မင်္ဂလာဆောင် စက်လှေ တိမ်းမှောက်၍ ပေါက်တောတွင် လူ ၅ ဦးသေဆုံး

မင်္ဂလာဆောင် စက်လှေ တိမ်းမှောက်၍ ပေါက်တောတွင် လူ ၅ ဦးသေဆုံး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မင်္ဂလာဆောင် စက်လှေ တစ်စီး နစ်မြုပ်၍ လူ ၅ ဦးသေဆုံး သွားကြောင်း ပေါက်တောမြို့ခံများက ပြောသည်။

Pauk-Taw-Giri-affected-people
" သေဆုံးသွားတာက အမျိုးသမီး ၄ ဦးနဲ့ ယောကျင်္ားလေး တစ်ဦး ဖြစ်ပါတယ်။ သေဆုံးသွားသူတွေ အကုန်လုံးဟာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက ဖြစ်ပါတယ်။ သမက်တက် စက်လှေ နစ်တဲ့ အတွက် ခုလို အဖြစ်ဆိုးနဲ့ ကြံုရတာ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။

သေဆုံးသွားသူများမှာ စက်လှေ တိမ်းမှောက်သွားစဉ် စက်လှေနှင့် အတူ ရေထဲပါသွားသဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။

" မောင်းလာတဲ့ ချောင်းက သိပ်ကျဉ်းပါတယ်။ တောင်ညိုကနေ ပေါက်တောထိ တစ်မိုင်ကျော်လောက်ဘဲ ဝေးပါတယ်။ ချောင်းက ကျဉ်းတော့ စက်လှေကို မထိန်းနိုင်တာနဲ့ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ ချောင်းကျဉ်းးထဲ စက်လှေ တိမ်းမှောက်တော့ သူတို့က အပြင်ကို ထွက်ဖို့ မလွယ်တာနဲ့ ပိတ်ပြီး သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အလောင်းများကို ပေါက်တော ဆေးရုံသို့ ယူဆောင်လာပြီး ဆရာဝန် စစ်ဆေးချက် ယူပြီးနောက် တောင်ညိုသို့ ကုန်းလမ်းမှ တဆင့် မနေ့ကတည်းက ပြန်ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ပေါက်တောမြို့ပေါ်မှ ဗဝိုင်း ရပ်ကွက်တွင် မင်္ဂလာဆောင်ရန် အတွက် တောင်ညိုမှ စက်လှေဖြင့် လာခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week