အာဆီယံပါလီမန် အဖွဲ့ ၀င်ရန် မြန်မာကြိုးပမ်း

အာဆီယံပါလီမန် အဖွဲ့ ၀င်ရန် မြန်မာကြိုးပမ်း
by -
ကချင်သတင်းဌာန

ALPA ၏ တင်းပြည့် အဖွဲ့ဝင် အဖြစ်ပါဝင်ရန် ဧပြီ ၂ ရက်မှ ၅ ရက်နေ့ အထိ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် တစ်ဦးက ပြောသည်။

aipa

ကိုယ်စားလှယ် အဖွဲ့တွင် ရန်ကုန်မြို့တော်ဝန်  သံအမတ်ဟောင်း ဦးလှမြင့် (ဗိုလ်မှူးချုပ်ဟောင်း)မှ ဦးဆောင်ကာ လူဝန်မှုကြီးကြပ်ရေး ဦးစီးဌာန(လဝက)မှ ညွန်/ချုပ် ဦးခင်မောင်သန်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ဒုက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးခက်ထိန်နန်(စဒက)တို့ ပါ၀င်သည်။

အာဆီယံပါလီမန် အမတ်များ ညီလာခံ (AIPA) သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ပြည်ထောင်စု လွှတ်တော်နယကမှ ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူခဲ့ရာတွင် မတ် ၂၈ရက်နေ့ ၌ ပြည်ထောင်စုလွှတ်တော်က  သဘောတူကြောင်း ကြေညာခဲ့သည်။

အာဆီယံပါလီမန် အမတ်များ ညီလာခံ တွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလိပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများ ပါဝင်ပြီး မြန်မာနိုင်ငံ ၀င်ခွင့်ရပါက နံပါတ် အဖွဲ့ဝင် (၉) ဖြစ်လာမည်။

အာဆီယံနိုင်ငံ ၁၀ နိုင်ငံတွင် ဘရူနိုင်းနိုင်ငံ တစ်ခုသာ အဖွဲ့ဝင်ထဲ မပါရှိပေ။

Most read this week