ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀-နှစ်လွန်နှစ်များအတွင်း အာရှနိုင်ငံများသည် ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်း ပေါ်သို့ အ့ံံဘနန်း ရောက်ရှိသွားကြကြောင်းပညာ ရှင်များက ရေးသားကြပါသည်။ ဂျပန်နိုင်ငံသည် ပထမဆုံးဖြစ်ပြီး ယင်းနောက် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုးရီးယားနိုင်ငံ တို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ သည်လည်း တိုးတက်ဖွံ့ ဖြိုးရေးလမ်းကြောင်းပေါ် သို့ ထပ်မံ ရောက်ရှိသွားကြပါသည်။
(က) ကုန်းတွင်းပိတ်နိုင်ငံများဖြစ်နေခြင်း (being Landlocked)
(ခ) သယံဇာတပေါကြွယ်ဝခြင်း ( Abundant natural resources )
(ဂ) အုပ်ချုပ်မှုဆိုးဝါးညံ့ဖျင်းခြင်း (bad governance)
(ဃ) ပြည်တွင်းစစ်ဖြစ်နေခြင်း (Civil war) တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် သယံဇာတ
မြန်မာနိုင်ငံသည် ကုန်းပိတ်နိုင်ငံမဟုတ်ပါ။ မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသောနိုင်ငံ ဖြစ်ပါသည်။ သယံဇာတ ပေါ ကြွယ်ဝမှုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝလက်ဆောင်ဖြစ်သည့်တိုင် ထိုနိုင်ငံမျိုးမှ အစိုးရများသည် အလွန်များ ပြားလှသော ဘဏ္ဍာငွေများကို အလုံးအရင်းနှင့်ရရှိပြီး ၎င်းတို့ကိုယ်တိုင်က နိုင်ငံဆိုသည်နှင့် တဲတဲလေးမျှသာ ဆက်သွယ်ထား ကြပါသည်။ ထို့အပြင် အများပိုင်နိုင်ငံပေါ်တွင် ကပ်ပါးသဖွယ် မှီခိုနေသဖြင့် အခွန်ထမ်းပြည်သူများအပေါ် တာဝန်ယူမှုနှင့် တာ ၀န်ခံမှုများဖော်ပြရန် မလိုတော့သည့်သဘော ဖြစ်လာရာက မြောက်များလှသောဘဏ္ဍာအရင်းအမြစ် များကို ကြိုက်သလို မိမိ တို့စိတ်ကြိုက် ခွဲဝေချထားသုံးစွဲနိုင်သည့် အစိုးရမျိုးဖြစ်လာပြီး အကျင့်ပျက်ခြစားမှုမှာလည်း ရှောင်၍မရသောကိစ္စ ဖြစ်လာ တော့သည်။
သယံဇာတ အရင်းအမြစ်နှင့် ချမ်းသာသော အစိုးရများမှာ လူထုပိုင် အရင်းအမြစ်များကြောင့် ရသောအလွန်များပြားလှ သည့် ငွေများနှင့် အာဏာကို တွယ်ကပ်ကြခြင်းကြောင့် အာဏာကို ရပြီးသည်နှင့် ဖယ်ထုတ်ရန်အလွန်ခက််ခဲသွား တတ်ပါသည်။
စာရင်းဇယားများအရ အာဏာရှင်အုပ်စိုးသော နိုင်ငံများတွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးမှာ အရင်းအမြစ် နည်းပါးလှ သော သက်ဦးဆံပိုင်စနစ်အုပ်စိုးသော နိုင်ငံများ၏ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုများထက် များစွာနည်းပါးကြောင်း တွေ့ရှိ ရသည်ဟု ပညာရှင်များက ဆိုပါသည်။ ယင်းအခြေတို့ကြောင့်ကံကောင်းခြင်းလက်ဆောင် များသည်ပင် ကျိန်စာကဲ့သို့ ဖြစ်လာ တော့သဖြင့် ပညာရှင်များက ယင်းဖြစ်ရပ်အပေါ် သယံဇာတ ကျိန်စာ (resource curse)ဟု ခေါ်တွင်လာကြခြင်း ဖြစ်ပါသည်။
ပညာရှင်များက ရေနံနှင့်အခြား သယံဇာတ ကျိန်စာကို
(က) တော် တည့် မှန်ကန်သော ခေါင်းဆောင်မှု
(ခ) ကြံ့ခိုင်သန်စွမ်းသော အုပ်ချုပ်ရေး ယန္တယား
(ဂ) ယုံကြည်လောက်ဖွယ်ရှိသော အဖွဲ့အစည်းတို့ကြောင့် ချီလီနှင့် ဘော့စဝါနာနိုင်ငံတို့က ကျော်လွှားသွားနိုင်ကြကြောင်း ဖော်ပြကြပါသည်။
မြန်မာနိုင်ငံနှင့် ပြည်တွင်းစစ်
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ နိုင်ငံရေးအယူဝါဒ ကွဲပြားမှုအပေါ်အခြေခံပြီး စတင်ခဲ့ပါသည်။ ပင်လုံစာချုပ်ပါ နိုင်ငံရေး အခွင့် အရေးတူညီစွာ မရရှိခြင်းတို့ကြောင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးများထပ်ဆင့်ပေါ်ပေါက် လာခဲ့ရသည်။
သို့ဖြစ်၍ ယနေ့တိုင် နှစ်ပေါင်း ရာစုတစ်ဝက်ကျော်မျှ ကြာညောင်းခဲ့ရသော ပြည်တွင်းနယ်ချဲ့ဝါဒဖြင့် လူဦးရေများသော ဗမာ လူမျိုးစု၏ ဗမာစစ်အစိုးရသည် လူဦးရေနည်းသော တိုင်းရင်းသားလူမျိုးစုများ၏ ဇာတိဌာနေဒေသနှင့်တောတောင် သယံဇာတ သဘာဝပစ္စည်းများကို မတရားသိမ်းယူခြင်း အလွဲသုံးစားလုပ်ခြင်းနှင့် ပျက်စီးစေခြင်းများမှာ သွယ်ဝိုက်သော နည်းလမ်းများသုံး ပြီး လူမျိုးတုန်းပပျောက်အောင် အစီအစဉ်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ကိုတိုင်းရင်းသား အားလုံးက သိရှိနေကြပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိဗမာစစ်အစိုးရက တိုင်းရင်းသားများကို လူမျိုးတုံးသတ်ဖြတ်၊ ရွာမီးရှို့၊ သားပျိုသမီးပျိုများကို အဓမ္မပြုကျင့် သော မတရားမှုမျိုးစုံတို့ကို ထင်သလိုကျင့်သုံးနေသည်ကိုပင် အားမရဘဲ သယံဇာတများကိုပါ လုယူဖျက်ဆီးခြင်းတို့ကို နေ့စဉ် ရက်ဆက် လုပ်ဆောင်နေသောကြောင့် နိုင်ငံရေးအရ ဖြစ်ပွားနေသောပြည်တွင်းစစ် တွင်းနက်ကြီးထဲ ကျရောက်နေသော မြန် မာနိုင်ငံ၏ ပြည်တွင်းစစ်မီးလျှံမှာ သယံဇာတစစ်ပွဲနှင့် ထပ်မံ ပေါင်းစပ်မိလာပြီး အဆပေါင်းများစွာ ပိုမိုပြင်းထန်သော အရှိန်အ ဟုန်ဖြင့် ဆက်လက် တောက်လောင်နိုင်ဖွယ် ရှိနေပါသည်။
Paul Collier က အရေးနိမ့်နိုင်ငံ (Fail State)တစ်ခုဖြစ်သောဆိုမာလီယာ နိုင်ငံ၏ ပင်လယ်ဓါးပြ ပြဿနာကြောင့် ပင်လယ်ရေ ကြောင်းသွားလာရေးကို များစွာ ထိခိုက်နေကြာင်း အရေးနိမ့်နိုင်ငံ (Fail State)အဆင့်မှဟော့ဟော့ရမ်းရမ်း နိုင်င ံ(Rough State) အဆင့်သို့ လျှော့ကျသွားပါက အကြမ်းဖက်မှုမျိုးစုံ လျှံကျသွားနိုင်ကြောင်း ထောက်ပြထားရာ မြန်မာနိုင်ငံအတွက် ဆင် ခြင်ရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး
မြန်မာနိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးကောင်းမွန်မှုမှာ တိုင်းပြည်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးချိန်ဟု ဆိုချင်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် အာရှတိုက်တွင် စစ်တပ်က နိုင်ငံအာဏာသိမ်းယူပြီး အရပ်ဘက်အစိုးရ အဖွဲ့အ စည်း လုပ်ငန်းများတွင် ပါ၀င်ပတ်သက်သော နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။
စစ်တပ်မှ အရပ်ဘက်အစိုးရအဖွဲ့အစည်း လုပ်ငန်းများကို ပါ၀င်ပတ်သက်ရာတွင် အဓိကအားဖြင့် အာဏာသိမ်းမှုမှာ မှန်ကန် ကြောင်း တရားဝင်စေရန် (Entrance Legitimacy)အတွက် အကြောင်းပြမှုခိုင်လုံအောင် ဆောင်ရွက်ရခြင်းနှင့် အရပ်ဘက်မှ ပြန်လည်ထွက်ခွာရာတွင် ထွက်ပေါက် မဟာဗျူဟာ (exit strategy)တွင်လည်း အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ပုံပန်း သဏ္ဍာန် အရုပ်မဆိုးရန် (distorted civil-military configuration) လိုအပ်ကြောင်း Pakistan’s Armored Democracy, by Aqil Sha, political and security analyst, March 31,2008 ကို ရည်ညွန်းရန် လိုပါသည်။
မြန်မာနိုင်ငံ စစ်တပ်၏ ထွက်ပေါက်မဟာဗျူဟာ
မြန်မာနိုင်ငံစစ်တပ်က အရပ်ဘက်တွင် ပါ၀င်ပတ်သက်မှုမှာ ၁၉၈၈တွင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက အရပ်ဘက်မှ ဆန္ဒအ လျှောက် (voluntarily) ပြန်လည်ထွက်ခွာသွားခြင်း မဟုတ်ဘဲ လူထုအုံကြွမှုဖြင့် ဖယ်ရှားခြင်းခံရမှု ဖြစ်ပါသည်။ ယင်းကဲ့သို့ လူထုအုံကြွမှုဖြင့် ဖယ်ရှားခြင်းခံရသော အစိုးရနေရာတွင် ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်ပြီး စစ်တပ်က အာဏာလွှဲ ပြောင်းယူ၍ ဆန္ဒအလျှောက် (voluntarily) ရွှေးကောက်ပွဲ ကျင်းပပေးခဲ့ပါသည်။ တစ်ဖန်တိုင်းသူပြည်သား များ ၏ ဆန္ဒအရ ရွေးချယ်သောအစိုးရကို အာဏာလွှဲပြောင်းပေးရန် ကြေငြာပြီး ရွေးကောက်ပွဲကျင်းပပေးရာတွင် အပြတ်အသတ် အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းပေးခြင်းမပြုဘဲဆက်လက်အာဏာ ကိုင်ထားမှုက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအတွက် အရုပ်ဆိုးခြင်း စတင်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရက တစ်ဖန် အရပ်ဘက်အစိုးရကို အာဏာလွှဲပြောင်းပေးရန် ဒုတိယအကြိမ် ထွက်ပေါက်မဟာဗျူဟာ (exit strategy)တစ်ရပ်ဖြင့် ့ဆောင်ရွက်ချက်ကို (Twenty five years, fitter Findings – Philip C. Schmitter) ၏ ဖော်ပြချက်နှင့် ဆက်စပ်သုံးသပ်ရန် လိုအပ်ပါသည်။
ဒီမိုကရက်တစ်အပြောင်းအလဲ (Democratic transition)ကို ပြိုင်ဘက်အင်အားစုများနှင့် အကြေအလည် ညှိနှိုင်းပြီး ဆောင် ရွက်သော ပဋိညာဉ်အပြောင်းအလဲ (pacted transition) တည်ဆဲအာဏာရှိသူများကိုယ်တိုင်ကအခြေအနေ များကို သတ် မှတ်ပြီး အပြောင်းအလဲကို ဆောင်ရွက်သော သတ်မှတ်ပြဌာန်းပြီး အပြောင်းအလဲ (imposed transition)ဟူ၍ ရှိပါသည်။ မြန် မာနိုင်ငံ၏ ယခုဆောင်ရွက်နေသော ဒီမိုကရေစီအပြောင်းအလဲမှာ သတ်မှတ်ပြဌာန်ပြီး အပြောင်းအလဲ ဖြစ်သဖြင့် မြန်မာနိုင်ငံ ၏ စီးပွားရေး၊ လူမှုရေး၊ ပြည်တွင်းစစ်ဖြစ်ပွားနေမှုနှင့် နိုင်ငံရေးအခြေအနေတို့ အရ မည်မျှဆီလျှော်မှုရှိသည်ကို ဆင်ခြင်ရပါ မည်။
မြန်မာနိုင်ငံနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး
မြန်မာနိုင်ငံ၏ အကြပ်အတည်း (crisis)အရပ်ရပ်မှာ မိမိတို့ကိုယ်တိုင်ဖန်တီးသော ဒဏ်ရာနှင့်တူသော အကြပ်အတည်း ဖြစ်ပါ သည်။ (Self-inflicted wounds) ယင်းမှာ ရှောင်တခင်ဖြစ်ခြင်းမဟုတ် လွတ်လပ်ရေးနှင့်အတူ နှစ်ရှည်လများ သွေးမတိတ် သေးဟု ဆိုနိုင်ပါသည်။ (Chronic and still bleeding) ဆေးမတိုးနိုင်လောက်အောင်လည်း အနာက မန်းဝင်နေပါသည်။ (complication) ဒီမိုကရက်တစ် အပြောင်းအလဲပြုလုပ်ရာတွင် အနိုင်အရှံုးရတိပြတ်ရှင်းသော အကြွင်းမဲ့ သုညဂိမ်း (zero-sum game)ရှော့(ခ်) ရိုက်ကုထုံး (Shock Therapy)နည်းကို ကျင့်သုံးပါက နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ တစ်စုံတစ်ရာ အားကောင်းပြီး ဖြစ်မှ ရှော့(ခ်)ဒဏ်ကိုခံနိုင်မည် သို့မဟုတ်ပါက ရှော့(ခ်)ဒဏ်ကို မခံနိုင်သဖြင့် ဆန့်ကျင်ဘက်အကျိုးဆက်များဖြင့် ကြံုတွေ့ရ မည်ဟု Phillippe C.Schmitter ဆိုပါသည်။
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ယန်အဲလီယာဆင် (Jan Eliasson) က ပထမကမ္ဘာစစ်ပွဲကို အောင်နိုင်သူများက ဗာဆိုင်း စာချုပ်ဖြင့် စစ်ရှုံးသူအပေါ် နိုင်သူအကုန်ယူ (the winner takes all strategy) ကျင့်သုံးမှုမှာ နိုင်သူကျိန်စာသင့် (the winner will be cursed)ဟူသော အဖြေကိုသာ ရရှိခဲ့သည်။ ယင်းအတွက် ဗာဆိုင်းစာချုပ်မှာ တစ်ကယ်ပုံစံပြရန် ကောင်း သောကျမ်းရိုးပေါင်း ရလဒ်-သုည (zero sum)စာချုပ်သာ ဖြစ်သည်။ စစ်ရှုံးသူက စစ်နိုင်သူကိုအကုန်လိုက်လျှော စေသော တစ်ဖက်သတ်စာချုပ် ဖြစ်ပါသည်။ ထိုစာချုပ်မှပေးသော သင်ခန်းစာမှာ စာချုပ်ပြီးနှစ် ၂၀မပြည့်မီပင် နာဇီတို့ ထကြွရုန်းထလာ ပြီး လူသားများ မည်မျှအထိ ပျက်စီးခဲ့ကြသည်ကို ကမ္ဘာလုံးအသိဖြစ်ကြောင်း မှတ်ချက်ပေးပါသည်။
ယန်အဲလီယာဆင်က အကြမ်းဖက်မှုများနှင့် သံသရာလည်နေရသော နိုင်ငံများမှာ ပဋိပက္ခများအတွက်နောက်ဆုံးဖြေ ရှင်းနိုင် သော ရလာဒ်သဘောတူညီချက်ကို ရှာသောအခါ အပြန်အလှန် နားလည်သဘောပေါက်ရေးနှင့် ထွက်လာသည့် သဘောတူ ညီချက်ပေါ်တွင်လည်း ပဋိပက္ခဖြစ်နေသော ဘက်အားလုံးအတွက် လိုအပ်သည့်ဘက်အားလုံးကပိုင်ဆိုင် သောအဖြေဟု ခံယူ ကြရန် အရေးကြီးကြောင်း၊ အကြောင်းမှာ ပြဿနာတွင် ပါ၀င်သောဘက်တစ်ဘက်သာ ပြဿနာအဖြေကို ပိုင်ဆိုင်ခြင်းမဟုတ် ဘက်အားလုံးက အဖြေကိုပိုင်ဆိုင်သည်ဟု နားလည် လက်ခံရန် ဖြစ်သည်ဟု ဆိုပါသည်။ အကယ်၍ အထက်ပါအတိုင်း ခံယူ လိုက်နာခြင်းမပြုပါက အငြင်းပွားနေသော အင်အားစုအားလုံးက ပဋိပက္ခဆီသို့ တစ်ဖန်ပြန်၍ လမ်းကြောင်းလှည့်ကြပြီး ပဋိ ပက္ခမှာ ဆုံးခန်းတိုင်သို့မရောက်ဘဲ သံသရာလည်နေမည်သာ ဖြစ်သည်ဟုဆိုပါသည်။ အားလုံးစဉ်းစားရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အကြပ်အတည်းပေါင်းစုံနှင့် ကြံုတွေ့နေရချိန်ဟု ဆိုချင်ပါသည်။ ယင်းအချိန်ကို ဘယ်လိုနားလည်ပြီး ဘယ်လို ရင်ဆိုင်ပါမည်နည်း။ ရမ်အီမာနျူရယ် ဆိုသူက “Never waste a good crisis” (အကြပ်အတည်းကောင်းကို ဘယ်တော့မှ အချည်းအနှီးမဖြစ်စေနှင့်) ဟု ဆိုပါသည်။
ဟားဘတ်တက္ကသိုလ် (နိုင်ငံရေး သိပ္ပံနှင့်သမိုင်း ပညာရှင်- ဂျက်ဖရီဖရိုင်ဒန်)က အကြပ်အတည်းဆိုက်ကပူးပေါင်းဆောင် ရွက် ရန် အထူးလိုအပ်ကြောင်း ၁၉၃၁ ခုနှစ်၊ မေလတွင် ထိုစဉ်က အကြီးဆုံး သြစတြီးယား ဘဏ်ကြီးဖြစ်သည့် Creditan stalt က ဒေဝါလီခံလိုက်ရသောအခါ ထိုအချိန်က ဂျာမနီနှင့်ပြင်သစ် တို့ကသာ ကယ်တင်ရေးအစီအစဉ်တစ်ရပ် ဖော်ထုတ်ရန် သဘော တူညီခဲ့ပါလျှင် အဆိုပါဆုံးရှုံးမှုကို ကယ်နိုင်စရာအကြောင်းရှိသော်လည်း လက်တွေ့တွင် ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့သဖြင့် ဥရောပ၏ အဓိကဘဏ်ကြီးတစ်ခုကို မကယ်တင်နိုင်ရုံမျှမက အကြပ်အတည်းမှာ ဟန်ဂေရီ၊ ပိုလန်၊ ဂျာမနီ၊ အင်္ဂလန်တို့မှတ ဆင့် တကမ္ဘာလုံးသို့ ကူးစက်သွားခဲ့ရသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံနှင့် ပါ၀ါ
Newsweek စာစောင်က သမ္မတဘုရှ်စခဲ့သော အီရတ်စစ်ပွဲအပေါ် အင်အားဆိုသည်မှာ အဘယ်နည်း။ (what is power) အင် အားဆိုသည်မှာ ဘယ်မှာရှိသနည်း၊ (where is power) ဆိုသည့်အဖြေကို အောက်ပါအချက်(၇)ခုပေါ်တွင် အခြေခံပြီး ရှာဖွေ ဖေါ်ထုတ်ခဲ့ပါသည်။
ယင်းတို့မှာ-
(၁) စစ်ပါ၀ါ (Military power)
(၂) သဘာဝ သယံဇာတပါ၀ါ (Natural resource power)
(၃) စီးပွားရေးပါ၀ါ (Economic power)
(၄) နည်းပညာပါ၀ါ (Technology power)
(၅) သံတမန်ပါ၀ါ (Diplomacy power)
(၆) လူမှုပါ၀ါ (Social power)
(၇) ရုပ်ရှင်-မီဒီယာ (Movie/Media)
အထက်ပါအချက်(၇)ခုကို အခြေခံပြီး ကမ္ဘာပါ၀ါ(power) အကြီးဆုံး ဆယ်နိုင်ငံ(Top Ten)ကို ရွေးချယ်သတ်မှတ်ရာတွင် အောက်ပါအတိုင်း ရရှိပါသည်။
၁။အမေရိကန် ၂။ဂျာမဏီ ၃။ပြင်သစ် ၄။ဗြိတိန် ၅။ဂျပန် ၆။ကနေဒါ ရ။ဆွီဒင် ၈။တရုတ် ၉။နော်ဝေ ၁၀။နယ်သာလန်
အထက်ပါတို့ကို အခြေခံပြီး မြန်မာနိုင်ငံ၏ power(အင်အား)ကို အမှန်အတိုင်း သဘောပေါက် လက်ခံဆောင်ရွက်ရန် ဖြစ်ပါ သည်။
မြန်မာနိုင်ငံနှင့် အသံတိတ်အန္တရာယ်
၂၀၀၄- ခုနှစ်က ဂျာမဏီနိုင်ငံတွင် မြို့ပြ ၂၁(Urban-21) ကမ္ဘာ့ Forum တစ်ခု ပြုလုပ်ခဲ့ပါသည်။ ယင်း Forum က ၂၀၀၇-ခုနှစ် တွင် ကမ္ဘာ့အတိုင်းအတာအရ မြို့ပြလူဦးရေနှင့် ကျေးလက်လူဦးရေ (urban and rural population) တို့တူညီမည်။၂၀၁၀ တွင် မြို့ပြလူဦးရေ (urban population) က ကျေးလက်လူဦးရေ (Rural population) ထက် ပိုသွားမည်။ ၂၀၁၅-ခုနှစ်တွင် လူဦးရေ ၅ယောက်အနက် မြို့ပြက ၃ယောက်နှင့် ကျေးလက်က ၂ယောက် ရှိလာမည်။ ကျေးလက်လူဦးရေတွင် သက်ကြီး ရွယ်အိုနှင့် မှီခိုကလေး(old age and dependent ) က ပိုများလာမည်။ ထိုအခါ ကျေးလက်စိုက်ပျိုးရေးစီးပွားရေးလုပ်ငန်းမှာ မြေဧကကျယ်ကျယ်တွင် လုပ်အားများများဖြင့် လုပ်ကိုင်ခြင်းအစား(Extensive farming) မြေကွက်ကျဉ်းကျဉ်းကို နည်းပညာ နှင့်တွဲပြီး လုပ်ကိုင်သော (Intensive farming) ဖြစ်လာမည်။ အဓိပ္ပါယ်မှာ အရည်အသွေးကောင်းကောင်းနှင့် အထွက် ကောင်းသောသီးနှံတို့ကို နည်းပညာသုံးပြီး စိုက်ပျိုးသောစနစ်ကို သုံးလာကြရမည်။ (High yield and high quality based on appropriate technology) ဖြစ်ပါသည်။
မြို့ပြဖြစ်ထွန်းမှုမှာလည်း အမှိုက်ပုံးမြို့တော် (City of dustbin) မီးတောင်မြို့တော် (City of volcano) နှင့် ပဒေသာပင်မြို့ တော် (City of knowledge)တို့ဟူ၍ ဖြစ်ပါသည်။
အထက်ပါဖြစ်ထွန်းမှုတို့မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန်၏ စကားအရဆိုပါက ခြိမ်း ခြောက်မှုအပျော့ (Soft threat) ဖြစ်ပါသည်။ ဘာမျှကြိုတင်သိရှိပြီး ပြင်ဆင်မှုမရှိပါက သေးငယ်သည့်အန္တရာယ်မဟုတ်ပါ။
မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ
မြန်မာနိုင်ငံတွင် ၁၉၆၂-ခုနှစ်မှ ၂၀၁၀အထိ ၄၈-နှစ်အတွင်း ပါတီစုံရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းအရရွေးကောက် တင် မြှောက်သော အစိုးရဟူ၍ မရှိခဲ့ပါ။ ယခုပါတီစုံရွေးကောက်ပွဲဖြင့် ဖြစ်ပေါ်လာမည့်အစိုးရမှာလည်း စစ်ဘက်နှင့် အရပ်ဘက် မျိုးစပ်အစိုးရ(Military and civil hybridized government) သာ ဖြစ်လာမည်ဖြစ်ရာပါတီစုံရွေးကောက်ပွဲ အစိုးရမျိုးဆက် (Multi party election government generation) မှာ ၁၉၆၂ မှစတင်ရပ်တန့် သွားခဲ့ရာတွင် ယခု ၂၀၁၀၊ ပါတီစုံ ရွေး ကောက်ပွဲအစိုးရ (Multi-party election government) ပြန်လည်ဖေါ်ဆောင်နိုင်မည်ဖြစ်သဖြင့် ပါတီစုံရွေးကောက်ပွဲ အစိုးရ မျိုးဆက် (Multi-party election government generation)တစ်ခုနှင့်တစ်ခုအကြား ၄၈နှစ်ကြာကွာခြားခဲ့ခြင်းမှာ မျိုးဆက် ကွာဟမှုအဆင့် (gap)ကို ကျော်လွန်ပြီး ပြတ်တောက်မှုအဆင့် (dead)သို့ ရောက်ရှိသွားပါသည်။
အထက်ပါ အချက်အလက်များအပေါ် ယခု ၂၀၁၀ နိုဝင်ဘာ ရရက်၊ ရွေးကောက်ပွဲတွင် တက်လာမည့်အစိုးရမှာ မွေးစ အရပ်ဘက် စစ်ဘက် မျိုးစပ် ကပြားကလေးအစိုးရ (Newly born civil and military hybridized baby government) သာ ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသည်။
သို့ဖြစ်ပါ၍ ၂၀၁၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံရမည်ဖြစ်သော အစိုးရသည်
(က) Strong (ခိုင်မာမှု)
(ခ) Stable (တည်ငြိမ်မှု)
(ဂ) Efficiency (စွမ်းဆောင်ရည်ရှိမှု) အတိုင်းအတာတို့ကို မှန်းဆကြည့်ကြရပါမည်။
မြန်မာနိုင်ငံနှင့် အနာဂတ်
အမေရိကန် သံအမတ်ဟောင်းနှင့် ဆိုဗီယက်ကျွမ်းကျင်သူ ဂျော့ကမ်နန်(George Kaman)က အမေရိကန် ပြည်ထောင်စုအနေ နှင့် ဆိုဗီယက်အုပ်စုအပေါ် ၀ိုင်းဝန်းပိတ်ဆို့သည့် ဂျီအိုပေါ်လတစ် (Geopolitics)ကို ကျင့်သုံးချိန်တွင် ဆိုဗီယက်ကို ကြောက် ရန်မလို၊ ၀ိုင်းဝန်းပိတ်ဆို့ရန်လည်းမလို၊ ဆိုဗီယက်လူ့အဖွဲ့အစည်း၌ အတွင်းလှိုက်စား၍ ပျက်စီးစေမည့် မျိုးစေ့ပါရှိပြီးဖြစ် ကြောင်း ဆိုဗီယက်ပြည်ထောင်စုနှင့် အရန်နိုင်ငံများပါ၀င်သော ဆိုဗီယက်အင်ပါယာကြီး ပြိုကွဲပျက်စီးမည့်အကြောင်းကို ပထမ ဆုံး ဟောကိန်းထုတ်ခဲ့ပါသည်။
ဖွံ့ဖြိုးဆဲကမ္ဘာရှိ ဆိုဗီယက်သြဇာမှာ ဗီယက်နမ်မှ နီကာရာရွာအထိ တတိယနိုင်ငံတော်တော်များများအပေါ် ပြန့်နှံ့နေမှုအပေါ် အနောက်တိုုင်းပေါ်လစီ မိတ်ကာများနှင့် စီအိုင်အေသရုပ်ခွဲစိစစ်ရေးများ ကိုယ်တိုင်အပါအဝင် သမ္မတ ဂျင်မီကာတာ၏ အမျိုး သားလုံခြံုရေးကောင်စီတွင် တာဝန်ရှိသူများကပင် ဒိုမီနိုသီအိုရီတစ္ဆေခြောက်ခံနေရပြီး ဆိုဗီယက်ကို စီးပွားရေး၊ စစ်ရေးစူပါ ပါ၀ါ အဖြစ် မြင်နေကြချိန် ဆိုဗီယက်ခေါင်းဆောင်စုမှာလည်း မိုးထိအောင် ထောင်နေသော ရေနံစျေးနှုန်းကြောင့် မိမိကိုယ်ရော မိမိ ရဲ့အဖွဲအစည်းကိုပါ အထီးကျန် တစ်ကောင်ကြွက်ဖြစ်နေသော အရှိတရားနှင့် ကင်းကွာခဲ့ခြင်းသည်ပင်အဆုံး စွန်းပြိုကွဲခြင်း၏ အစပြုချက်ဖြစ်သည်ဟု ဆိုဗီယက်နိုင်ငံနေဝင်ချိန် နီးလာသောကာလမတိုင်မီ နှစ်အနည်းငယ်ကပင် ဆိုဗီက်ယက်အစိုးရနှင့် သဘောထားကွဲလွဲနေသူ အင်ဒရီအမာ(လ)ရစ်(ခ) က ပထမဆုံး ဟောကိန်းထုတ်ခဲ့ပါသည်။
သမိုင်းပညာရှင် ဂျာနယ်လစ် တီမိုသီဂါတန်အက်(ချ)က ၁၉၇၉ ခုနှစ် ပုပ်ရဟန်းမင်းကြီး၏ အိမ်ပြန်ခရီးမရှိဘဲ ၁၉၈၀ ပြည့်နှစ် ပိုလန်သွေးစည်းခိုင်မာရေး လှုပ်ရှားမှုမရှိနိုင်။ သွေးစည်းခိုင်မာရေး လှုပ်ရှားမှုမရှိဘဲ ဂေါ့ဘချော့(ဗ်)လက်ထက် ဆိုဗီယက်ယူနီ ယံ၏ အရှေ့ဥရောပ ပေါ်လစီအပြောင်းအလဲမရှိနိုင်။ ဤသို့သော အပြောင်းအလဲမရှိဘဲ ၁၉၈၉-ခုနှစ် ကတ္တီပါ တော်လှန်ရေး၊ (11.9.89-ဘာလင်တံတိုင်းဖြိုချခံရမှု) မရှိနိုင်။ သို့အတွက် ရ၉ ခရုဆိတ်တာ ခရီးက ၈၉ ကတ္တီပါတော်လှန်ရေးကို မွေးဖွားစေခဲ့ သည်ဟု မှတ်တမ်းတင်ခဲ့ပါသည်။
ရှုပ်ထွေးပြီး အစဉ်ထာဝရ သပ္ပါယ်ပြုရသည့်စနစ်မျိုးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုမှာ ဆက်စပ်နေသော အင်အားစုအား လုံး၏ တူညီသော ယုံကြည်မှုဝင်ရိုး ဖြစ်ပါသည်။ ဤဝင်ရိုးယိုင်လာသည်နှင့် ပြောင်းလဲနေသော အခြေအနေအလိုက် လိုက် လျောညီထွေ သပ္ပါယ်ပြုနိုင်စွမ်းမှာ အားနည်းလာတော့မည် ဖြစ်ပါသည်။ ဤသို့သော အားနည်းချိနဲ့လာခြင်းသည်ပင် အချိန်မ ရွေး ပြိုကျပျက်သုဉ်းသွားနိုင်သည့် မရဏခေါင်းလောင်းသံဖြစ်သွားနိုင်စရာရှိပါ သည်ဟု ဟားဗတ်တက္ကသိုလ်မှ သမိုင်း ပါမောက္ခနှင့် စတင်းဖို့(ဒ) တက္ကသိုလ် Hoover Institution ၏ အဆင့်မြင့်အဖွဲ့ဝင် နီး(လ)ဖာဂူဆန် (Nill Ferguson) က သူ၏ Complexity and Collapse Empires on the Edge of Chaos ဆောင်းပါးတွင် ရေးပါသည်။
1961 က စတင်တည်ဆောက်ခဲ့သော 96 မိုင်ရှည်လျှားသည့် ဘာလင်တံတိုင်းသည် 1989 နိုဝင်ဘာလ 9 ရက် ည 11 နာရီ တွင် လူအုပ်ကြီးက ဖြိုချကြရာ ဂျာမန်နယ်ခြားစောင့်တပ်မှ ဒုတိယ ဗိုလ်မှူးကြီးဟာရယ်ဂျကာဂါက ဖွင့်မိန့်ပေးရန် ညွှန်ကြား ချက် ရှင်းရှင်းလင်းလင်း မရသေးမှီ ဘာလင်၏ Bornholmer strasse ဂိတ်ကို ဖွင့်ပေးရန် အမိန်ပေးလိုက်ရပြီး တခဏချင်းပင် တံတိုင်းကြီးမှာ ပြိုကျသွားလေတော့သည်။
ဘာလင်တံတိုင်း ဖြိုချခံရပြီး ၂နှစ်အကြာ ၁၉၉၁၊ သြဂုတ် တတိယပတ်တွင် ရ၄နှစ် သက်တမ်းရှိခဲ့ပြီးဖြစ်သော ဆိုဗီယက်အင်ပါ ယာမှာ ရ၂နာရီ ၃ရက်အတွင်း တစ်စစီ ပြိုကွဲသွားခဲ့ပါသည်။တကယ့်ပကတိ အခြေအနေကို မသိ၍ မိမိကိုယ်ကို မိမိလှည့်စားခံရသည့်အဖြစ်မျိုးကြောင့် အကျနှင့်အတက်ကို ဆိုဗီယက် ခေါင်းဆောင်များကပြောင်းပြန်မြင် နေကြသဖြင့် ယင်းအဖြစ်ဆိုးနှင့် ရင်ဆိုင်ရသည်ဟု ဝေဖန်မှုများ ပေါ်ထွက်လာပါသည်။
နိဂုံး
အာဖရိကတိုက်မှ မိုဇပ်ဘတ်၊ ယူဂန္ဓာနှင့် ရူဝမ်ဒါနိုင်ငံများ၊ တောင်အာဖရိကမှ ဒီကလပ်နှင့် မင်ဒဲလားတို့၏ ဦးဆောင်မှုနှင့် ပဋိ ပက္ခ၏အဖြေကို ရှာဖွေနိုင်မှုများ၊ ပိုလန်နိုင်ငံ၏ အတွင်းပဋိပက္ခများ၊ ကမ္ဘာ့စစ်ပွဲကြီးနှစ်ကြိမ်စတင်ခဲ့သောဥရောပနိုင်ငံ များမှာ စားပွဲဝိုင်းယဉ်ကျေးမှုဖြင့် (Table Talk Culture) မိမိတို့၏ ပဋိပက္ခများကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့ သည်ကို အထင်အရှား တွေ့ရှိကြရပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခများကို ဖြေရှင်းရာတွင် ယခုဖြေရှင်းနည်းမှာ တိုင်တန်းနစ်သင်္ဘောကြီး၏ ကံကြမ္မာဆိုးမျိုးနှင့် ကြံု တွေ့ရမည့် ဘေးဆိုးကြီးနှင့် ကြုံတွေ့ရမည်မှာ သေချာသလောက် ဖြစ်နေသည်ဟု ဆိုချင်ပါသည်။
ယခုမြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို ကျော်လွှားနိုင်ရေးမှာ ရွေးကောက်ပွဲကျင်းပသူနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည့် အဖွဲ့အစည်းတို့နှင့် လူပုဂ္ဂိုလ်များ၏အရေးထက် တစ်နိုင်ငံလုံး တိုင်းရင်းသားအားလုံးတို့၏ အရေးဖြစ်ပြီး ယင်းအရေး အတွက် အကောင်းဆုံးနည်းလမ်းမှာ စားပွဲဝိုင်းယဉ်ကျေးမှု နည်းလမ်းသာလျှင်အမှန်ကန်ဆုံး နှင့် အကောင်းဆုံးဖြစ်သည်ဟု တင်ပြလိုက်ရပါသည်။