မြန်မာလေတပ် ဦးစီးချုပ် ဘင်္ဂလာဒေချ့်သို့ ရောက်ရှိ

မြန်မာလေတပ် ဦးစီးချုပ် ဘင်္ဂလာဒေချ့်သို့ ရောက်ရှိ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာ့ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းသည် ၆ ရက်ကြာ ဘင်္ဂလာဒေချ့် ခရီးစဉ်ကို ယမန်နေ့ (စနေနေ့)က စတင်ခဲ့ကြောင်း သတင်း ရရှိသည်။

myat-Hein-Burmese-militaryမြန်မာ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းအား ဘင်္ဂလာဒေချ့် လေတပ် ဒု ဦးစီးချုပ်က ဒက္ကားလေဆိပ်တွင် လက်ခံ ကြိုဆိုခဲ့သည်။ သူနှင့် အတူ မြန်မာ အဆင်မြင့် လေတပ် အရာရှိ ၆ ဦး အတူ လိုက်ပါလာခဲ့သည်ဟု သိရသည်။

ယနေ့ ( တနင်္ဂနွေနေ့) တွင် လေတပ် ဦးစီးချုပ်သည် ဘင်္ဂလာဒေချ့် ကြည်းတပ် ဦးစီးချုပ်၊ လေတပ် ဦးစီးနှင့် ရေတပ် ဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

မနက်ဖြန်တွင် ဘင်္ဂလာဒေချ့် သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရသည်။ သူ့၏ ခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြသည်။

ယခု မြန်မာ လေတပ် ဦးစီးချုပ် ခရီးစဉ်သည် ၂၀၀၈ ခုနှစ် ရေပြင်ပိုင်နက် အငြင်းပွားမူ နောက်ပိုင်း ဘင်္ဂလာဒေချ့်သို့ လာရောက် လည်ပတ်သော အဆင့်မြင့်ဆုံး စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး ဖြစ်ကြောင်း သိရသည်။

Most read this week