၀န်ကြီး ဒေါက်တာတင့်ဆွေမှ အိုင်ဇောလ်ရှိ မြန်မာပြည်သားများအား အခမဲ့ ကျန်းမာရေး စစ်ဆေး

၀န်ကြီး ဒေါက်တာတင့်ဆွေမှ အိုင်ဇောလ်ရှိ မြန်မာပြည်သားများအား အခမဲ့ ကျန်းမာရေး စစ်ဆေး
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် နေထိုင်သော အဲန်စီဂျီယူဘီ ပြန်ကြားရေးဝန်ကြီးဒေါက်တာ တင့်ဆွေသည် အိုင်ဇောလ်မြို့သို့ရောက်ရှိလာ ပြီး မြန်မာပြည်သားများအားအခမဲ့ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခဲ့သည်။

Dr-T-S

ဒေါက်တာတင့်ဆွေသည်  Burma Center Delhi နှင့်အတူ မီဇိုရမ်ပြည်နယ်ရှိ NGO အသီးသီးနှင့်မြန်မာ့ အရေးဆွေးနွေး ရန် အိုင်ဇောလ်မြို့သို့ မေလ ၅ ရက်နေ့ကရောက်ရှိလာသည့်အချိန်တွင် ယခုကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းကိုပါ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

“ဆရာကြီး အိုင်ဇောလ်ရောက်လာတာ အများကြီး ၀မ်းသာတယ်၊ ကိုယ့် စကားနဲ့ကျန်းမာရေး စစ်ဆေးရ တာဆိုတော့ စိတ်ချမ်းသာတယ်၊ ကျမဘယ်လိုပြောရမလဲ၊စိတ်ထဲမှာလည်း တမျိုးကြီးခံစားတယ်” ဟု ယက္ကန်း သည် အမျိုးသမီး တဦး ကပြောသည်။

၀န်ကြီးသည် အိုင်ဇောလ်တွင် နေထိုင်စဉ် ညနေတိုင်းတွင် လူနာများကိုကြည့်ရှုကြောင်း လူနာပေါင်း ၁၀၀ ခန့် ကျန်းမာရေး စစ်ဆေးရန်လာရောက်ပြသကြောင်း၊ အထူးသဖြင့် မြန်မာပြည်သားယက္ကန်းသမားများဖြစ်ကြ ကြောင်းသိရသည်။

“ဒီတခါ Free Clinic ပြုလုပ်တာ  လာရောက်ပြသသူ အတော်လေးများတယ်၊ ဒေါက်တာက ဇောင်းသွေ ရပ်ကွက်မှာဆိုရင် ညနေပိုင်း ၂ နာရီကစတာ  ညနေ ရနာရီကျော်ကျော်မှ ပြီးနိုင်တယ်” ဟု မြန်မာလူမှုရေး အသင်း ကော်မတီဝင်တဦးကပြောသည်။
Migran-worker1
“ကျမတို့က စကားမတတ်တော့ အိုင်ဇောလ်မှာ ဆေးခန်း၊ ဆေးရုံသွားတာသိပ်အဆင်မပြေဘူး၊ အခုလို အခ မဲ့လည်း ဖြစ်တယ်၊ မြန်မာဆရာဝန်ကိုယ်တိုင်လာရောက်ပြီး စစ်ဆေးစမ်းသပ်တော့ ကျမတို့အနေနဲ့လည်း အများကြီးဝမ်းလည်း သာတယ်” ဟု လူနာအမျိုးသမီးတဦးက ပြောသည်။

ဒေါက်တာတင့်ဆွေသည် အိန္ဒိယနိုင်ငံဒေလီမြို့တွင် မြန်မာပြည်သားဒုက္ခသည်များအတွက်ယမုံနာဆေးခန်း ကို အခမဲ့ဖွင့် လှစ်ပေးခဲ့သည်။

အိုင်ဇောလ်မြို့တွင် မြန်မာ့လူမှုရေးအသင်းဦးဆောင်မှုဖြင့်ယခင်နှစ်များတွင်ရွှေ့ပြောင်းမြန်မာအလုပ်သမား များ အကြား ယခုကဲ့သို့ Free Clinic ကို ဒေသခံ မီဇိုးဆရာဝန်များကို ပင့်ပြီး ပြုလုပ်လေ့ရှိသည်။

”ကျတော်တို့မြန်မာလူမှုရေးအသင်းအနေနဲ့ ခုလိုမျိုး Free Clinic ကိုဒေသခံဆရာဝန်တွေပင့်ပြီး ပြုလုပ် လေ့ရှိ တယ်ပေါ့ နော်၊ ခါတိုင်းဆိုဒေသခံဆရာဝန်တွေနဲ့ မြန်မာပြည်သား လူနာတွေအကြား ဘာသာပြန်ပေးရ တာတွေနဲ့အချိန်ကုန်တာ များတယ်၊ ခုတော့ လူနာတွေကလည်း ကိုယ်ဖြစ်နေတဲ့ရောဂါအခြေအနေတွေကို ဗမာလို ကောင်း ကောင်းမွန်မွန် ကိုယ်တိုင်ပြောနိုင်တယ်၊ ကြားတဲ့မှာ ဘာသာပြန်ပေးစရာလိုတော့ဘူးဆိုတော့ တကယ့်ကို အဆင်ပြေတယ်” ဟုမြန်မာ့ လူမှုရေးအသင်း လူကြီးတဦးက ပြောသည်။

၀န်ကြိး ဦးတင့်ဆွေ နှင့် Burma Center Delhi အဖွဲ့တို့သည် မေလ ၆ ရက်နေ့ကအိုက်ဇောလ်ရှိမြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသည့် ခေါင်းဆောင်များ၊ ဒေသခံအဲန်ဂျီအိုအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ လက်ရှိမြန်မာ့ နိုင်ငံရေး ၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအခြေအနေ၊ မီဇိုရမ်ရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

Most read this week