ချင်းပြည်နယ်အစိုးရတွင်ဝန်ကြီး ၈ ဦးသာခန့် အပ်၊ တဦးနေရာလစ်လပ်နေ

ချင်းပြည်နယ်အစိုးရတွင်ဝန်ကြီး ၈ ဦးသာခန့် အပ်၊ တဦးနေရာလစ်လပ်နေ
by -
ခိုနူမ်းထုန် သတင်းဌာန

အသစ်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အသီးသီးတွင် ၀န်ကြီး ၉ ဦးစီရှိကြသော် လည်း ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ၀န်ကြီး ၈ ဦးသာရှိသည်ကိုတွေ့ရသည်။

ယခုကဲ့သို့ ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ၀န်ကြီး ၈ ဦးသာခန့်အပ်ခြင်းမှာ ၀န်ကြီးချူပ်ဦးဟုန်းငိုင်းမှ ၀န်ကြီးအဖြစ် အဆို တင်သွင်းသောကြံ့ခိုင်းရေးပါတီ ကန်ပက်လက်မဲဆန္ဒနယ်မြေမှ အရွေးခံံရသူ ဦးကွီထန်းကို ချင်းအမျိူးသားပါတီ နှင့် ချင်းတိုး တက်ရေးပါတီ လွှတ်တော်အမတ်များကကန့်ကွက်ခဲ့ပြီး ပယ်ချခံခဲ့ရသောကြောင့် လစ်လပ်သွားခြင်း ဖြစ်နိုင် သည်ဟုချင်းနိုင်ငံရေးသမားများက ဝေဖန်နေကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့်သူမှာ အသက် ၃၅နှစ်ပြည့်ပြီး သူဖြစ်ရမည်ဟု ဖော်ပြထားသောကြောင့် အသက် ၃၅ နှစ်မပြည့်သေးသော ဦးကွီထန်းကို ၀န်ကြီးအဖြစ် ခန့်အပ်ခွင့်မရှိဟုဆိုကာ ချင်းနှစ်ပါတီ လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ကြပြီး ပြန်လည်ပျယ်ချ ခံခဲ့ရခြင်းဖြစ်သည်။

လစ်လပ်သွားသည့် ၀န်ကြီးတစ်နေရာအတွက် ၀န်ကြီးချုပ်ဦးဟုန်းငိုင်းက အစားထိုးခန့်အပ်ခြင်းမရှိဘဲ ဦးကွီထန်းအသက် ၃၅ နှစ်ပြည့်မြောက်လာပါက သူ့ကိုပြန်လည်ခန့်အပ်ဖို့စီစဉ်နေခြင်းဖြစ်နိုင်ကြောင်း ချင်းပြည်နယ်အဲန်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဌဦးဗန်လျံက သုံးသပ်သည်။

ထို့အပြင် ချင်းပြည်နယ်၊ကယားပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လွဲ၍ တခြားတိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီး ဌါနတွင် ကျန်းမာရေး နှင့် ပညာရေး ၀န်ကြီး ဌါန ကိုထားရှိကြသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဦးဗန်လျံက ” ဦးကွီထန်းက အသက် ၃၅ နှစ်ပြည့်ဖို့၁၇ ရက်လိုသေးလို့ စီပီပီ နှင့်စီအဲန်ပီအမတ် တွေက ကန့်ကွက်လိုက်တယ်၊ ယခုလူမှုရေးဝန်ကြီးကပဲ ကျန်းမာရေး နှင့် ပညာရေး ၀န်ကြီးဌာနကို တွဲကိုင်မလား၊ဒါမှ မဟုတ် ဦးကွီထန်းအတွက်ပဲ ရာထားသလား မပြောတတ် ဘူး”ဟုပြောသည်။

ကျန်းမာရေး နှင့် ပညာရေးဝန်ကြီးဌါနမရှိသော ချင်း၊ကယား နှင့် ပဲခူးတို့ကို ဗဟိုအစိုးရမှ ကျန်းမာရေး၊ ပညာရေးနှင့် ပတ်သက်၍ တိုက်ရိုက်ကိုင်တွယ်ဖွယ်ရှိသည်ဟုလည်း ဝေဖန်သုံးသပ်နေကြသည်။

ချင်းတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး(၂)ဦးရှိန်ထွန်းက ”ကျနော်တို့အနေနဲ့မှန်းရတာ တော်တော်ခက်ပါ တယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထဲမှာ ကိုးဦးရှိရမယ်ပေါ့နော် ဒါပေမဲ့အခုလောလောဆယ် ရှစ်ဦးထဲရှိတဲ့အခါကျတော့ ကျနော်တို့မှန်းရတဲ့သဘောကတော့   နိုင်ငံတော်အစိုးရ ကနေပြည်ထောင်စု ဘက်ကို တွဲပြီးကိုင်ခိုင်းမယ့်သဘောမှာ ရှိနေ တယ်လို့ခန့်မှန်းရတယ်” ဟုပြောသည်။

ချင်းပြည်နယ်၏ဝန်ကြီးဌါန ၈ ခုတို့မှာ (၁) လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌါန (၂) ဘဏ္ဍာရေး နှင့် စီမံကိန်း ၀န်ကြီးဌါန (၃)  စီးပွားရေးဝန်ကြီးဌါန (၄) စိုက်ပျိူးရေးဝန်ကြီးဌါန (၅) စွမ်းအင်၊လျှပ်စစ်၊သတ္တု နှင့်သစ်တော ၀န်ကြီးဌါန (၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေးဝန်ကြီးဌါန (၇) လူမှုရေးဝန်ကြီးဌါန (၈)  စီမံခန့်ခွဲရေးဝန်ကြီးဌါန နှင့် စက်မှုလက်မှုဝန်ကြီးဌါနတို့ဖြစ်သည်။