ချင်းမိုင် (မဇ္စျိမ)။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် အခြေစိုက် တိုင်းမ်မဂ္ဂဇင်း၏ ၂ဝ၁၁ ခုနှစ်အတွက် ထုတ်ပြန်သည့် ကမ္ဘာပေါ်တွင် သြဇာလွှမ်းမိုးမှှု အရှိဆုံး ပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် ပါရှိခဲ့သည်။
တရုတ်နိုင်ငံမှ Ai Weiwei ၊ အိန္ဒိယမှ Aruna Roy၊ ဝီကီလိခ် တည်ထောင်သူ Julian Assange နှင့် Ariana Huffington ၊ Facebook တည်ထောင်သူ Mark Zuckerberg ၊ ဆယ်ကျော်သက် ပေါ့ပ်စတား Justin Bieber နှင့်အတူ တိုင်းမ် မဂ္ဂဇင်းက ရွှေးချယ်သည့် သြဇာအလွှမ်းမိုးနိုင်ဆုံး စာရင်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ ဒီမိုကရေစီအရေး လှှုပ်ရှားသူ Wang Dan က ဒေါ်အောင်ဆန်းစုကြည်အား အာရှတိုက်၏ သူရဲကောင်းနှင့် ကမ္ဘာနှင့်ချီ၍ လှံှု့ဆော်မှှုပေးနိုင်သူဟု တင်စားကြောင်းလည်း တိုင်းမဂ္ဂဇင်းက ရေးသား ထားသည်။
Wang Dan က ဒေါ်စု၏ အကြမ်းမဖက် ဒီမိုကရေစီ တိုက်ပွဲလမ်းစဉ်ကို ချီးကျူးခဲ့ပြီး “ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလုံး နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီတိုက်ပွဲရဲ့ ရှေ့တန်းမှာမားမား မတ်မတ် ဆက်လက်ဦးဆောင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။