တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တောင်ပိုင်း ဝ ရွာတရွာ မီးလောင် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
by -
သျှမ်းသံတော်ဆင့်

တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းတုံမြို့နယ် အတွင်းရှိ ဝ ကျေးလက် ရွာတရွာမှ အိမ်ခြေ ၅၀ ကျော် မီးစွဲလောင် သဖြင့် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ...

တောင်ပိုင်း ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းတုံမြို့နယ် အတွင်းရှိ ဝ ကျေးလက် ရွာတရွာမှ အိမ်ခြေ ၅၀ ကျော် မီးစွဲလောင် သဖြင့် လူထု ၉၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

 ၂၀၀၁ သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချသည့် ဝ ရွာ“ပြီးခဲ့တဲ့အပတ်အင်္ဂါနေ့ မွန်းလွဲ ၂ နာရီခန့်မီးလောင််တာ။ ဘုန်းကြီးကျောင်းလဲ ပါသွားတယ်”- ဟု နီးစပ်သည့် ဝ ရွာသားတဦးက ပြောပါသည်။

မတ်ခ်ျ ၂၂ ရက် မွန်းလွဲ ၂ ကျော်ခန့်တွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အရှေ့ဘက် ၁ မိုင်အကွာရှိ အိမ် ခြေ ၃၅၉ လုံးရှိ ဝမ့်မိုင်(ဝ ရွာ) မီးလောင်ခဲ့ကြောင်း၊  အိမ်ခြေ ၅၀ ကျော် မီးလောင်ခဲ့ ကြောင်း ဖြစ်ပျက်ပုံကို အမည်မဖေါ်လိုသူ ထိုင်းနယ်စပ်ရောက် ရွာသား တဦးက ဤကဲ့သို့ ပြောပြပါသည်။

“တာ့အိုက်တောင်းဆိုသူက ဝက်စာအိုးတည်ထားပြီး အပြင်ထွက်သွားတယ်။ အဲကနေစပြီးလောင်တာ၊ ရှို့မီး တော့ မဟုတ်ဘူး” ဟု ဒေသခံတဦးက ပြောသကဲ့သို့ အခြားဒေသခံနောက်တဦးက လူနေအိမ်မှ မီးစလောင် တာမဟုတ်ကြောင်း တောမီးလောင်ရာမှ အိမ်ခြေ ၅၁ လုံးပါသွားကြောင်းပြောပြပါသည်။

ယခုမီးလောင်မှုကြောင့် လူထု နှင့် တိရိစ္ဆာန်များ သေကြေဒဏ်ရာရမှုများမရှိဟုဆိုသော်လည်း တန်ဖိုးကျပ် ၂၅ သိန်းခန့် မီးလောင်မှုထဲပါသွားကြောင်းလည်း သိရသည်။

လက်ရှိတွင် မီးဘေးသင့် ရွာသူရွာသားများအား ဘုန်းကြီးကျောင်း စာသင်ကျောင်း နီးစပ်ရာ အသိမိတ်ဆွေ အိမ်များ၌ မီခိုနေထိုင်နေကြကြောင်း၊ တောင်ပိုင်း ဝ ဆက်ဆံရေးမှူး တာ့ဆာလော ဦးစီးပြီး ကူညီနေရာပြန်ချ နေကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦက ပြောပါသည်။