မြန်မာစစ်တပ် ကျူးကျော်စစ်တွင် လူ့အခွင့်အရေး ချိုးဖောက်နေမှု သျှမ်းလူမှု လှုပ်ရှားအဖွဲ့များကန့်ကွက်

မြန်မာစစ်တပ် ကျူးကျော်စစ်တွင် လူ့အခွင့်အရေး ချိုးဖောက်နေမှု သျှမ်းလူမှု လှုပ်ရှားအဖွဲ့များကန့်ကွက်
by -
သျှမ်းသံတော်ဆင့်

အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့သည့်တိုင် မြန်မာ စစ်အုပ်စုက အသွင်ပြောင်းရေးငြင်းဆန်သည့် သျှမ်းပြည်တပ်မ တော်မြောက်ပိုင်း ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် SSPP/SSA အားထိုးစစ်ဆင် တိုက်ခိုက်နေချိန်စစ်ပြေး ဒုက္ခသည်များအပေါ် လည်းလူ့အခွင့်အရေးချိုးဖောက်နေ မှုနှင့် ပါတ်သက်၍ ထိုင်းနယ်စပ်အခြေစိုက်သျှမ်းလူမှု အသိုင်းအဝိုင်း အခြေပြုအဖွဲ့အစည်းများက ကန့်ကွက်ရှုပ်ချသည့် ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ သည်။

SHRF-newsletterဧပြီလ ၁၂ ရက်နေ့ ရက်စွဲပါထုတ်ပြန်ကြေငြာချက်တွင် စာမျက်နှာ ၈ မျက်နှာပါရှိပြီး မြန်မာစစ်အုပ်စုက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်၍ သျှမ်းပြည်မြောက်ပိုင်း ဒေသအတွင်း ပြည်သူ လူထု အပေါ် ဖိနှိပ်ရက်စက် ညဉ်းပမ်းသတ်ဖြတ်ကာ  စစ်ရာဇဝတ်မှုများ ကျယ်ပြန့်စွာ ကျူးလွန်နေခြင်း အပေါ် သျှမ်းလူမှုအခြေပြု အဖွဲ့အစည်းများမှ ကန့်ကွက်ရှုပ်ချ လိုက်ခြင်းဟု အမည်ပေးထားသည်။

သျှမ်းကျန်းမာရေးကော်မတီ (SHC)၊ သျှမ်းလူ့အခွင့်အရေးမဏ္ဏိုင်(SHRF)၊ သျှမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုး ရေးကော်မတီ(SRDC)၊ သျှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့(Shan SAPAWA)၊ သျှမ်းအမျိုး သမီးရေးရာ လှုပ်ရှားကွန်ယက်(SWAN)၊ သျှမ်းလူငယ့်အားမာန်အဖွဲ့ (SYP)တို့ပူးပေါင်းထုတ်ပြန်သော ထိုကြေငြာချက် ၏ နိဂုံးတွင်မူ “သျှမ်းပြည်တွင်း စစ်မက်ဖြစ်ပွါး နေချိန် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ပြေးဒုက္ခ သည် စခန်းများကိုထောက်ပံ့နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များအားဖြတ်တောက် ခြင်း လျှော့ချခြင်းများ မပြုရန်” လည်း တိုက်တွန်း ပန်ကြားထားသည်။

မတ်ခ်ျလ ၁၃ ရက်မှ ဧပြီလ ၆ ရက်နေ့အထိ သျှမ်းပြည်တပ်မတော်နှင့်ဗမာစစ်တပ်အကြား တိုက်ပွဲပေါင်း ၆၅ ကြိမ်ဖြစ်ပွါးခဲ့ရာ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ လားရှိုး၊ ကျေးသီး၊ သီပေါ၊ ကျောက်မဲမြို့နယ်များအတွင်း ဖြစ်ပွါးခဲ့ကြောင်းမြေပုံနှင့်တကွ ဖော်ပြထား သည်။

ထို့ပြင် တိုက်ပွဲကာလ စစ်ပြေးဒုက္ခသည်များအား မုဒိန်းကျင့်သတ်ဖြတ်၊ လုယက်ရိုက် နှက်ခြင်း စသည့် မြန်မာစစ်တပ်၏ လူ့ အခွင့်အရေးချိုးဖောက်မှုကိုလည်း စုစည်းတင်ပြထားရာ စစ်မြေပြင်မှဒုက္ခသည်များ အဓိကခံစားခဲ့ရ ကြောင်း အဆိုပါ ကြေငြာချက်တွင်တွေ့ရသည်။

တိုက်ပွဲကာလအတွင်း မုဒိန်းကျင့်ခံရသည့် ကျေးလက်အမျိုးသမီးများအနက်  - မတ်လ ၂၁ ရက် ညက နမ့်ပေါင်အခြေစိုက် ခမရ ၂၉၁ နှင့် ခလရ ၃၃ (မိုင်းကောင်ဝ်)မှ ပူးပေါင်းတပ်ဖွဲ့တို့ အုပ်စုလိုက် တညလုံး အလှည့်ကျ မုဒိန်းကျင့်သည့် (မီးဖွားပြီး ၁ လသာရှိသေးသည့်) တန့်ယန်းမြို့နယ် မိုင်းကောင်ဝ်အုပ်စု နမ့်လောင်းရွာသူတဦး(အသက် ၃၀ နှစ်) မှာ သေဆုံးခဲ့ရသည်။

ထုတ်ပြန်ကြေငြာချက်ကို မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ သျှမ်း၊ တရုတ် ၅ ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။ အသေး စိတ်အချက်အလက်ကို www.shanhumanrights.org တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သကဲ့သို့ -
(၁) စိုင်းနွံ        - ++ ၆၆ ၈၆ ၉၆၉ ၃၂၉၃
(၂) ယိင်းကော်တိုင်း    - ++ ၆၆ ၈၂ ၃၈၉ ၂၂၈၉
(၃) ယိင်းဇမ်ဟွမ်    - ++ ၆၆ ၈၅ ၁၀၇ ၁၄၅၂    သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း ဖော်ပြထား       ပါသည်။

Most read this week