စားသုံးကုန်များ သက်သာချောင်ချိစွာ ၀ယ်ယူနိုင်ရေး ဖွင့်ပွဲစတင်

စားသုံးကုန်များ သက်သာချောင်ချိစွာ ၀ယ်ယူနိုင်ရေး ဖွင့်ပွဲစတင်
by -
နှေုာင်းလှိုင်

ခရီးသည်နှင့်ကုန်သည်များ သက်သာချောင်ချိစွာ ၀ယ်ယူသုံးစွဲနိုင်ရေးအတွက်မြန်မာ့စားသောက် ကုန်များကို ထိုင်း-မြန်မာနယ်စပ်အမှတ် -၁၀ဟွေ့ ပူလောင်းတွင် ဆိုင်ခန်းများဖွင့်၍ရောင်းချသွား မည်ဟုဆိုသည်။

openကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြည်ဝင်း ဦးဆောင်သည့် အောင်တံခွန် သက်သာဆိုင်ဖွင့်ပွဲကို မတ်လ ၃၁ ရက်နေ့က ဟွေ့ပူလောင်းဒေသရှိ အောင်တံခွန်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ရာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မွန်းမြို့နယ်မှူးမှ ထိုင်းဒေသခံအာဏာပိုင်များ၊ NGOs များ၊ သတင်းထောက်များနှင့် ထိုင်းကုန်သည်အချို့တို့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။

“နံပါတ်တစ် နယ်စပ်ဒေသ ထိုင်းမြန်မာ တိုုးတက်ညီညွတ်ရေး၊ သွားလာလွယ်ကူအောင် ဖြစ်ပါတယ်။ နံပါတ်နှစ် မိမိတို့ ဒေသတွင်ရှိသည့် ဘောလခဲခရိုင် ရွာသစ်သံလွင်အရှေ့ဖက်ကမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး။ နံပါတ်သုံး ဒေသတွင်း သွားလာရသည့် အများပြည်သူများ သက်သက်သာသာ လွယ်ကူစွာ ၀ယ်ယူစားသုံး လုံခြံုရေး ဖြစ်ပါတယ်” ဟု အောင်တံခွန်သက်သာဆိုင် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကလလတမှ တာဝန်ရှိသူတစ်ဦးက မိန့်ခွန်းစကားတွင် ပြောသည်။

အောင်တံခွန်စျေးဖွင့်ပွဲတွင် ဆိုင် ၆ လုံးမှ စားသုံးကုန်ဖြစ်သည့် မုန့်၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊သောက်ရေသန့်  စသည့် မြန််မာထုတ်ကုန် ပစ္စည်းများရောင်းချသည်ကို တွေ့ရှိရသည်။စျေးဖွင့်ပွဲအတောအတွင်းမယ်ဟောင် ဆောင် မှ ပွဲလာသူများ အပြန်ခရီးတွင် ထိုစျေးတမ်းများမှ ရောင်းချသော ပစ္စည်းများကိုဝယ်ယူအားပေး ခဲ့ကြသည်။

“ခါတိုင်းရက်က ခရီးသည်တွေရှိရင် ရောင်းလို့ရတယ်။ ခရီးသည်လုံးဝမရှိတဲ့ရက်လည်းရှိတယ်။တခါတလေ တော့ရှိ တယ်။ တခါတလေတော့မရှိဘူး” ဟု စျေးသည်တစ်ဦးက ပြောသည်။

နယ်စပ်အမှတ် -၁၀ လမ်းအား ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ စစ်ရေးပဋိပက္ခကြောင့်ဖွင့်လိုက် ပိတ်လိုက်ရှိနေခဲ့ရာမှ ၂၀၁၀ ရွေးကောက်ပွဲအပြီး တဖန်ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုအမှတ် -၁၀နယ်စပ်လမ်း တွင် ပြီးခဲ့သည့်မတ်လ ၁၆ ရက်နေ့က ကရင်နီပြည်တွင်းမှ တင်ပို့ရောင်းချခဲ့သော ဘိန်းမဲ ၁၂ ကီလိုခွဲကို ထိုင်းဒေသခံအာဏာပိုင်တို့က ဖမ်းဆီးခဲ့သည်။