တရားဥပဒေ စိုးမိုးရေးကို တကယ်လိုချင်ပါလျှင်

တရားဥပဒေ စိုးမိုးရေးကို တကယ်လိုချင်ပါလျှင်
by -
ဦးမျိုး (ဥပဒေ)

တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ခေတ်မီ တိုးတက်သော ဒီမိုကရေစီ နိုင်ငံရေး အတွေး အခေါ်များ ပေါ်ပေါက်လာသည့်အခါအမြင်သစ် များ ရရှိလာသည်။ သက်ဦးဆံပိုင်အာဏာရှင် ဝါဒဖြင့် မတရားအုပ်ချုပ်မှု သို့မဟုတ် မင်းမဲ့စိုးမဲ့ အခြေအနေနှင့် ဆန့်ကျင် လျက် ပြည်သူလူထု အနေဖြင့်ဖြစ်စေ

တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ခေတ်မီတိုးတက်သော ဒီမိုကရေစီ နိုင်ငံရေး အတွေးအခေါ်များ ပေါ်ပေါက်လာသည့်အခါ အမြင်သစ်များ ရရှိလာသည်။ သက်ဦးဆံပိုင် အာဏာရှင်ဝါဒဖြင့် မတရားအုပ်ချုပ်မှု သို့မဟုတ် မင်းမဲ့စိုးမဲ့ အခြေအနေနှင့် ဆန့်ကျင် လျက် ပြည်သူလူထု အနေဖြင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်များအနေဖြင့်ဖြစ်စေ၊ ထိုသူတို့ ပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာများ အနေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ မတရားပြုမူဆောင်ရွက်ခြင်းကို မခံထိုက်စေရဟူ၍ဖော်ထုတ်လာကြသည်။ ဥပဒေအရာနှင့် ညီညွတ်ပြီး အနှောင်အဖွဲ့ ကင်းလွတ်သည့် မျက်နှာမလိုက်သော တရားရေးဘက် ဆိုင်ရာ ပုဂ္ဂိုလ်များ၏ အဆုံးအဖြတ်လိုအပ် သည့််စနစ်အဖြစ်ဖော်ပြကြသည်။

တရားဥပဒေ စိုးမိုးရေးတွင် အဓိက လိုအပ်ချက်မှာ တရားဥပဒေ သည် တရားမျှတ မှန်ကန်၍ သင့်မြတ်လျော်ကန်မှုရှိရမည်။ (Just and Fair) ဖြစ်ရပါမည်။ ဥပဒေဆိုသည်မှာ ကလဲ့စားချေရန် ပြဋ္ဌာန်းထားခြင်းမဟုတ်သည့်အပြင် အမှန်တရား၏ ဇာစ်မြစ်ကိုလည်း ရှာဖွေ၍ လိုအပ်သည့် ကုစားမှု(သက်သာခွင့်)ကိုပါ ရှာဖွေဖော်ထုတ်ပေးခြင်းလည်း ဖြစ်ပေသည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ်- (၇) တွင် ” မည်သူ တဦး တယောက်ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ ဂုဏ် သရေပျက်စေသော ဆက်ဆံမှုမျိုး၊ သို့မဟုတ် အပြစ်ပေးမှုမျိုး မပြုလုပ်ရ။” ဟုပြဋ္ဌာန်းထားပါသည်။

ဥပဒေသည်လည်း ဥပဒေ ဆိုရိုးစကား၊ မူများနှင့် ကိုက်ညီ မှန်ကန်မှုရှိရန် လိုက်နာကျင့်သုံးရသည်။ ”ဥပဒေသည် နောက်ကြောင်း ပြန်၍ အကျိုးသက်ရောက် ခွင့် မရှိစေရ။” ဤသည်မှာ မူဖြစ်သည်။

လူသည် လူ့ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ နေတတ်ရသလို ဥပဒေသည်လည်း ဥပဒေ ဆိုရိုးစကား၊မူများနှင့် ကိုက်ညီ မှန်ကန်မှုရှိရန် လိုက်နာကျင့်သုံးရသည်။ ”ဥပဒေသည် နောက်ကြောင်း ပြန်၍ အကျိုးသက်ရောက်ခွင့် မရှိစေရ။” ဤသည်မှာ မူဖြစ်သည်။

ပြစ်မှုကျူးလွန်နေစဉ် ကာလ၌ အတည်မဖြစ်သေးသော ဥပဒေဖြင့်သော်လည်းကောင်း၊ ပယ်ဖျက်ပြီးသော ဥပဒေဖြင့်သော်လည်းကောင်း အရေးမယူနိုင်ပေ။ လူတဦးတယောက်သည် ပြစ်မှု ကျူးလွန်စဉ် အခါ၌ အရေးယူနိုင်သည့် ဥပဒေမရှိခဲ့ပါမူ နောက်ပြုလုပ်သည့် ဥပဒေဖြင့် အဆိုပါ ပြစ်မှုကို အရေးယူဆောင်ရွက်၍ မရချေ။ 

အတည်ဖြစ်နေသော ဥပဒေ တရပ်နှင့်အညီ ပြုမူဆောင်ရွက်ချက် တခုခုအား ပြုလုပ်ခြင်းမှာ အပြစ်မဟုတ်ပေ။ သို့ရာတွင် ထိုသို့ ဥပဒေနှင့်အညီ ထိုစဉ်က ပြုမူ ဆောင်ရွက်ခဲ့ခြင်းကိုပင် အနာဂတ် ကာလ၌ ဥပဒေနှင့်မညီ၊ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်းကို ဥပဒေက ခွင့်မပြုပေ။ တနည်း အားဖြင့်ဆိုပါက အတိတ်ကာလက ဥပဒေအရ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ချက် တခုခုကို ပြုလုပ်ခဲ့ခြင်းအား ပစ္စုပ္ပန်ကာလ၌ ဖြစ်စေ၊ နောင်အနာဂတ်ကာလ၌ ဖြစ်စေ ပြဋ္ဌာန်းလိုက်သည့် ဥပဒေ ကို အသုံးပြု၍  ဥပဒေနှင့် မညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမှာ ဥပဒေကို နောက်ကြောင်းပြန် အကျိုးသက်ရောက်စေခြင်းဖြစ်သည်။

insein

ထိုကဲ့သို့ နောက် ကြောင်းပြန် အကျိုးသက် ရောက်စေခြင်းကို ဥပဒေက ခွင့်မပြုပေ။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင်ထူ ထောင်ပြီး ၁၉၉ဝ  ရွေးကောက်ပွဲနိုင်ပါတီ တရပ်အဖြစ်ရပ်တည်လာပြီးမှ နောက်ထပ်ပြဋ္ဌာန်းလာ သည့် ဥပဒေဖြင့် နောက်ကြောင်းပြန် အာဏာသက်ရောက်မှုကို မည်သည့် ဥပဒေကမှ မဆောင်ရွက်  နိုင်ပါ။ဆောင်ရွက်ရန် ပေးပို့လာသည့် အမိန့်ညွန်ကြားချက်များမှာလည်း နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ရည်ရွယ်ချက်ဖြစ်နေပါသဖြင့် ဤမူနှင့်မကိုက်ညီပါ။ သို့ဖြစ်၍ တရားမဝင် ပါ။ နောက်ကြောင်းပြန်အာဏာသက်ရောက်ေ

စရန် မည်သည့်ဥပဒေ၊ အမိန့်၊ ညွန်ကြားချက်ကမှ လုပ်ဆောင်၍ မရပါ။ ဤသို့ လုပ်ဆောင်လျှင် တရားစီရင်ရေး၏ အဓိကမူကို ချိုးဖောက်ရာရောက်ပေမည်။

မြန်မာနိုင်ငံသည် ၁၉၉၅ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ဘီကျင်းမြို့၌ ကျင်းပပြုလုပ် သော ”အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ တရားရုံးချုပ် တရားသူကြီးများ၏ ခြောက်ကြိမ်မြောက် ကွန်ဖရင့်” မှ ”လွတ်လပ်သော တရားစီရင် ဆိုင်ရာမူ သဘောထား ကြေညာချက်”ကို ထုတ်ပြန်ခဲ့သည့် လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ပြီးဖြစ်ပါသည်။

ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ အဖွဲ့သစ်များ က ယခင်က ရာဇဝတ် မဟုတ်သော အမှုများကို ရာဇဝတ်မှု ဖြစ်လာအောင် ဥပဒေသစ်များကို ဖန်တီး ရေးဆွဲခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။

ဤကြေညာချက်တွင် မြန်မာနိုင်ငံမှ တရားသူကြီးချုပ် ဦးအောင်တိုးကိုယ်တိုင် တက်ရောက်လက်မှတ်ထိုးထားခဲ့သည်ကို လက်ရှိ တရားသူကြီးများလည်းသိရှိပြီးြဖစ်ပါသည်။ ဤကြေညာချက် မူအရ ” လွတ်လပ်သော တရားစီရင်ရေး ဆိုင်ရာမူတွင် တရားရုံးများသည် တရားစီရင်ရာ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အခြားဘေး ပယောဂများ ၊ သြဇာလွှမ်းမိုးမှုများ မပါဝင်ဘဲ၊ အမှုတွင် ပေါ်ပေါက်သော အဖြစ်အပျက် အကြောင်းအရာနှင့် ဥပဒေ ပြဋ္ဌာန်းချက် အရသာလျှင် ဆုံးဖြတ်စေရမည်။” ဖြစ်ပါသည်။ ဘက်လိုက်မှု လုံးဝ ကင်းရှင်းရပါမည်။

ကိုယ့်နိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ မူများကိုလည်း လိုက်နာရပါမည်။ နိုင်ငံ တကာနှင့် ပြည်တွင်း တရားစီရင်ရေးဆိုင်မူတွင် ”မည်သည့် ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေရ”ဟူသော ကျောရိုးမူကြီးကို လုံးဝ ချိုးဖောက်၍ မရပါ။ဤသို့ ချိုးဖောက်လာပါက ဘီကျင်း သဘောတူညီချက် စာချုပ်ကို ချိုးဖောက်မှု (Frustration of Contract ) ဖြင့် သဘောတူလက်မှတ်ထိုးထားသည့် နိုင်ငံများမှ တရားသူကြီးများက အရေးယူ ဆောင်ရွက်လာနိုင်ပါသည်။ လက်ပိုက်ကြည့်နေကြမည်တော့ မဟုတ်ပါ။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် စာတမ်း အပိုဒ် ၁၁(၂) တွင်” လူတဦး တယောက်သည် ပြုလုပ်မှုကို သို့တည်းမဟုတ် ပျက်ကွက်မှုကို ပြုစဉ်အခါက ၊ ထိုပြုလုပ်မှုသည် သို့တည်းမဟုတ် ထိုပျက်ကွက်မှုသည် မိမိနေထိုင်ရာ နိုင်ငံ၏ ဥပဒေအရဖြစ်စေ၊ ပြည်ထောင် အချင်းချင်းဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ရာဇဝတ်ပြစ်မှု မမြောက်လျှင် ထိုသူအား ရာဇဝတ်ပြစ်မှု ကျူးလွန်သည်ဟု မယူဆစေရ။ ပြစ်မှုတခုကို ကျူးလွန်စဉ်အခါက ထိုပြစ်မှုအတွက် ထိုက်သင့်စေ နိုင်သော ပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်း ထားပါသည်။

အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ( I C C P R ) အပိုဒ် ၁၅ (၁) တွင် ” မည်သူမဆို မိမိပြုလုပ်သော အမှုသည် ပြည်တွင်း ဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ကျူးလွန်သော အချိန်တွင် ရာဇဝတ်ပြစ်မှု အဖြစ် ပြဋ္ဌာန်းထား ချက်မရှိလျှင်၊၎င်းအား ရာဇဝတ်(ပြစ်မှု) ကျူးလွန်သည်ဟူ၍ အရေးယူခြင်းမပြုရ။ သို့မဟုတ် ပြုမိသော ရာဇဝတ်မှုအတွက် အပြစ်မပေးနိုင်။ အကယ်၍ ၎င်း၏ ကျူးလွန်မှု နောက်ပိုင်းတွင် ဥပဒေ ပြဋ္ဌာန်းချက်အရ လျှော့ပေါ့သော ပြစ်ဒဏ်သတ်မှတ်ချက်များ ရှိလာပါက ထိုလျှော့ပေါ့ချက်ကို ခံစား ခွင့်ရှိသည်။”ဟုပြဋ္ဌာန်းထားပါသည်။

ဤသို့ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ အဖွဲ့သစ်များ က ယခင်က ရာဇဝတ်မဟုတ်သော အမှုများကို ရာဇဝတ်မှု ဖြစ်လာအောင် ဥပဒေသစ်များကို ဖန်တီး ရေးဆွဲခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။ ဥပမာအားဖြင့် အလုပ်သမားသမဂ္ဂများသည် မူလက တရား ဝင်အသင်းများ ဖြစ်ခဲ့ကြပြီး နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ထင်ရှားလာသောအခါ ထိုအသင်းများကို ”အကြမ်းဖက် အသင်း” ဟူသော အရေးပေါ်ဥပဒေထုတ်ကာ သတ်မှတ်ခံရခြင်း သို့မဟုတ် တရားဝင် နိုင်ငံရေးပါတီ တခု၏ အဖွဲ့ဝင်များကို ထိုပါတီအား မတရား အသင်း အဖြစ် ကြေညာပြီးနောက် အဆိုပါ ပါတီဝင်များကို အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေဖြင့် အရေးယူ အပြစ်ပေး ခြင်းမျိုး ဖြစ်သည်။ ဤသို့ အရေးယူအပြစ်ပေးခြင်းကို နိုင်ငံတကာက ကာကွယ်ရပါမည်။

တရားဥပဒေ စိုးမိုးမှုကို တကယ်လိုလားလျှင် ကိုယ့်ပြည်တွင်း တရားစီရင်ရေးဆိုင်ရာ ဥပဒေမူများနှင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ မူများကို မုချလိုက်နာရပါမည်။