ကျောက်စိမ်းမြေဝယ်ခံ လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်လဲ

ကျောက်စိမ်းမြေဝယ်ခံ လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်လဲ
by -
ကချင်သတင်းဌာန

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအတွက်မြေဝယ်ခံ နေရသည့် ဖားကန့်မြို့နယ် လုံးခင်း (ကချင်လို လောင်ခန်) ကျေးရွာ အုပ်စု သာယာကုန်းကျေးရွာ တွင်ကျေးရွာအုပ်ချုပ်ရေးမှူးကို အစားထိုးပြောင်းလဲ လိုက်ပြီ ဖြစ်သည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအတွက် မြေဝယ်ခံနေရသည့် ဖားကန့်မြို့နယ် လုံးခင်း (ကချင်လို လောင်ခန်) ကျေးရွာ အုပ်စု သာယာကုန်း ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို အစားထိုး ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ မြေဝယ်ခံရသည့် ကိစ္စအတွက် ကချင်ပြည်နယ် ၀န်ကြီးချုပ် လဂျွန်ငန်ဆိုင်း ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး နောက် အပြောင်းအလဲ လုပ်ခဲ့ခြင်း ဖြစ်သည်။

ကျေးရွာဆက်လက် တည်မြဲရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်နှင့် ရွာသားများ ဆက်လက်ကြိုးပမ်း သွားမည်ဟု သိရသည်။
hpakant_kachin_jade_mine
ကျောက်စိမ်းကျောပေါ်ရှိ အိမ်ခြေ ၃ ရာကျော် ပါ၀င်သည့် ၎င်းကျေးရွာတွင် အိမ်ယာများအား ပြည့်ဖြိုးလျှံ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီက လိုက်လံ ၀ယ်ယူနေရာတွင် ရွာသားများကို ကျေးရွာမှ ပြောင်းရွေ့ရန် ဖိအားပေးနေသည့် ရာအိမ်မှူး ဦးသိန်းဌေးကို ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်ဟု သာယာကုန်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦး ပြောသည်။

“ရွာအိမ်မှူးက ကျောင်းလည်း ဖွင့်မရတော့ဘူး၊ နေလို့မဖြစ်တော့ဘူး၊ မြေပြိုလာတော့မယ်၊ ကုမ္ပဏီကိုမြေရောင်း ကြပြီး သူတို့ ချပေးတဲ့ နေရာကို ပြောင်းကြရအောင် ဆိုပြီး ဖိအားပေးပြီး အတင်းအကြပ် လုပ်လာတယ်၊ကုမ္ပဏီ ဘက်ကနေ လိုက်စည်းရုံးပေးနေတယ်၊ ဝန်ကြီးချုပ် လာပြီးတော့ သူ့ကို ရပ်နားခိုင်းလိုက်တယ်၊ ဒါကြောင့် ကျတော်တို့ အမြန်အဆန် နောက် လူသစ် ပြန်လဲလိုက်ရတယ်။”

မေ (၁၀)ရက်နေ့ ကျေးရွာ အုပ်ချုပ်ရေး ပြောင်းလဲသည့် အစည်းအဝေးတွင် တက်ရောက်သူ ရပ်မိရပ်ဖ အယောက် (၂၀၀)ကျော်မှ အများစု သဘောဖြင့် ဦးသိန်းဌေး နေရာ၌ အသက် (၂၈)နှစ်ရှိ ဦးခေါင်လွမ်အား အစားထိုး ခန့်အပ်လိုက်သည်။

ဦးသိန်းဌေးက ယင်းကျေးရွာတွင် ရွာသားများ ဆက်လက်နေထိုင်ရန် အန္တရာယ်ရှိသည်ဟု မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထံ တင်ပြခဲ့သည်။ ထို့ကြောင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့မှ  အဆင့်ဆင့် လာကြည့်ခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် မေလ (၈)ရက် စနေနေ့တွင် လာရောက် ကြည့်ရှုကာ ဒေသခံများ၏ ဆန္ဒကို လိုက်လျောပေးမည်ဟု ဆိုခဲ့သည်။

“ဝန်ကြီးချုပ်က ဒေသခံတွေကို ဒီရွာကို ဆက်တည််မြဲစေချင်လားလို့ မေးတယ်လေ၊ ငါတို့က တည်မြဲဖို့လိုလား တယ်လို့ တင်ပြတယ်။ သူက လက်ထောင်ဆိုတော့ အားလုံးနီးပါး လက်ထောင်ကြတယ်။ ဒေသခံတွေစိတ် ဆန္ဒအတိုင်း လုပ်ပေးမယ်လို့ ပြောခဲ့တယ်။” ဟု ဒေသခံ တစ်ဦး ပြောသည်။

ပြည့်ဖြိုးလျှံ ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီက ရွာသားများထံမှ မြေဝယ်ရာတွင် ဆုံးရှုံးခဲ့သည့် မြေဧရိယာ အကျယ်အတိုင်း မလမ် (မလင်း)ကျေးရွာ၌ မြေကွက်ပေးသည့်အပြင် ပေ ၃၀ - ၄၀ ပတ်လည် ခြံဝန်းအကျယ်ကို ကျပ်ငွေ သိန်း (၇၀) နှုန်း၊ ပေ ၄၀ - ၆၀ ပတ်လည်ကို သီးသန့် ကျပ်ငွေ သိန်း ( ၁၄၀) နှုန်း ပေးနေခြင်းဖြစ် သည်။ မြေအကျယ်အလိုက် ငွေပိုပေးသည်လည်း ရှိသည်။

“သူငယ်ချင်း တစ်ယောက်က ကျပ်ငွေ သိန်း(၂၀၀) ကျော်ရတယ်။ သူက အခု မော်စီဇာရွာ အောက်မှာအိမ် ဝယ်ပြီး သွားနေပြီ” ဟု သာယာကုန်းရွာသား တစ်ဦး၏ မိတ်ဆွေဖြစ်သူက ပြောသည်။

၎င်းကျေးရွာ၌ အိမ်ယာမြေများ လိုက်လံ ဝယ်ယူနေရာတွင် အိမ်ခြေ (၈၀)ကျော် အရောင်းအဝယ်လုပ်ပြီး ဖြစ်သည်။ ပြည့်ဖြိုးလျှံ ကုမ္ပဏီက ကျောက်စိမ်း တူးဖော်ရေး အတွက် လုပ်ကွက် ပြန်လည်လျှောက်ထား ရဦးမည် ဖြစ်သည်။

Most read this week