သတင်းစာဆရာ ဒန်ကလေ အာမခံရ

သတင်းစာဆရာ ဒန်ကလေ အာမခံရ
by -
သဲသဲ

မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရောစ့် ဒန်ကလေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အင်္ဂါနေ့တွင် အာမခံဖြင့် လွှတ်ပေးလိုက်သည်။ “သူ့ကျန်းမာရေး အခြေအနေကြောင့်ရယ်၊ နောက်ပြီး သူက မြန်မာတိုင်းမ်က အရာရှိတဦး ဖြစ်ခဲ့တာ ...

နယူးဒေလီ (မဇ္စျိမ)။       ။ မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရောစ့် ဒန်ကလေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အင်္ဂါနေ့တွင် အာမခံဖြင့် လွှတ်ပေးလိုက်သည်။

“သူ့ကျန်းမာရေး အခြေအနေကြောင့်ရယ်၊ နောက်ပြီး သူက မြန်မာတိုင်းမ်က အရာရှိတဦး ဖြစ်ခဲ့တာဆိုတော့ လူကြီးလူကောင်းတဦး ဖြစ်တာကြောင့်ရယ်ကို ထောက်ထားပြီးတော့ တရားရုံးက အာမခံ ပေးလိုက်တာပါ” ဟု မြန်မာတိုင်းမ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဝေလင်းက မဇ္စျိမကို ပြောသည်။

စွဲဆိုထားသည့် ရာဇဝတ်မှုနှင့် လဝက ပုဒ်မတို့ဖြင့် စွဲချက်မတင်သင့်ကြောင့် မစ္စတာဒန်၏ ရှေ့နေ ၂ ဦးက ယနေ့တရားခွင်တွင် စာရေးလျှောက်ထားခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် သူ့ကို စွဲဆိုထားသည်။

ရုံးချိန်းကို လာမည့် ဧပြီလ ၄ ရက်နေ့သို့ ထပ်မံ ချိန်းဆိုသည်။

Most read this week