ဒေသခံ ဗုဒ္ဓဘာသာနှင့် အခြေချနေထိုင်ရန် ရောက်လာသူ ဘင်္ဂလီများ အကြား အဓိဂရုဏ်း ဖြစ်ပွား၍ အနည်းဆုံး လူ ၃ ဦးသေဆုံး

ဒေသခံ ဗုဒ္ဓဘာသာနှင့် အခြေချနေထိုင်ရန် ရောက်လာသူ ဘင်္ဂလီများ အကြား အဓိဂရုဏ်း ဖြစ်ပွား၍ အနည်းဆုံး လူ ၃ ဦးသေဆုံး
by -
ထွန်းထွန်း

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း တောင်တန်း နယ် ခါကာဆိုရီး (ဖလံထောင်) ခရိုင်တွင် ဒေသခံ မာရမာ ဗုဒ္ဓဘာသာဝင်များနှင့် အဆိုပါ ဒေသတွင် အခြေချရန် ရောက်ရှိလာသော ဘင်္ဂလီမူဆလင် များ အကြား အဓိဂရုဏ်းဖြစ်ပွားရာ အနည်းဆုံး လူ ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

ဘင်္ဂလာဒေချ့် သတင်းစာများနှင့် ဒေသ ရုပ်သံများမှ သေဆုံးသွားသူ သုံးဦးရှိပြီး သေဆုံးသွားသူများမှာ အဆိုပါ ဒေသတွင် အခြေချ နေထိုင်ရန် ရောက်ရှိ လာသူ ဘင်္ဂလီများ ဖြစ်ကြောင်း ရေးသား ဖေါ်ပြသည်။ သူတို့၏ အမည်များမှာ အာယူ အာလီ (၃၀နှစ်)၊ နော်ဝပ် အာလီ (၇၀ နှစ်)နှင့် ဆင်းနီ ချာကာ(၃၅ နှစ်)တို့ ဖြစ်ပြီး သူတို့မှာ ဘာရာပီလစ် ဘာဇားရွာမှ ဖြစ်ကြသည်။

သို့သော်လည်း ဒေသခံများ အပြောအရ ဒေသခံ မာရမာ အနည်းဆုံး ၂ ဦး သေဆုံးပြီး အိမ်အများ အပြားလည်း မီးရှို့ခံရကာ ဘုန်းကြီးကျောင်း တချို့လည်း မီးထဲပါသွားကြောင်း ပြောသည်။

မာရမာ ဗုဒ္ဓဘာသာ ကျေးရွာ ၄ ရွာ မီးလျှို့ ခံရပြီး အဆိုပါ ကျေးရွာများမှာ ရဲအောင်မြောင်ရွာ၊ မဟာမုနိရွာ၊ ရဲမြရွာနှင့် ဆီးကတ်ကျေးရွာတို့ ဖြစ်သည်။ မဟာမုနိကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာ မီးထဲပါသွားပြီး တခြား အိမ်ခြေ ၆၀ - ရ၀ ခန့် မီးရှို့ခံခဲ့ရကြောင်း သိရသည်။

ယခု အခင်း ဖြစ်ပွားရာ နေရာမှာ ခါကာဆိုးရီ ခရိုင် မာနိဆိုးရီ ဒေသဟု ခေါ်ဆိုကြောင်းနှင့် ပြဿနာ စတင် ဖြစ်ပွားပုံကို ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ပြဿနာစဖြစ်တာက လောင်းကဒူး ချောင်းထဲရှိ ဆီးကတ်ရွာက ကာရ်ဘာရီခေါ် (ကျေးရွာ ဥက္ကဌ)တောင်မြေ များမှာ ခွင့်ပြုချက်မရှိဘဲ အဝေးက ရောက်ရှိလာတဲ့ ဘင်္ဂလီ တွေက အတင်းဓမ္မ အိမ်ယာတွေ ဆောက်ပြီး နေကြတယ်။ အဲဒီကာရ်ဘာရီက မင်းတို့ငါမြေမှာ အိမ်ဆောက်လို့ မရဘူး သွားပြောတော့ နေ့လည် ၁ နာရီ လောက်မှ ပြဿနာက စဖြစ်တယ်။ အဲဒီက စပြီး ပြဿနာ ဖြစ်တော့ ခုတ်ကြ သတ်ကြတော့ လူသေတဲ့ အထိ ဖြစ်သွာတယ်။ ပီးရင် ညနေ ၃ နာရီလောက်မှာ ကုလားတွေ အုပ်စုလိုက်လာပြီးတော့ ဗုဒ္ဓဘာသာ မာရမာ ရွာတွေကိုမီးလာလျှို့တယ်။”

ယခုအခါ အဆိုပါ ဒေသတွင် ပုဒ်မ ၁၄၄ ကာဗျူး ထုတ်ထားကြောင်း သိရသည်။

“ခုလူတွေ အကြီးအကျယ် အခက်အခဲရှိနေကြပါတယ်။ အိမ်တွေ မီးထဲပါသွားတဲ့ အတွက် စားစရာ၊ နေစရာ မရှိဘူး။ အမေနဲ့သား သားနဲ့ အဖေမတွေ့ရဘဲ ဖြစ်နေကြပါတယ်။ လူတွေအားလုံး တောတောင် တွေမှာ ပုန်းအောင်း နေကြရတယ်။ ရွာကိုလည်း အရမ်းဝင်လို့ မရဘူး။ စစ်တပ်က ရွာတိုင်း မှာလုံခြံုရေး ယူထားကြတယ်။ စစ်တပ် ရှိနေတော့ လူတိုင်းက ရွာထဲ မဝင်ရဲကြဘူး” ဟု သူက ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဘင်္ဂလာဒေချ့် အစိုးရမှ စုံစမ်းစစ်ဆေးရန် နိုင်ငံတော်မှ အဆင်မြင့် အရာရှိကြီး သုံးဦးကိုစေလွှတ် ထားကြောင်းသိရသည်။ ယခုအခါ အခြေအနေမှာ ငြိမ်သက်နေပြီး ပြဿနာကို ပြေလည်အောင် ဖြေရှင်းရန် ဒေသခံ လူကြီးများ ကြိုးစား ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

စစ်တကောင်းတောင်တန်းနယ်တွင် ခါကာဆိုးရီ၊ ရကန္တာမတီနှင့် ဘင်ဒရိုဘင် ခရိုင် သုံးခုရှိပြီး အများစု လူထုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အဆိုပါ ဒေသတွင် မြေပြန့်ဒေသများမှ ဘင်္ဂလီများကို ခေါ်ယူ နေရာချ ထားပေးရာမှ မြေယာပိုင်ဆိုင်မူ ပြဿနာများ ပေါ်ပေါက်ပြီး မကြာခဏ အဓိဂရုဏ်များ ပေါ်ပေါက်နေကြောင်း သိရသည်။

Most read this week