ချင်းလွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများမှ တခုကိုသာ လွှတ်တော်က အတည်ပြုနိုင်ခဲ့

ချင်းလွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများမှ တခုကိုသာ လွှတ်တော်က အတည်ပြုနိုင်ခဲ့
by -
ခိုနူမ်းထုန်

ကျင်းပပြီးစီးသွားသည့် ပထမအကြိမ် အမျိူးသား နှင့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်မှ  လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် အဆိုပေါင်း ၁၅ ခုခန့်တင်သွင်း နိုင်ခဲ့ သော်လည်း အဆို ၁ ခုကိုသာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။

အတည်ပြုပေးခဲ့သည့် ယင်းအဆိုမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဦးပေါ်လျှံလွင်(ချင်းတိုးတက်ရေး ပါတီ)၏ ‘ချင်းပြည်နယ်တွင် ဆရာဝန်များ လိုသောဒေသများ သို့ စေလွှတ်ပေးပါရန်’ အဆိုဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် ပုံမှန် အစည်း အဝေး များတွင်တင်သွင်းခဲ့သည့် အဆို စုစုပေါင်းမှာ ၃၃ ခု ရှိကြောင်းသိရပြီး ယင်းအနက် ငါးခုကိုသာ အတည်ပြုနိုင် ခဲ့ကြောင်းသိရသည်။

Hlauttaw

ပြန်ရုပ်သိမ်းခံရသည့် ချင်းပြည်နယ်မှ အမျိူးသား နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များတင်သွင်းခဲ့ သော အဆို တချိူ့မှာ -

ချင်းအမျိူးသားပါတီမှ ဟားခါးမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်တော် ဦးစတီဗင်သာဘိတ်က  ”လက်ရှိပညာ ရေးစနစ်ကို ကျွမ်းကျင်ပညာရှင်အဖွဲ့၊ အတွေ့အကြံု ရှိ သောပုဂ္ဂိုလ်များဖြင့်ဘုတ်အဖွဲ့တစ်ခုဖွဲ့ စည်းပြီး ပြန်လည် သုံးသပ်ရန်” အဆို နှင့် ”ကျန်းမာရေးကဏ္ဍတွင် စောင့်ရှောက်မှုအားနည်းနေသဖြင့် အတွေ့အကြံုရှိသော ပညာရှင် များ ဖြင့် ဘုတ်အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အကောင်းဆုံးနည်းလမ်း ချမှတ်ဆောင်ရွက်ပေးနိုင်ရန်” အဆိုကို တင်သွင်းသည်။

ချင်းတိုးတက်ရေးပါတီမှ မတူပီမြို့နယ် အမျိူးသားလွွှတ်တော်ကိုယ်စားလှယ်တော် ဦးပေါ်လျှံလွင်တက ”ချင်းပြည်နယ်တွင် သင့်တော်သောဒေသ၌ ကောလိပ်ကျောင်း ဖွင့်လှစ်ပေးနိုင် ပါရန်”၊  ပလက်ဝ နှင့် မတူပီမြို့ ကို ဆက်သွယ်သော ကားလမ်းအား အမြန်ဆုံး တည်ဆောက်ပေးရန် ၊ ဂန့်ဂေါမြို့ နှင့်ရေဇွာမြို့အကြားကား လမ်းအား ဆယ့်နှစ်ရာသီ သွားနိုင်အောင်ပြုပြင်ပေးနိုင်ရန်နှင့်အရှေ့ဂန်ဂေါ နှင့် အနောက် ဂန့်ဂေါကြားရှိ ကြိုးတံတားအား ကားသွားနိုင်သောတံတားအဖြစ် ပြုပြင်ပေးရန် နှင့် ဘုံတလာရေတံခွန်တွင် အကြီးစား လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးစက်ရုံတည်ဆောက်ပေးပါရန် အဆို များတင်သွင်းခဲ့သည်။

ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက “တန်းဖိုးနည်း အိမ် ရာများဆောက်လုပ်ပြီး ၀န်ထမ်းငယ်များအား ၄င်းတို့၏လစာငွေမှ လစဉ်အရစ်ကျ ခုနှိမ်စနစ်ဖြင့် ၀ယ်ယူရေး ” ၊ လက်ရှိလစာနှုန်းထားမမီသော တပ်မတော်မှအငြိမ်းစားများနှင့် အစိုးရဌါနအသီးသီးမှ အငြိမ်းစားများ၏ပင်စင် လစာကို မိမိရာထူး အလျှောက် လစာငွေအတိုင်းတိုးမြှင့်ပေးရန် အဆိုများတင်သွင်းခဲ့သည်။

ချင်းအမျိူးသားပါတီမှ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော် ဦးငွန်မောင်းကချင်းပြည်နယ် တွင် နိုင်ငံခြား သားဧသည် နှင့် ခရီးသည်များ ၀င်ရောက်သွားလာ ခွင့်ပြုရန် အဆိုကိုတင်သွင်းခဲ့သော်လည်း ဟိုတယ်နှင်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌါနမှ ဦးစိုးနိုင်က ချင်းပြည်နယ်တွင် ၂၀၀၂ ခုနှစ်ကစပြီး ကမ္ကာလှည့်ခရီးသည် နှင့် နိုင်ငံခြား ဧည့်သည်များ ၀င်၊ ထွက်သွားလာခွင့်ပြုထားကြောင်းပြန်လည်ရှင်းလင်းတင် ပြခဲ့သည်။

နောက်ထပ် ဦးငွန်မောင်း၏အဆိုတခုဖြစ်သော ချင်းပြည်နယ်၏မြို့တော် ဟားခါးကိုအခြားပြည်နယ်မြို့တော် များကဲ့သို့ အဆင့်မီတည်ဆောက်ပေးရေး အဆိုနှင့်ပတ်သက်ပြီးနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးရေး နှင့် စည်ပင်သာ ယာရေးဝန်ကြီးဌါနမှ ၀န်ကြီးဦးသိန်းညွန့်က ဟားခါးမြို့ကိုအဆင့်မီမြို့ တော်အဖြစ်တဆင့်ပြီးတဆင့် တည်ဆောက်ပေး လျက်ရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တော်အများစု၏ အဆိုများကိုနိုင်ငံတော်အစိုးရမှဆောင်ရွက်ပေးလျက်ရှိ သည် ဟုသာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားကြ သည်ကိုတွေ့ရသည်။