လေဘေးသင့် ဒေသတချို့ ဆန်ပြတ်လပ်နေ

လေဘေးသင့် ဒေသတချို့ ဆန်ပြတ်လပ်နေ
by -
မောင်အေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ကျေးရွာ တချို့တွင် အန်ဂျီအိုများမှ ဆန်ပေးဝေမူကို ရပ်တန့် လိုက်သဖြင့် ယခုအခါဆန်ပြတ်လပ်မူ နှင့် ရင်ဆိုင်နေကြရသည်။

အဆိုပါ ကျေးရွာများမှာ ကျောက်ဖြူမြို့နယ် မစရိုင်းကျွန်းရှိ မောက်တင်ကြီး၊ ကညင်တော၊ လှံပျောက်၊ အောင်သာယာ၊ ငါးဖျဉ်းဖတ်၊ တွင်းခေါင်း ကျေးရွာများ နှင့် တခြား လေးချောင်းကျွန်းမှကျေးရွာများဖြစ်ကြ သည်။

Cyclone-giri-affected-people" လွန်ခဲ့တဲ့ နှစ်လခန့် က စပြီး ဂီရိ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကျွန်တော်တို့ ဒေသတွေကို ဆန်အကူအညီ ပေးနေတာကို အန်ဂျီအိုတွေက ရပ်ဆိုင်းလိုက်ပါတယ်။ အခုတော့ ကျေးရွာတွေမှာ ဆန်လုံးဝ မရှိသလောက် ဖြစ်သွားပါပြီ။ မကြာခင် အငတ်ဘေးရောက်နိုင်ပါတယ်" ဟု မောက်တင်ကြီး ကျေးရွာသား တစ်ဦးကပြော သည်။

ပြည်တွင်း အန်ဂျီအို တချို့မှ အကူအညီများ ပေးနေသော်လည်း အဆိုပါ အကူအညီများမှာ လေဘေးသင့် ပြည်သူများ လိုလားနေသော ပစ္စည်းများ မဟုတ်ကြောင်း သိရသည်။

" ဥပမာဗျာ- ကျွန်တော်တို့ကို ခေါင်းလျှော်ရည်တို့၊ ပလစတစ် အသုံးအဆောင်တို့၊ ရေသန့်ဘူး တို့ကို လာပေးတယ်။ အမှန် တကယ် ဒီပစ္စည်းတွေ ကျွန်တော်တို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ အမှန်တကယ် လိုအပ်တာက ဆန်ဘဲ လိုအပ်တယ်။ ဆန်လှူရင် ကျွန်တော်တို့ကြေနပ်ပါပြီ။ အခုက အစိုးရက စနစ်တကျ စီစဉ် ပေးတာတွေ မရှိတဲ့ အတွက် လှူချင်တဲ့ လူက လှူချင်တာကို လှူတယ်။ တကယ့် အကျိုးခံစားရမယ့် လူတွေက အကျိုးခံစားသင့် သလောက် မခံစားရဘဲ ဖြစ်နေရပါတယ် ။"

အဆိုပါဒေသသို့ လာရောက် လှူဒါန်းသည့် မြန်မာအစိုးရနှင့် နီးစပ်သည့် အန်ဂျီအိုအမည်ခံ အဖွဲ့စည်းတချို့မှာ ကုမ္ပဏီများမှ ရောင်းမထွက်သည့် ပလစတိတ်ခြင်း၊ ခွက်၊ ပစ္စည်းများကိုကုမ္ပဏီနှင့် နားလည်မှုယူကာ ကယ် ဆည်ရေးပစ္စည်းများအဖြစ် လာရောက်ပေး လှူမူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
Cyclone-giri-affected-area
" အဓိက လူတွေ ဘာလိုအပ်နေတယ် ဆိုတာ အန်ဂျီအိုတွေ သိပါတယ်။ ဒါပေမယ့် သူတို့က မလုပ်ဘူးဗျာ။ အခုဆိုရင် သူတို့က ဆန်မကူတော့ဘူး။ ဒီအတွက် လူတွေ အကုန်လုံးက စိုးရိမ်နေကြတယ်။ လာမယ့့် မိုးတွင်း သုံးလေးလမှာ ဘယ်လိုစားရမယ်ဆိုတာကို လူတွေ တွေးပြီး စိုး ရိမ်နေကြပါတယ်" ဟုသူက ပြောသည်။

လေဘေးသင့် ဒေသတွင် မုန်တိုင်းကြောင့် စပါးခင်းများ ပျက်စီးပြီး စပါးလုံးဝ မရရှိလိုက်သော မိသားစုများ ရှိနေပြီး အန်ဂျီအိုများနှင့် ပုဂ္ဂလိစေတနာရှင်များမှ ထောက်ပံ့ပေးနေသည့် ဆန်များဖြင့် ၀မ်းရေးကို ဖြေရှင်း နေကြရသည်။ ယခုအခါ ကျေးရွာများတွင် ဆန်ပြတ်လပ်ပြီး အန်ဂျီအိုများက ဆန်လည်း မကူညီတော့ သဖြင့် မိုးရာသီတွင် အခက်အခဲ ကျရောက်မည်ကို ရွာသားများ စိုးရိမ်နေကြခြင်း ဖြစ်သည်။

Most read this week