မြန်မာအစိုးရသည် တနင်္သာတိုင်း နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ၎င်းတို့၏ စစ်တပ်များအတွက် ဘာသာစကား နားလည် တတ်ကျွမ်းမှုရှိရန်ကမ်းရိုး တန်းဒေသ စစ်ဌာနချုပ် (ကရခ) မြိတ်မြို့တွင် ဧပြီလ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ရက်နေ့အထိ ၂ လတိတိ ဘာသာစကားသင်တန်း သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှလာသည့် သတင်းများအရ သိရသည်။
တနင်္သာရီ နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရာ၌ ဘာသာစကား တတ်ကျွမ်းနားလည်စေရန်ရည်ရွယ် သည့် အဆိုပါသင် တန်းတွင် ကရင်နှင့် ထိုင်းဘာသာစကားကို သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက် ရန်အတွက် တနင်္သာရီတိုင်းတွင် လှုပ် ရှားနေသည့် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ)နှင့် စစ်ဗျူဟာ(စဗဟ)လက်အောက်ခံ တပ်ရင်းအားလုံးမှ တပ်ရင်း ၁ရင်းကို ဒုဗိုလ် အဆင့်ရှိ အရာရှိ ၂ဦးစီ မပျက်မကွက် စေလွှတ်ရန် ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ်(ကရခ)မှ ပြီးခဲ့သည့် ဧပြီလ ၁၀ရက် နေ့ကညွှန်ကြား လိုက်သည်ဟု စစ်တပ်သတင်းရပ်ကွက်အရ သိရသည်။
တနင်္သာရီတိုင်းမှ အစိုးရစစ်တပ်နှင့် နီးစပ်သူတဦးက “ကရခ အမိန့်နဲ့ ၁၄ရက်နေ့နောက်ဆုံးတိုင်းစစ်ဌာနချုပ် မြိတ်ကို အားလုံး အရောက်သွားရမယ်။ ရည်ရွယ်ချက်ကတော့ နယ်စပ်ဒေသမှာ ထိုင်းတွေနဲ့ ကိစ္စတခုခု ပေါ်လာလို့ရှိရင် တွေ့ဆုံဆွေးနွေးလို့ရ အောင်ရယ်။ ဒေသခံလူထုတွေကို စည်းရုံးဖို့အတွက်ပဲ ဖြစ်တယ်။”ဟု ပြောသည်။
အစိုးရစစ်တပ်မှ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို စုံစမ်းထောက်လှမ်းရာ တွင် ထိုင်းဘက်ခြမ်း ဖြစ်စေ၊ မြန်မာပြည်တွင်းက ကရင်လူထုများအကြားဖြစ်စေ ၎င်းတို့လူများကိုမြှုပ်နှံ ထားနိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဘိတ်/ ထားဝယ်ခရိုင်၏အတွင်းရေးမှူး ပဒိုစောသောသီဖေက ပြောသည်။
“ကျနော်တို့ သိရတဲ့အတိုင်းဆိုလို့ရှိရင် ဒါတွေဟာ ထောက်လှမ်းရေးအသိုင်းအဝိုင်းကလာတဲ့လုပ်ဆောင်ချက် တွေ ဖြစ်တယ်။ ဆိုလိုချင်တာက ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက်သူတို့လူ တွေ ကို လူထုတွေအကြားမှာ မြှုပ် နှံထားဖို့ပါပဲ။”ဟု ၎င်းက ပြောသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည့် စစ်တပ်များအားဘာသာစကားသင်ကြား ပို့ချမှုကို ယခင်က ရန်ကုန်မြို့ရှိ စစ်ဌာနချုပ်ရုံးများတွင် ဌာနဆိုင်ရာများမှ စုပေါင်း၍သင်ကြားပို့ချပေးခဲ့သော် လည်း လွန်ခဲ့သည့် ၃နှစ်ကစပြီး သက်ဆိုင်ရာ ဒေသအလိုက် စတင် သင်ကြားပို့ချလာခဲ့ခြင်းဖြစ်သည်။