ရေနံစိမ်းတန်ချိန် ၂၂ သန်းလက်ခံနိုင်မည့် မဒေးကျွန်း ဆိပ်ကမ်းကို ၂၀၁၃ ခုနှစ်မေလတွင် အပြီးသတ် တည်ဆောက်မည်

ရေနံစိမ်းတန်ချိန် ၂၂ သန်းလက်ခံနိုင်မည့် မဒေးကျွန်း ဆိပ်ကမ်းကို ၂၀၁၃ ခုနှစ်မေလတွင် အပြီးသတ် တည်ဆောက်မည်
by -
စံလင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်အတွက် တည်ဆောက်နေသော ရေနံစိမ်း ဆီတင် ချီချ ဆိပ်ကမ်းကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်အတွက် တည်ဆောက်နေသော ရေနံစိမ်း ဆီတင် ချီချ ဆိပ်ကမ်းကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ့ စစ်အစိုးရမှ ထုတ်ဖေါ်ပြောကြားသည်။

kyauk-pru-constructionဆိပ်ကမ်း တည်ဆောက်ပြီး စီးပါက အဆိုပါ ဆိပ်ကမ်းတွင် တန်ချိန် သုံးသိန်းခန့် ဆန့်သည့် Crude Oil Carrier သင်္ဘောကြီးများ ၀င်ထွက်သွားလာနိုင်မည် ဖြစ်ပြီး တနှစ် ရေနံစိမ်းတန်ချိန် ၂၂ သန်း ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆီတင်ဆီချ ဆိပ်ကမ်း တည်ဆောက်ရေးကို CNPC South East Asia Pipeline ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခုအခါ နေ့မအား ညမအား တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းတွင် သင်္ဘောများဖြင့် ချလာသော ရေနံစိမ်းများကို အချင်း၃၂ လက်မရှိ ပိုက်လုံးများဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်ပြီး ပိုက်လုံး အရှည်မှာ စုစုပေါင်းအရှည် ၂၃၈၀ ကီလိုမီတာ ခန့် ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းကီလိုမီတာ ၈၀ဝ ခန့်သွယ် တန်းမည်ဖြစ်ကြောင်း သိရသည်။

ရေနံစိမ်းများကို အရှေ့အလယ်ပိုင်းနှင့် အာဖရိက မှ သင်္ဘောကြီးများဖြင့် ကျောက်ဖြူ မဒေး ဆိပ်ကမ်းထိ သယ်ယူလာမည် ဖြစ်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် များကို ရေနံစိမ်းပိုက်လိုင်းဖြင့် ကျော်ဖြတ်ကာ တရုတ်နိုင်ငံယူနန် ပြည်နယ် ကူမင်းမြို့သို့ပို့လွှတ်သွားမည် ဖြစ်သည်။

“ဒီဆိပ်ကမ်းကို တန်ချိန်သုံးသိန်းဆံ့ Crude Oil Carrier သင်္ဘောကြီးတွေ ဝင်ရောက် ဆိုက်ကပ်နိုင်မယ်။ သင်္ဘောပေါ်ကနေဆီချပြီး တရုတ်ကို ရေနံစိမ်းပို့လွှတ်နိုင်မှာဖြစ်တယ်။ ဒီနေရာမှာ သင်္ဘောပေါ်ကနေ Tank Farm (ရေနံစိမ်းသိုလှောင်သံကန်) ထဲကို ပို့မယ်။ အဲဒီကနေ Booster Pump တွေနဲ့မှုတ်တင်ပြီး ပိုက်လိုင်းထဲ ကိုပို့မယ်။ ပိုက်လိုင်းကတစ်ဆင့် တရုတ်ကို ပို့လွှတ်သွားမှာပါ” ဟု စီမံကိန်း အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

မဒေးကျွန်းမှာ တရုတ် ဂတ်စ်နှင့် ရေနံစီမံကိန်း၏ အဓိက ပင်မ စီမံကိန်း နေရာ ဖြစ်ပြီး အဆိုပါ ကျွန်းမှ လယ်များနှင့် ဥယျာဉ်ခြံ မြေ အမြောက်အမြားကို တန်ဖိုးအနည်းငယ် လျော်ကြေးပေးပြီး စစ်အစိုးရမှ သိမ်းယူထားသဖြင့် လယ်သမားများမှာ အဆိုပါ စီမံကိန်းတွင် နေ့စား အလုပ်သမားများ အဖြစ် လုပ်ကိုင်နေကြရကြောင်း သိရသည်။

Most read this week