တောင်ကုတ်တွင် တော်လှန်ရေးနေ့ ပြည်သူအုံကြွမူ ပေါ်ပေါက်ရန် လုံ့ဆော်စာကပ်

တောင်ကုတ်တွင် တော်လှန်ရေးနေ့ ပြည်သူအုံကြွမူ ပေါ်ပေါက်ရန် လုံ့ဆော်စာကပ်
by -
နိရ ဉ္ဇရာ သတင်းဌာန

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ၆၆ နှစ်မြောက် တော်လှန်ရေးနေ့က ပြည်သူ့ အုံကြွမူ ပေါ်ပေါက်ရန် လုံ့ဆော်စာ ပိုစတာများကို ကပ်ထားခဲ့ကြောင်း သိရသည်။ ...

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ၆၆ နှစ်မြောက် တော်လှန်ရေးနေ့က ပြည်သူ့ အုံကြွမူ ပေါ်ပေါက်ရန် လုံ့ဆော်စာ ပိုစတာများကို ကပ်ထားခဲ့ကြောင်း သိရသည်။

လူပ်ရှားရာတွင် ပါ၀င်သူ လူငယ် တစ်ဦးက “ ပိုစတာတွေကို တောင်ကုတ် ပဒေါင်းလမ်းမ၊ စည်ပင် လမ်းဆုံ၊ မော်တော်ဆိပ်ကမ်း၊ သိမ်တောင် အထက ကျောင်းရှေ့မှာ ကပ်ခဲ့ပါတယ်။ လုံခြံုရေးတွေ ချထားတဲ့ အတွက် ပိုစတာ စာရွက် ၄ ရွက်ဘဲ ကပ်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

အစပထမပိုင်းက စာရွက်များကို နေရာတိုင်းတွင် ကပ်ရန် စီစဉ်ထားသော်လည်း ရဲများ မော်တော်ဆိိုင်ကယ်ဖြင့် သွားလာ လူပ်ရှားမူ ပြုလုပ်နေသဖြင့် အစီအစဉ်အတိုင်း စာရွက်များကို မကပ်နိုင်ခဲ့ကြောင်း ပြောသည်။

၎င်းပြင်သူက “ စာထဲမှာ ဘာတွေ ရေးထားသလဲ ဆိုရင် ဒုတိယ ညီလာခံကို ထောက်ခံပါသည်။ ဒုတိယ အချက်မှာတော့ လူထုအုံကြွမူတွေ ပေါ်ပေါက်ရန် ကြိုးစားကြဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်” ဟု ပြောသည်။

လူထု အုံကြွမူ ပေါ်ပေါက်ရန် ဘာကြောင့် လိုအပ်ပါသနည်းဟု မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ အားလုံးသိကြတဲ့ အတိုင်းပါ။ အခု စစ်အာဏာရှင်တွေက စစ်တပ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဆက်စီစဉ်နေတယ်။ အခု တက်လာတဲ့ အစိုးရကလည်း စစ်အစိုးရ ဖြစ်တယ်။ ဘာမှ ပြောင်းလဲ မဟုတ်သလို ပြည်သူတွေရဲ့ ဘဝတွေကလည်း ဘာမှ ပြောင်းလဲ စရာ မလိုဘူး။ ဒါကြောင်း ပြည်သူ့ အုံကြွမူ ပေါ်ပေါက်ဖို့ လိုနေပါတယ်” ဟု သူက ပြောသည်။

ယခုအချိန်ထိ စာကပ်မူနှင့် ပတ်သက်ပြီး တစုံ တရာ ဖမ်းဆီးမူများ မရှိသော်လည်း သက်ဆိုင်ရာ ရဲနှင့် ထောက်လှမ်းရေးက တောင်ကုတ်မြို့တွင် နိုင်ငံရေး လူပ်ရှားသူ လူငယ်များကို အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

Most read this week