ဝ အမျိုးသားအဖွဲ့ချုပ် Wa National Organization WNO ဥက္ကဌ နှင့် ဝ အမျိုးသား တပ်မတော် Wa National Army WNAစစ်ဦးစီး ချုပ် ဗိုလ်မှူးကြီးတာ့တစ်မိန်း (၅၉ နှစ်) ကင်ဆာ ရောဂါဖြင့် ယမန်နေ့ မနက်ပိုင်းက ကွယ်လွန် ...
ဝ အမျိုးသားအဖွဲ့ချုပ် Wa National Organization WNO ဥက္ကဌ နှင့် ဝ အမျိုးသား တပ်မတော် Wa National Army WNAစစ်ဦးစီး ချုပ် ဗိုလ်မှူးကြီးတာ့တစ်မိန်း (၅၉ နှစ်) ကင်ဆာ ရောဂါဖြင့် ယမန်နေ့ မနက်ပိုင်းက ကွယ်လွန် သွားပါသည်။
“ဟုတ်ကဲ့ ဉက္ကဌ ကြီး ဗိုလ်တစ်မိန်း မနေ့က မနက်ပိုင်းမှာ ကွယ်လွန်တယ်။ သူ့နေအိမ်မှာဘဲ။ ခံတွင်းကင်ဆာ ရောဂါနဲ့ပါ။ လာမယ့် ၂ ရက်နေ့မှာသင်္ဂြိုလ်မှာ” - ဟု တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါသည်။
မတ်ခ်ျ ၂၇ ရက် တနင်္ဂနွေနေ့ မနက် ၁၀ နာရီအချိန်တွင် ဝ အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဝ အမျိုးသား တပ်မ တော် ဗိုလ်မှူးကြီးတာ့တစ်မိန်းသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ် မောက်ဇံပေအုပ်စု ဝမ့်ရတ့်ထိုင်း ရွာ နှင့် မျက်နှာခြင်းဆိုင် လွယ်ဝါ့ဟေ့ (WNO/WNA ဌာနချုပ်) နေအိမ်တွင် ကွယ်လွန်သွားကြောင်း၊ ကျန်ရှိ ရုပ်အလောင်းအား လာမည့် ဧပြီလ ၂ ရက်နေ့ ကျေးရွာသုဿာန်သို့ ပို့ဆောင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း မိသားစုဝင်တဦး ကပြော ပါသည်။
ဗိုလ်မှူးကြီးတာ့တစ်မိန်းသည် ၁၉၅၂ တွင် မွေးဖွား၏။ ၂၀၀၇ ဝ ခေါင်းဆောင် စဝ်မဟာဆန်းကွယ်လွန်ပြီး နောက် ဝ အမျိုးသား အဖွဲ့ချုပ် ဥက္ကဌ နှင့် ဝ အမျိုးသားတပ်မတော် စစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။