ရခိုင်သားကြီး ကိုလှမြင့်နဲ့ ရန်ကုန် ရခိုင် သင်္ကြန်ကိစ္စ လျှပ်တပြက် အင်တာဗျူး

ရခိုင်သားကြီး ကိုလှမြင့်နဲ့ ရန်ကုန် ရခိုင် သင်္ကြန်ကိစ္စ လျှပ်တပြက် အင်တာဗျူး
by -
စံလင်း

ရန်ကုန်မှာ ကျင်းပမယ့် ( ၈) ကြိမ်မြှောက် ရခိုင် သင်္ကြန်နဲ့ ပတ်သက်ပြီး ကျင်းပရေး ကော်မီတီ အတွင်းရေးမှူး ရခိုင်သားကြီး ကိုလှမြင့်နဲ့ ဖုံးထဲက တဆင့် လျှပ်တပြက် အင်တာဗျူး ရရှိခဲ့ပါတယ်။

နိရဥ္စရာ။ ။ ဒီနှစ် ရခိုုင်သင်္ကြန်က ရန်ကုန်မှာ ကျင်းပမှာပါလား။

ကိုလှမြင့်။ ။ ကျင်းပမှာ ဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက်ကနေ ၁၆ ရက်ထိ် ကျင်းပမှာဖြစ်ပါတယ်။ နံသာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲနှင့် သင်္ကြန်အဖွင့်ပွဲနေ့မှာ ရခိုင်ရိုးရာ အကပဒေသာ အစီအစဉ်တွေနဲ့ မနှစ်ကလိုဘဲ အပြည့် အစုံ ကျင်းပမှာ ဖြစ်ပါတယ်။ ရေကစား မဏ္ဍပ် ကတော့ ၁၀ ခုထိ ပါ၀င်မှာ ဖြစ်ပါတယ်။

Rakhine-Rangon-water-festival
နိရဥ္စရာ။ ။ ရန်ကုန် ရခိုင်သင်္ကြန်က ရခိုင်လူမျိုးအတွက် ဘယ်အတိုင်းအတာထိ အရေးပါတယ်ဆိုတာ နည်းနည်းရှင်းပြပေးပါလား။

ကိုလှမြင့်။ ။ ရန်ကုန်မှာ ရောက်နေတဲ့ ရခိုင်သား လူဦးရေ သိန်းချီပြီး ရှိနေပြီ။ ရခိုင်သင်္ကြန်ဆိုတာ ကိုယ်လူမျိုး ကိုယ်ဘာသာ ယဉ်ကျေးမူ အစဉ်အလာ ဓလေ့ထုံးစဉ်တွေကို ထိန်းသိမ်း စောက်ရှောက်တဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ကရှိတဲ့ မြို့နယ်အားလုံး ပါဝင်တဲ့ အတွက် ဒီရခိုင်သင်္ကြန်ဟာ ရန််ကုန်နေ အဝေးရောက် ရခိုင်သားတွေအတွက် အလွန်တရာမှ အရေးကြီးတဲ့ ယဉ်ကျေးမှု ပွဲတော်တခုဖြစ်ပါတယ်။

နိရဥ္စရာ။ ။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုကော ပြောပြလို့ ရနိုင်မလား။

ကိုလှမြင့်။ ။ ကျနော်တို့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီးက ရခိုင်ယဉ်ကျေးမူ အစဉ်အလာတွေကို ထိန်းသိမ်းဖို့၊ ဖော်ထုတ်ဖို့ ၊ စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ ရယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်တာပါ။ ရခိုင့် ယဉ်ကျေးမှုကို ကျနော် ထိန်းသိမ်းတယ်၊ ရခိုင်ယဉ်ကျေးမှုတွေ ပျောက်ကွယ် သွားတာတွေကို ကျနော်က နိုင်သလောက် ဖော်ထုတ်တယ် - စတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပြုလုပ် ရတာဖြစ်ပါတယ်။”

ယခုနှစ် ၈ ကြိမ်မြှောက် ရခိုင်သင်္ကြန်ကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ ဦးစီးကျင်းပမည် ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို ဧပြီ လ ၁၂ ရက် ညနေ ၃ နာရီမှ စတင်ကာ ဧပြီလ ၁၆ ရက်အထိ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူကားမောင်းသင်ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

Most read this week