နယူးဒေလီ (မဇ္စျိမ) ။ ။ ကျန်းမာရေးချို့တဲ့ လျက်ရှိသည့် စာရေးဆရာကြီးများအား ငွေကြေး ထောက်ပံ့ လှူဒါန်းပွဲအခမ်းအနားကို စနေနေ့ နံနက်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း (ဘားလမ်း) ရှိ စီးတီးစတား ဟိုတယ် တွင်ကျင်းပ ခဲ့သည်။
ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာကြီးနတ်နွယ်၊ ဆရာကြီးဒေါက်တာငွေစိုးတို့ကို တဦးလျှင် ငွေကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် မတ်လ ၂၂ ရက်နေ့က အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ UAE ဒူဘိုင်းမြို့နှင့်အဘူဒါဘီမြို့ အခြေစိုက် ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းမှ စီစဉ်သော ပထမအကြီမ် စာပေဟောပြောပွဲကို ဒူဘိုင်းမြို့ AL NOOR CENTER တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာချစ်ဦးညိုနှင့် ဆရာအော်ပီကျယ်တို့ကဟောပြောခဲ့ ကြသည်။
ယင်းဟောပြောပွဲတွင် စာရေးဆရာများ အမှတ်တရ လက်မှတ်ထိုးထားသော စာအုပ်များ ရောင်းချခဲ့ရာရရှိသော ငွေကြေးများကို ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်။
ဆရာကြီးနတ်နွယ်မှာ ကျန်းမာရေးအခြေအနေအရ အခမ်းအနားသို့ ကိုယ်တိုင် မလာရောက်နိုင်ခဲ့ပေ။