လက်နက်အပြည့်အစုံဖြင့် ဗမာစစ်သား ၆ ယောက် RCSS/SSA ထံဝင်ရောက်ပူးပေါင်း

လက်နက်အပြည့်အစုံဖြင့် ဗမာစစ်သား ၆ ယောက် RCSS/SSA ထံဝင်ရောက်ပူးပေါင်း
by -
သျှမ်းသံတော်ဆင့်

ဧပြီ ၁၄ ရက် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့အလယ် ပိုင်း တိုင်းစစ်ဌာနချုပ် ရလခ (ယာယီ) လက်အောက်ခံ ခလရ ၁၅၂ မှ အကြပ်/တပ်သား ၆ ယောက်၊ လက်နက် ၉ လက် နှင့်အတူသျှမ်းပြည် တပ်မ တော် RCSS/SSA ထံ ဝင်ရောက်ပူးပေါင်းခဲ့သည် ဟု တိုင်းဖှရီးတမ်း ဝပ်ဆိုက်ကဆိုသည်။

spdcsurrender

အဆိုပါ လက်နက်ချ မြန်မာစစ်သား ၆ ယောက်အနက် တပ်ကြပ် တင်ကိုလှ (၂၆ နှစ်) ဦးဆောင်၍ ၎င်းနှင့်အတူ ရဲဘော် မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးသက်အောင်၊ မြင့်ချစ်ဦး တို့ ဖြစ်ကြသည်ဟုဆိုသည်။

၎င်းတို့ယူဆောင်သွားသော လက်နက်များမှာ - MA.1  လေးလက်၊ MA.2  နှစ်လက်၊ MA.3  နှစ်လက်၊ MA.4  79 ဖက်စပ် ၁ လက်၊ MA.ကျည်ကဒ် ၃၄ ခု၊ ကျည်ဆံ ၉၉၂ ဒေါင့် ပါဝင်ကြောင်း အဆိုပါ RCSS/SSA ၏ တိုင်းဖှရီးတမ်း ဝပ်ဆိုက်တွင် ဖေါ်ပြ ထားပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်များက အဆိုပါလက်နက်ချ ဗမာ့စစ်သည်များဆန္ဒအရ ကျောင်းသား တပ်မ တော် ABSDF ထံ သွားရောက်အမှုထမ်းလိုလျှင်( သို့မဟုတ်) သျှမ်းပြည်တပ်မတော်၌ အမှုထမ်းလိုလျှင်လည်း ခွင့်ပြုမည်၊ နေရပ် ပြန် သို့မဟုတ် တခြားနေရာဒေသသို့သွားရောက်အလုပ်လုပ်ကိုင်လို လျှင်လည်း တာဝန်ယူပို့ဆောင်ပေးမည်ဟု ဖေါ်ပြထားပါသည်။

burmese_soldiers

မတ်ခ်ျ ၁၃ ရက်မှ ယနေ့ထိ သျှမ်းပြည်တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရပခ၊ ရမခ လက်အောက်ခံ တပ်သား တဦးကလည်း ယခုလဆန်းပိုင်းက SSPP/SSA ထံ ပူးပေါင်းခဲ့သေးသည်ဟုလည်း မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

ဗမာစစ်သားများ ယခုကဲ့သို့ ပူးပေါင်းကြရခြင်းမှာ မိမိဆန္ဒလျောက် တပ်ထဲ ရောက်လာခြင်းမဟုတ်ဘဲ အဓမ္မဆင့်ခေါ်လိမ်ညာခံရ ခြင်း၊ မတရားသော စစ်ကိုကျူးကျော်တိုက်ခိုက်နေရခြင်း၊လက်အောက်ငယ်သား များအား အထက်အရာရှိအဆင့်ဆင့်က ဖိနှိပ် ဆက်ဆံခြင်းများကြောင့်ဖြစ်သည်ဟု အဆိုပါရဲဘော်များ ပြောကြား ချက် ကိုးကား၍ တိုင်းဖှရီးတမ်း ဝပ်ဆိုဒ်က ဆိုသည်။

Most read this week