၁၀ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်စည်ပြပွဲ ကျင်းပ

၁၀ ကြိမ်မြောက် တရုတ် - မြန်မာနယ်စပ် ကုန်စည်ပြပွဲ ကျင်းပ
by -
သျှမ်းသံတော်ဆင့်

ဧပြီ ၂၉ ရက်မှ မေ ၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသည့် ၁၀ကြိမ်မြောက် တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ် ရေး ကုန်စည်ပြပွဲကို မြန်မာဘက်ခြမ်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုံတွင် ယနေ့နံနက် ရ နာရီခွဲ၌ စတင်ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

ဖွင့်ပွဲသို့ မြန်မာဘက်မှ သျှမ်းပြည် ဝန်ကြီးနှစ်ဦးနှင့် စီးပွားကူးသန်းဒုဝန်ကြီး ဒေါက်တာပွင့်ဆန်း ၊ စီးပွားကူးသန်း ညွန်ချုပ် တို့ တက်ရောက်ကြောင်း ဖွင့်ပွဲအခမ်းအနားတက်ရောက်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြော သည်။

“တရုတ်ဘက်က ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး တက်တယ်၊ မြန်မာဘက်က သျှမ်းပြည် ဝန်ကြီးနှစ်ဦးရယ် စီးပွားကူးသန်း ဒုဝန်ကြီး နောက်စီးပွားကူးသန်းညွန်ချုပ် တက်တယ် သျှမ်းပြည် ဝန်ကြီးချုပ်က မတက်ဖြစ်ဘူး။ ကွတ်ခိုင် အထိလာပြီး ပြန် သွားတယ်” ဟု လည်းသူက ပြောသည်။

၄င်းပြပွဲ၌ တရုတ်နှင့်မြန်မာနှစ်နိုင်ငံမှ ထွက်ကုန်ပစ္စည်းမျိုးစုံကို ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ခင်းကျင်းရောင်းချနေ ကြောင်း ပြပွဲရောက် မြန်မာကျောက်မျက်ပန်းချီ အရောင်းဆိုင်ရှင် နောက်တစ်ဦးက ပြောသည်။

“တရုတ် - မြန်မာဆိုင်ခန်းအားလုံး ၃၀၀ ကျော်လောက်ရှိမယ်၊ ဗမာဘက်က ပရိဘောဂနဲ့ သစ်အချောထည် ပစ္စည်းတွေများ တယ်၊ မြန်မာ့လက်မှုပစ္စည်းတွေ ကျောက်ပန်းချီ လိုဟာမျိုးတွေပေါ့တရုတ်ကတော့လူသုံး ကုန်ပစ္စည်း လျှပ်စစ်ပစ္စည်းတွေ များတယ် ”ဟု သူက ပြောသည်။

ထို့အပြင် ထိုင်း ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရ်ှ နိုင်င်ငံများမှလည်း ဆိုင်ခန်းတစ်ခန်းစီ ဖွင့်လှစ် ပြသနေကြောင်း သိရသည် ။  “တခြားနိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယနဲ့ ထိုင်း။ ရန်ကုန်ရုံးခွဲက လာတာနဲ့တူတယ၊ ဒီမှာဆိုင်ခန်း တစ်ခန်းစီ ယူပြီး ပြထားတာတွေ့တယ် ဗမာပြည်မှာဖြန့်ချီနေတဲ့ ကုမ္ပဏီပစ္စည်းတွေရောင်းတာ ပေါ့နော်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲကို ၂၀၀၁  မှစ၍ တရုတ်နှင့်မြန်မာနိုင်ငံ နယ်စပ်မြို့များဖြစ်သော ကျယ်ဂေါင်နှင့်မူစယ် ၁၀၅ မိုင် တို့တွင် တစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပလေ့ရှိသော်လည်း ၂၀၁၀ အတွင်း ပြပွဲရက်ရွေ့ဆိုင်းလိုက် သဖြင့် ၂၀၁၁ ဧပြီလ ရောက်မှ ကျင်းပဖြစ်ကြောင်း သိရသည်။

၂၀၁၀ - ၂၀၁၁ ခုနှစ် ဘဏ္ဌာရေးနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ကျော်ရှိသည့် အနက် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံရှိပြီးတစ် နိုင်ငံ လုံးနယ်စပ် ကုန်သွယ်မှု ပမာဏ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာTimes တွင် ဖေါ်ပြထားသည်။

Most read this week