မြန်မာ တောင်ပေါ်သားများ ဘင်္ဂလာကို ၀င်ရောက် ဓါးပြတိုက်

မြန်မာ တောင်ပေါ်သားများ ဘင်္ဂလာကို ၀င်ရောက် ဓါးပြတိုက်
by -
မောင်အေး

မြန်မာနိုင်ငံဘက်မှ တောင်ပေါ်သား အဖွဲ့တခု သည် ဘင်္ဂလာဒေချ့် နိုင်ငံ ဘက်သို့ဝင်ရောက်ပြီး နယ်စပ်ဒေသ တွင် တည်ရှိသော မြံုခေါ်(ထရိပူရ) ကျေးရွာ တရွာကို ၀င်ရောက် ဓါးပြ တိုက်သွား ခဲ့ကြောင်း သတင်း ရရှိသည်။

Mro-Womanဓါးပြ အဖွဲ့မှာ မြန်မာနိုင်ငံသား ခမီးအမျိုးသားများ ဖြစ်ကြပြီး ယခုလ ၃ ရက်နေ့က မြန်မာဘက်မှ နယ်စပ်ကို ဖြတ်ကျော်ပြီး စစ်တကောင်းတောင်းတန်း တောင်ဘက်ပိုင်း ဘင်ဒရာဘင်ခရိုင် တန်းဆိတ်မြို့နယ် သစ်ပုတ်ချေ ကျေးရွာကို ၀င်ရောက်တိုက်သွားခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာမှာ မြံုအမျိုးသားများနေထိုင်သည့် ကျေးရွာ ဖြစ်ကာ အိမ်ခြေ ၃၀ ခန့်ရှိပြီး ရခိုင်ပြည်နယ်ဘက်မှ လူသွား လူလာများသည့် ပလက်ဝမြို့နယ်နှင့် မျက်နာချင်းဆိုင် တွင် တည်ရှိသည့် မော်တုတ်ကြီး ဒေသ၌ တည်ရှိသည်။

မော်တုတ်ကြီး စျေးမှ ဒေသခံ တစ်ဦးက "ညဉ့် ၁၂ နာရီခန့်မှာ ဓါးပြ တိုက်တာ ဖြစ်ပါတယ်။ ဓါးပြက စုစုပေါင်း ၅ ယောက်ပါတယ်လို့ ပြောပါတယ်။ ရွာထဲက ချမ်းသာတဲ့ မြံုအမျိုးသား ဘီရိုင်ကျောင်းဆရာ အိမ်ကို ၀င်ပီးတိုက် တာပါ။ အိမ်ရှင်ကို ဓါးနဲ့ထိုးတဲ့အတွက် ဒဏ်ရာရတယ်၊ သေတော့မသေဘူး။ အခုသူ့ကို မော်တုတ်ကြီး စျေးတန်းခေါ်ယူပြီး ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီ စခန်းက ဆေးတွေကုသပေးထားတယ် "ဟု ပြောသည်။

ဓါးပြများနှင့် လုံးထွေးသတ်ပုတ်ခဲ့သည့်အတွက် ကျောင်းဆရာ ဘီရိုင်မှာ လက်နှစ်ဘက် စလုံးတွင် ဒဏ်ရာ ရရှိ ခဲ့ပြီး ညာဘက်လက်တွင် ဒဏ်ရာပြင်းထန်သည်။ ၎င်းပြင် ကျောကုန်း နှင့် ရင်ဘတ်များတွင်လည်း ဒဏ်ရာ ရရှိ သွားခဲ့ကြောင်း သိရသည်။

ဒေသခံများ အပြောအရ ဓါးပြတိုက်နေစဉ် ကျေးရွာသားများ ၀ိုင်းလိုက်လာသဖြင့် သေနတ် ၂ ချက် ပစ်ဖေါက်ကာ ဓါးပြများ ထွက်ပြေးသွားကြောင်း သိရသည်။

ဓါးပြများမှာ ပလက်ဝမြို့နယ်မှ ခမီးအမျိုးသားများဖြစ်ကြောင်းနှင့် ဓါးပြတိုုက်စဉ် အတွင်း လုပ်သေနတ် ၂ လက် နှင့် ဓါးရှည်များ ကိုင်ဆောင်ထားသည်ဟု မျက်မြင်များကပြောသည်။

Most read this week