မြန်မာ ဂတ်စ် ဘင်္ဂလာဒေချ့်သို့ တင်ပို့ရေး စတင် ဆွေးနွေး

မြန်မာ ဂတ်စ် ဘင်္ဂလာဒေချ့်သို့ တင်ပို့ရေး စတင် ဆွေးနွေး
by -
ထွန်းထွန်း

မြန်မာနိုင်ငံမှ ဂတ်စ်ကို ဘင်္ဂလာဒေချ့် တင်ပို့ရေး အတွက် ယခုအခါ နှစ်ဘက် နိုင်ငံတာဝန်ရှိသူများ အကြား စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် နိုင်ငံထုတ် သတင်းစာများက ဖေါ်ပြသည်။

shweသတင်းစာများက အစိုးရ အကြံပေး အရာရှိ Dr Tawfiq-e-Elahi Chowdhury ပြောစကားကို ကိုးကားပြီး ထိုသို့ ရေးသား ဖေါ်ပြ ကြခြင်း ဖြစ်သည်။

Dr Tawfiq-e-Elahi Chowdhury က မြန်မာမှ ဂတ်စ်ကို ဘင်္ဂလာဒေချ့်သို့ တင်ပို့နိုင်ရန်အတွက် တွန်းအားပေး လုပ်ဆောင် လျှက်ရှိပြီး ဆွေးနွေးမူများကို စတင် နေပြီ ဖြစ်ကြောင်း ပြောသည်။

၎င်းပြင်သူက Tri-nation ဘင်္ဂလာ၊ မြန်မာနှင့် အိန္ဒိယ သုံးနိုင်ငံ ဂတ်စ် ပိုက်လိုင်းစီမံကိန်းကို လွန်ခဲ့သည့်နှစ်များက သဘောတူညီမှု ပျက်ပြားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလာဒေချ့်ဘက်မှ ပြန်လည် လုပ်ဆောင်ရန်သဘောတူ လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

ကီလိုမီတာ ၁၀၀၀ ရှည်လျှားသည့် မြန်မာနိုင်ငံက အိန္ဒိယသို့ တင်ပို့မည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို ဘင်္ဂလားဒေ့ချ်နိုင်ငံကို ဖြတ်ပြီး အိန္ဒိယ နိုင်ငံသို့တင်ပို့နိုင်ရန် ၂၀၀၄ခုနှစ်က အဆိုပြု တင်သွင်း ခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် အမေရိကန်ဘက် ကစီးပွားရေး ပိတ်ဆို့မှုနှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံတွင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် ဂတ်စ်ကို လျှပ်စစ်မီး အတွက်သာမက ပြည်သူများ အခြေခံ လိုအပ်ချက် ဖြစ်သော ထမင်း ချက်ပြုတ်ရာ တွင်လည်း လောင်စာ အဖြစ် အသုံးပြုနေပြီ ဖြစ်သဖြင့် ဂတ်စ်ကို သူ့နိုင်ငံ အတွက် အထူး လိုအပ် နေရာ ယခုအခါ မြန်မာနိုင်ငံမှ တင်သွင်း လိုနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပြင်တွင် ဂတ်စ်သိုက်များ အများအပြား တွေ့ရှိထားရာ အဆိုပါ ဂတ်စ်သိုက်များမှ ဂတ်စ်များကို မြန်မာ အစိုးရမှ ဒေသဖွံ့ဖြိုးရေး အတွက် တစုံတရာ အသုံးမပြုခြင်း မရှိဘဲ တရုတ် အပါအဝင် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ ဘင်္ဂလာဒေချ့်နိုင်ငံများသို့သာ တင်ပို့ ရောင်းချရန် လိုလားနေသည်ဟု သိရသည်။

Most read this week