ယခင်စစ်အစိုးရက ချမှတ်ခဲ့သည့် နိုင်ငံရေးဦး တည် ချက် (၄) ရပ်၊ စီးပွားရေးဦးတည် ချက် (၄) ရပ်နှင့် လူမှုရေးဦးတည်ချက် (၄) ရပ် စုစုပေါင်း (၁၂) ရပ် အနက် ဦးတည်ချက် စားသားအချို့ကိုပြောင်းလဲ ပြင် ဆင်လိုက်ပြီးဖြစ်ကြောင်း ဧပြီလ (၁၁) ရက်နေ့ ထုတ်ပြည်တွင်း သတင်းစာများတွင်ဖော်ပြထားပါ သည်။
နဒီမွန်(ဧပြီ-၂၁)။ ။ယခင်စစ်အစိုးရက ချမှတ်ခဲ့သည့် နိုင်ငံရေးဦးတည်ချက်(၄)ရပ်၊ စီးပွားရေးဦးတည် ချက်(၄)ရပ်နှင့် လူမှုရေးဦးတည်ချက် (၄)ရပ် စုစုပေါင်း (၁၂) ရပ်အနက် ဦးတည်ချက် စားသားအချို့ကို ပြောင်းလဲပြင် ဆင်လိုက်ပြီးဖြစ်ကြောင်း ဧပြီလ(၁၁)ရက် နေ့ထုတ် ပြည်တွင်း သတင်းစာများတွင်ဖော်ပြ ထားပါသည်။
ပြင်ဆင်လိုက်သည့် ဦးတည်ချက်များမှာ နိုင်ငံရေး ဦးတည်ချက်(၄)ရပ်မှာ (၃) ရပ်ကိုပြင်ဆင်ထားတာတွေ့ရပါသည်။
(၁) အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနေရာတွင်“အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာရေး။”
(၂) ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး နေရာတွင် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် တည်ဆောက်ရေး။”
(၃) ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး နေရာတွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး။”
စီးပွားရေး ဦးတည်ချက်(၄)ရပ်မှာတော (၁)ရပ်ကိုပြင်ဆင်ထားတာ တွေ့ရပါသည်။
(၁) စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး နေရာတွင် “စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှု နိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေး ကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး။”
လူမှုရေးဦးတည်ချက်(၄)ရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးကို “စစ်မှန်သောမျိုးချစ်စိတ်ဓါတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါရှင်သန်ထက်မြက်ရေး” တစ်ရပ်ကို ပြင်ဆင်ထားပါသည်။
ယခုတက်လာတဲ့ အစိုးရသစ်လက်ထက်တွင် ဦးတည်ချက်စာသားတွေ ပြောင်းလဲပြင်ဆင်လိုက်ခြင်းမှာ လူကလိုက်ပြီး ပြောင်းလဲ မလုပ်ကိုင်ဘူးဆိုရင် အကျိုးရှိမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နိုင်ငံခြားဆက် ဆံရေး တာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဦးညိုအုန်းမြင့်ကယခုလိုပြော ဆိုသုံးသပ်ပါသည်။
“ကျနော်အနေနဲ့ကပေါ့နော် အခုတခေတ်လဲ ဦးသိန်းစိန် အစိုးရနေပြီတော့ ကျနော်တို့တိုင်းပြည်မှာမှားယွင်းနေ တဲ့ ကိစ္စ တွေ အဲဒီစာရွက်ပေါ်မှာ ပြောင်းသလိုဘဲ သူပြောင်းဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ဘာကြောင့် လဲဆိုတော့ ဒါတွေ ဘာ တွေမှမ ပြောင်းဘဲစာသားဘဲပြောင်းမယ်ဆိုရင်ဘယ်သူ့အတွက်မှအကျိုးမရှိဘူး။ သူလည်း သူ့အစိုးရ သူနှင့်အတူ အင်မတန် သိက္ခာကျလွန်းပါတယ်။”
ပြောင်းလဲမှုတခုခုကို ရယူသည့်အခါ တစ်ဦးတည်း ၊တစ်ဖွဲ့တည်း၊ လူမျိုးတစ်မျိုးတည်း လုပ်ကိုင်ဆောင်ရွက် ခြင်းထက် အားလုံးပူးပေါင်း ဆောင်ရွက်ခြင်းဖို့လိုတယ်လို့လည်း သူကဆက်ပြောပါသည်။
“သူတစ်ယောက်တည်းတော့ လုပ်လို့မရဘူးလို့ကျတော် ထင်ပါတယ်၊ အဓိက ဗမာပြည်ရဲ့ ပြဿနာကို ပြန်ကြည့်မယ်ဆို ရင် တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကို ပြောင်းဖို့လိုသလိုဘဲ အားလုံးပါနိုင်တဲ့ နေရာတခုကို တည်ထောင်ကြည့်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေရဲ့ ပြဿနာက မြန််မာပြည်ရဲ့ အဓိကပြဿနာတခုဖြစ် ပါတယ်။ ဆိုတော့ ဒီဒီမိုကရေစီကို ပြောင်းရုံလေတခုတည်းနဲ့ ဒီစာသားတခုတည်းနဲ့ ပြောင်းရုံနဲ့ မဖြစ်ပါဘူး၊ သက်ဆိုင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့လိုလူမျိုး တွေနဲ့ သူအနေနဲ့ စဉ်းစားဖို့လိုပါတယ်။ဆက်ပြီး သူ့အနေနဲ့ “အဓိကကတော့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အင်အားစုတွေကနေပြီတော့ ဒီနအဖ ဦးသန်းရေïအ လွန်ခေတ်မှာပေါ့နော် ဗမာပြည်ရဲï့အနာဂတ်ကိုဘယ်လို သွားမလဲဆိုတဲဟာကို တွေ့ဆုံသင့်တယ်။ ဒီဟာတွေကို တွေ့ဆုံပြီဖလှယ် ပြီတော့ ဒီဒီမိုကရေစီနဲ့တိုင်းရင်းသား အင်အားစုတွေ ညီညီညွတ်ညွတ်လုပ်ပြီးတော့ ဦးသိန်းစိန်သွားမယ့်လမ်းကြောင်းကို ပိုပြီ တော့ ကောင်းအောင် ဖန်တီးသင့်တယ်လို့ ကျနော်မြင်တယ်။” လို့လည်းဆက်ပြောသွားပါသည်။