ငလျင်ဘေးသင့် လူထုကို မြောက်ပိုင်းကျားဖြူ ကူညီမည်

ငလျင်ဘေးသင့် လူထုကို မြောက်ပိုင်းကျားဖြူ ကူညီမည်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (အရှေ့ပိုင်း)ရှိ ငလျင်ဘေးသင့်ပြည်သူများ ကို ကူညီရန် အတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကျားဖြူပါတီကအလှူငွေကောက်ခံ နေကြောင်း သိရသည်။

earthquake_donation_1

၎င်းအလှူငွေကို မတ်လ ၂၉ ရက်နေ့မှ ယခုလ ရ ရက်နေ့အထိ ကောက်ခံမည် ဖြစ်ပြီး ယနေ့အထိ ကျပ် ၁၀သိန်းဝန်းကျင် လက်ခံရရှိထားကြောင်း ငွေများကို ငလျင်ဘေးသင့်ဒေသရှိ တာချီလိတ်မြို့နယ် ကျားဖြူ ပါတီသို့ ဘဏ်မှတဆင့် လွဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ငလျင်ဘေးသင့်တဲ့ဒေသခံတွေကို ကူညီဖို့ အလှူငွေကောက်တာပေါ့နော် ၂၉ ရက်နေ့ကနေ ဒီလ ရ ရက်နေ့ အထိ ကောက်မယ် လူကိုယ်တိုင်တော့ မသွားဘူး တာချီလိတ်မှာလည်း ကျားဖြူရုံးရှိတော့ ဒီငွေတွေကို တာချီ လိတ်မှာရှိတဲ့ ကျား ဖြူကို ဘဏ်က နေလွဲပေးမယ် ” ဟု ပါတီဝင်တစ်ဦးက ပြောသည် ။

ထို့အပြင် ကျားဖြူပါတီက အဝတ်အထည်နှင့်ခြုံစောင်များလည်း လက်ခံနေပြီး ငလျင်ဒဏ်သင့်ဒေသတို့ မကြာခင်ပေးပို့ မည်ဟု သိရသည်။

လွန်ခဲ့သည့်လ ၂၄ ရက်နေ့က သျှမ်းပြည် (အရှေ့ပိုင်း) လွယ်မွေဒေသကို ဗဟိုပြု၍ ပြင်းအား ရ ရစ်ချ်စတာ စကေးရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြောင့် သေဆုံးသူ ရ၄ ဦး ၊ ဒဏ်ရာရသူ ၁၁၁ ဦး ၊ အိမ်ခြေ ၃၄၀ ၊ ဘုန်းကြီးကျောင်း ၁၄ နှင့် အဆောက် အဦ ၉ လုံးပျက်စီးကြောင်း စစ်အစိုးရ မီဒီယာက ထုတ်ပြန်သည်။

သို့သော် ငလျင်ကြောင့် သေဆုံး ပျက်စီးမှုမှာ စစ်အစိုးရ၏စာရင်းထက် ပိုများပြီး သေဆုံးသူ ၃၀၀ ၀န်းကျင် ခန့်ရှိကြောင်းဒေသခံများက ပြောသည်။