တောင်တန်းသာသနာပြု သျှမ်းဆရာတော်၏ ရွှေရတုမွေးနေ့ပွဲ စည်ကား

တောင်တန်းသာသနာပြု သျှမ်းဆရာတော်၏ ရွှေရတုမွေးနေ့ပွဲ စည်ကား
by -
သျှမ်းသံတော်ဆင့်

တောင်တန်းသာသနာပြုဆရာတော်(သို့)နယ်လှည့် တရားပြ ဆရာတော် အသျှင်သုခမိန္ဒ (ခေါ်)စဝ်ဆုခမ်း ၏ ရွှေရတု မွေးနေ့ပွဲ(အကြို) ကို ဆရာတော်၏ မွေးရပ်ဇာတိမြို့တွင် ၃ ရက်တိုင် ကျင်းပရာစည်ကားသိုက်မြိုက် ကြောင်း သျှမ်း ပြည်မြောက်ပို်င်းသတင်း ရပ်ကွက်က ဆိုပါသည်။

Sao_Su_Kham

“တန့်ယန်းမှာ ၂၄ ရက်နေ့က ပွဲစတယ်။ ၂၆ ရက်မှာရေစက်ချအမျှဝေ ပြီးဆုံးတယ်။ ပွဲတော်တော်စည်တယ်။ နာမည် ကြီး သျှမ်းအဆိုတော်အယောက် ၃၀ ကျော်လာတယ်။ ဆရာစိုင်းခမ်းလိတ်တိုှူဇနီးမောင်နှံလဲလာ တယ်” ဟု ဆရာ တော်၏ ဒကာတဦးကပြောသည်။
Jubliee_of_Sao_Su_Kham
၂၄ ရက်က ဆရာတော်အား မူစယ်မြို့မှ တန့်ယန်းသို့ ကြိုဆိုပင့်ဆောင်တော်မူပြီး ဓမ္မဂုဏ်ရည် မုခ်ဦး၊ ရွှေရတု ကျောင်းဆောင်နှင့် ဝေသန္တရာဇာတ်တော်၊ ဆရာတော်စဝ်ဆုခမ်း၏ ဘဝဇာတ်ကြောင်း တို့ပါဝင်သော ဗုဒ္ဓအနု ပညာပြခန်း ကို ဖွင့်လှစ်ကြသည်ဟုဆို၏။

“ ၂၅ ရက်နေ့ကျတော့ စဝ်ဆုခမ်းဂုဏ်ပြု အမှတ်တရ နှစ်ထပ်ကျောင်းဆောင် ဖွင့်လှစ်တယ်။ ဝေဿန္တရာ စတိုးဆိုင် လို့ခေါ်တဲ့ ဗလာမပါကံစမ်းမဲပေးကြတယ်။ ၂၆ ရက်ကျတော့ ရှင်လောင်းတွေကိုသာမဏေဝတ် ပေးကြတယ်။ အစက ၁၀၈ ပါးလို့ကြေငြာထားတာ နောက်တော့ ၁၃၅ ပါး ဖြစ်သွားတယ်။ရေစက်ချအမျှဝေ လှူဒါန်းတယ်” ဟု ဆိုပါသည်။
Years-Cover
ရွှေရတု ဝိဇာတမွေးနေ့မှ ပေးကမ်းသောအမှတ်တရပစ္စည်းများမှာ-
(၁) ရွှေရတု အင်္ကျီ (အဝါရောင်)
(၂) ရွှေရတု ဦးထုပ် (အဝါရောင်)
(၃) ဒေါက်တာဓမ္မသာမိ ဦးဆောင်စီစဉ်ထုတ်ဝေသော ရွှေရတုစာအုပ်။
သျှမ်း+မြန်မာ+အင်္ဂလိပ် သုံးဘာသာ ဖြင့်ထုတ်ဝေသော အဆိုပါစာအုပ်တွင် တောင်တန်းသာသနာပြုဆရာတော်  နှင့်ပတ်သက်သော အကြောင်းများကို အနယ်နယ်အရပ်ရပ်မှ တပည့် ဒကာများ၊ စာရေးဆရာများက ရေးသားထား သော စာမူများဖြစ်ပြီး ဆရာတော်၏ ဝိပဿနာတရားတော်များ၊ ဓမ္မဒူတခရီးမှတ်တမ်းများ ပါဝင်သည်ဟု သိရသည်။

(၄) ဆရာတော်စဝ်ဆုခမ်းကိုယ်တိုင်စီစဉ်သော ရွှေရတုမှတ်တိုင် Photo Album စာအုပ်ကိုလည်း ဆရာတော်၏ ငယ် ဘဝ ၊ ကျောင်းသားဘဝ ၊ တက္ကသိုလ်ကျောင်းသားဘဝ ၊ ရဟန်းစတင်ဝတ်ခြင်း၊ စာသင်တိုက်သို့ ပညာ သင်သွားခြင်း၊ သာသနာ့တက္ကသိုလ်တက်ရပုံ၊ သီရိလင်္ကာသို့ ပညာသင်သွားတဲ့ပုံ၊ ပြည်တွင်းသို့ကြွပြီး သာသနာ ပြုပုံများအပြင် ဆရာ တော်၏ ခရီးသွားမှတ်တမ်းပုံများ၊ သာသနာပြုဆောင်ရွက်ချက်များကို ရောင်စုံကြွေ စက္ကူဖြင့် ခန့်ခန့်ငြားငြားထုတ် ဝေ မည်ဟုလည်းသိရသည်။ စာမျက်နှာ ၄၀၀ ရှိမည်ပြီး မျက်နှာဖုံးပန်းချီကိုမူ နိုင်ငံကျော်သျှမ်းပန်းချီဆရာ စိုင်းထွန်းလှက လက်စွမ်းပြထားသည်ဟုလည်း သိရသည်။

ဆရာတော်၏ ရွှေရတုမွေးနေ့ပွဲတော်  ဖိတ်စာကိုလည်း ယခုနှစ်ဆန်းကတည်းက  အနယ်နယ်အရပ်သို့ပို့ထား ပြီးဖြစ် ကြောင်း သိရပါသည်။

တောင်တန်းသာသနာပြုဆရာတော်၏ မွေးနေ့ပွဲသို့ တန့်ယန်းဗျူဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော်ကိုယ်တိုင်နာရီဝက် ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

တန့်ယန်းမြို့၌ကျင်းပသော ဤမွေးနေ့ပွဲသို့ မရောက်ခဲ့ရသည့် ဒကာများနှင့် ပရိတ်သတ်များအတွက် ဆရာတော် ၏ စင်စစ် မေလ ၂၆ ရက်၌ကျရောက်သော ရွှေရတုမွေးနေ့ပွဲကိုမူ ဆရာတော်ကျောင်းထိုင်ရာ မူဆယ်မြို့ လွယ်တိန်ခမ်း ကျောင်းတိုက်၌ မေလ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပဦးမည်ဖြစ်ကြောင်း သိရသည်။

Most read this week