သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် အမျိုးသမီး ဒုဝန်ကြီးနှစ်ဦးသာ ပါရှိသည်ကို တွေ့ရသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသား လွှတ်တော်အမတ် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၀ မှ ဒေါက်တာ မြတ်မြတ်အုန်းခင်မှာ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာ ...
ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် အမျိုးသမီး ဒုဝန်ကြီးနှစ်ဦးသာ ပါရှိသည်ကို တွေ့ရသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသား လွှတ်တော်အမတ် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၀ မှ ဒေါက်တာ မြတ်မြတ်အုန်းခင်မှာ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာပြီး ဒေါ်စန္ဒာခင်အား ဒုတိယ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။
ဒေါ်စန္ဒာခင်သည် အမျိုးသားစာပေဆုရ ယဉ်ကျေးမှုဌာနမှ အမျိုးသားပြတိုက် ညွန်ကြားရေးမှူးဖြစ်ပြီး ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် သမဝါယမ ဒုဝန်ကြီး ဒေါက်တာမောင်ချစ်၏ သမီးဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများတွင် အမျိုးသမီး ၃ ဦးပါဝင်ရာ ကြံ့ဖွံ့ပါတီမှ ကချင်ပြည်နယ် ဝန်ကြီး ဒေါ်ဘောက်ဂျာ (ပူတာအို)၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်စန်းစန်းနွယ်နှင့် ကျားဖြူပါတီမှ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးမှ ဒေါ်ခင်ပြံုးရည်တို့ ဖြစ်သည်။