မြန်မာနိုင်ငံသား ၆၁ ဦး ဘင်္ဂလာဒေချ့်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံသား ၆၁ ဦး ဘင်္ဂလာဒေချ့်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံသား မွတ်ဆလင် ၆၁ ဦးကို ဘင်္ဂလာဒေချ့် အာဏာပိုင်များက နယ်စပ်မြို့ တက်ကနက်နှင့် ဒက္ကားမြို့တို့တွင်ဖမ်းဆီးလိုက် ကြောင်း ဘင်္ဂလာဒေချ့် တာဝန်ရှိသူများကပြော သည်။

ဖမ်းဆီးခံရသူ ၆၁ ဦးထဲမှ ၄၅ ဦးကို မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့်သို့ ခိုးဝင်စဉ် တက်ကနက် မြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန် ၁၆ ဦးကို ဒက္ကားမြို့တွင် ဘင်္ဂလာဒေချ့် ပတ်စ်ပို့များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများမှ မိမိတို့မှာ အလုပ်အကိုင် ရှာဖွေရန် ၀င်ရောက် လာသူများ ဖြစ်ကြောင်း ရဲအဖွဲ့သို့ ပြောကြောင်း ရဲအဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဒက္ကားမြို့တွင် ဘင်္ဂလာဒေချ့် နိုင်ငံကူး ပတ်စ်ပို့နှင့် ဖမ်းဆီးခံရသူများမှာ အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူတို့ကို စစ်ဆေးမေးမြန်းမူများ ပြုလုပ်သွားပြီး ပါ၀င်ပတ်သက်သူများကို ဖေါ်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ သူတို့ အနေနဲ့ ဘင်္ဂလာဒေချ့် ပတ်စ်ပို့ကို ဘယ်လိုရသလဲ။ ဘယ်သူတွေက နောက်ကွယ်က ပါ၀င်နေသလဲဆိုတာကို စစ်ဆေး ဖေါ်ထုတ်သွားမယ်။ ဆက်လက်ပြီး အရေးယူမူတွေ လုပ်သွားမယ်” ဟု ရဲတာဝန်ရှိသူက ပြောသည်။

Most read this week