ငလျင်ဒဏ်သင့်ဒေသ လူထုစိတ်ပိုင်းဆိုင်ရာကုသမှု အထူးလိုအပ်ဟု - SNLD ပြော

ငလျင်ဒဏ်သင့်ဒေသ လူထုစိတ်ပိုင်းဆိုင်ရာကုသမှု အထူးလိုအပ်ဟု - SNLD ပြော
by -
သျှမ်းသံတော်ဆင့်

မိုးရာသီရောက်တော့မည်ဖြစ်သော်လည်း ငလျင်ဒဏ်သင့် သျှမ်းပြည်အရှေ့ပိုင်းတွင် အိမ်အမိုးအကာများအလုံ အလောက်မရှိသေး သကဲ့သို့စိတ်ပိုင်းဆိုင်ရာကုသမှုလည်း

မိုးရာသီရောက်တော့မည်ဖြစ်သော်လည်း ငလျင်ဒဏ်သင့် သျှမ်းပြည်အရှေ့ပိုင်းတွင် အိမ်အမိုးအကာများအလုံ အလောက် မရှိသေးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာကုသမှုလည်း အထူးလိုအပ်နေကြောင်း ငလျင်ဘေးသင့်သူများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကပြောသည်။

earthquake_5
မတ်ခ်ျ ၂၄ ရက် ငလျင်ဒဏ်သင့်သည့် သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ်ခွဲသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သွားရောက်အကူအညီပေးခဲ့စဉ် လေ့လာတွေ့မြင်ခဲ့ရကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဤကဲ့သို့ပြောသည်။

“ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ ကျနော်တို့ ဥက္ကဌ ဦးခွန်ထွန်းဦးနဲ့ ကလေးမြို့အကျဉ်းထောင်ရောက်နေတဲ့ ကျနော်တို့ ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့ရဲ့ လမ်းညွှန်ချက်အရ ငလျင်ဒဏ် ဒုက္ခသည်တွေကို သွား ရောက်ကူညီဖို့ ၊ စာနာထောက်ထားပံ့ပိုးဖို့ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုတွေကနေတဆင့် ကျနော်တို့ ကို အကြောင်းကြားလာတယ်။ ကျနော်တို့လဲသျှမ်းပြည်တခွင် SNLD ပါတီဝင်တွေဆီက အလှူငွေကောက်ပြီး သွားရောက် ကူညီရတာဖြစ်တယ်”  ဟု ဦးစိုင်းလိတ်ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း SNLD ပါတီအဖွဲ့ဝင်များနှင့် အကူအညီပေးရေးဆောင်ရွက်နေသော သံဃာတော်များ၏ အကူအညီဖြင့် ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရသော တာလေ၊ မိုင်းလင်း - မအန်ခန်ရွာသားများအား SNLD မှ ငွေသား ကျပ် ၃၅ သိန်းထောက်ပံ့ကူညီနိုင်ခဲ့သည်ဟုသိရသည်။

ယခုလက်ရှိ ဒုက္ခသည်များအလိုအပ်ဆုံးမှာ အမိုးအကာနှင့် သောက်သုံးရေဖြစ်ကြောင်း သိရ၏။

“အခင်းမရှိတာတောင် အမိုးအကာက မရှိမဖြစ်ဆိုတော့ အခုလောလောဆယ် အမိုးလိုတယ်။ သောက်သုံးရေလဲ အဆောတလျင် အထူးလိုအပ်နေတယ်။ နောက်တခုက ငလျင်ဒဏ်သင့်တဲ့ ကလေးလူကြီး စိတ်ပိုင်း ဆိုင်ရာ ပြုပြင် မွမ်းမံမှု အားပေးကုစားမှုလိုအပ်နေတယ်။ အစိုးရကဘဲဖြစ်ဖြစ် အဲန်ဂျီအိုအဖွဲ့အစည်းတွေဘဲဖြစ်ဖြစ် သွားရောက် ကူညီဖို့ အလေးအနက်တောင်းဆိုချင်ပါတယ်”  ဟု ဦးစိုင်းလိတ်ကပြောသည်။

ထို့ပြင်ကူညီရေးစခန်းများလဲ မတွေ့ရတော့ကြောင်း၊ ပျက်စီးပြိုကျသည် အိမ်ပျက်အစအနများလည်း သိမ်းကျုံးမှု မပြီးသေးကြောင်း၊ အာဏာပိုင်များဖက်မှ ပြန်လည်ထူထောင်ရေး လုပ်ပေးသော်လည်းတဆင့်ပြီးတဆင့် အစိုးရစီမံ ကိန်းဖြစ်သဖြင့် အလျင်မီလုပ်ပေးနိုင်မည့်အခြေအနေမတွေ့ရကြောင်း ဦးစိုင်းလိတ်ကပြောသည်။

“ကျနော်တို့ဖက်က ၃၅ သိန်းလောက်ဘဲ ကူညီနိုင်တယ်။ နောက်နောင် ကျနော်တို့အဖွဲ့အစည်း အနေနဲ့ သော်လည်း ကောင်း တခြားအဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း ဒီထက်မက ကူညီအားဖြည့်ပေးဖို့နဲ့ အစိုးရဖက်ကလည်း ဒီထက်မကပိုပြီး ကူညီထောက်ပံ့ပေးဖို့ အကြံပြုစည်းရုံးသွားပါမယ်။ ငလျင်ဒဏ်ခံရတဲ့ လူထုအနေနဲ့လဲ စိတ်ဓါတ် အခိုင်မာ ဆုံးထားကြဖို့၊ ငလျင်ဘေးကနေ ရှောင်တိမ်းမယ့်နည်းလမ်း လေ့လာ ထားကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောကြားသွားပါသည်။

မတ်လ ၂၄ ရက်နေ့က တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲကို ဗဟိုပြုလှုပ်ခတ်သွားသော ပြင်းအား ရ ရစ်တာ စကေးရှိငလျင်ဒဏ် ကြောင့် ရွာပေါင်း ၁၀၀ ကျော်ပျက်စီးကာ လူ ၃၀၀ နီးပါးသေဆုံးခဲ့ရသည်။ ယခုလဆန်း ပိုင်းက ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ငလျင်ဒဏ်သင့်ဒေသသို့ ရောက်ရှိကာ ထောက်ပံ့ငွေပေးကမ်းခဲ့ သော်လည်း ဒုက္ခသည်များလက်ထဲ အပြည့်အဝ မရောက်ရှိကြောင်း မအန်ခန်ရွာသားများက ပြောကြသည်။