပြည်သူ့စစ်တပ်ဖွဲ့ (အင်အား ၂၅၀ ခန့်) ၊ တပ်ခွဲ ၅ ဗိုလ်မွန်းဦးဆောင်သောမန့်ပန် ဌာနေပြည်သူ့စစ်တပ်ဖွဲ့(အင်အား ၅၀၀ မှ ၈၀၀ ) နှင့် တပ်ခွဲ ၆ လောမား ဦးဆောင်သောမိုင်းဟပြည်သူ့စစ် တပ်ဖွဲ့(အင်အား ၁၅၀ ခန့်) တို့ဖြစ်ကြသည်ဟု သိရပါသည်။
အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့များမှာ မြန်မာစစ်တပ်ဆင့်ဆိုညွန်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်လေ့ရှိသဖြင့် မြန်မာ စစ်တပ်ကအခွင့်အရေးပေး အလေးထားခြင်းခံကြရသည်ဟုလည်းတန့်ယန်းဒေသခံတဦးကပြော သည်။
၂၀၀၉ ၌ ပေါက်ကြားသော မြန်မာစစ်တပ်၏ လျှို့ဝှက်စီမံကိန်း အချက်အလက်များအရ သျှမ်းပြည်မြောက်ပိုင်း တွင် ပြည်သူ့စစ်တပ်ဖွဲ့ ၃၉၆ ဖွဲ့ အင်အား ၈၃၆၅ ယောက်ရှိပြီး ၁၆၃၂၀အထိတိုးမြှင့်စုဆောင်းသွားမည်ဟုဆို ၏။
၁၀ ရက်က ဗိုလ်မွန်းဦးဆောင် မန့်ပန်ပြည်သူ့စစ်၊မိုင်းရယ်မြို့နယ်လောမားဦးဆောင်သောမိုင်းဟပြည်သူ့စစ် များ အား ဌာနချုပ် စခန်းစောင့်အနည်းငယ်သာထားစေ ပြီးတန့်ယန်းဗျူဟာရုံးသို့ဗျူဟာမှူး ဆင့်ခေါ်ခဲ့ခြင်း မှာလည်း မြန်မာ စစ်တပ်အင်အားများ ရှေ့တန်းထွက်ကုန်ကြသဖြင့် မြို့လုံခြုံရေးအတွက် ပိုမိုအရေးစိုက်တာ ဝန်ယူကြရန် သတိပေး ပြောဆိုခြင်းဖြစ် ကြောင်းလားဟူပြည်သူ့စစ်တဦးကပြန်လည်ပြောပြသည်။