နအဖ တပ်အား ပြောက်ကျားစနစ်ဖြင့် SSPP/SSA တန်ပြန်တိုက်ခိုက်

နအဖ တပ်အား ပြောက်ကျားစနစ်ဖြင့် SSPP/SSA တန်ပြန်တိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

ယမန်နေ့နှင့် ယနေ့မနက်အတွင်း သျှမ်းပြည်တိုးတက် ရေး ပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နအဖတပ် အကြား တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက် ကဆို ...

ယမန်နေ့နှင့် ယနေ့မနက်အတွင်း သျှမ်းပြည်တိုးတက် ရေး ပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နအဖတပ် အကြား တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက် ကဆိုသည်။

refugee_pictureဒုက္ခသည်လူထု“မနေ့  နေ့လည်ကစပြီး ဒီနေ့မနက်ပိုင်းအထိ နေရာအသီးသီးမှာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့တယ်။ အပြင်း အထန်ဘဲ။ ဒီမနက်ဆို မနက် ၀၃  နာရီခွဲကနေ မနက် ကိုးခွဲလောက်အထိ တိုက်နေတုန်း” - ဟု မိုင်းနောင်ဒေသခံ တဦးက ပြောပါသည်။

မတ်ခ်ျ ၂၃- ၂၄ ရက်အတွင်း SSPP/SSA ၏ အမှတ် ၁ ၊ ၈၀၁၊ ၁၉၆၊ ရ၆၆ တပ်ရင်းများနှင့် နအဖ ကျူးကျော် နယ်ကျွံစစ်ကြောင်းတို့ တိုက်ခိုက်ကြခြင်းဖြစ်သည်။

“ ၂၃ ရက် မွန်းလွဲ ၁ နာရီလောက်က နမ့်ငါ့ချောင်း နဲ့ ဝမ့်ဟွေ့ရွာအကြား (မိုင်းရှူးမြို့နယ်) မှာ နာရီဝက် ကြာတိုက်ပွဲ ဖြစ်တယ်။ ဗမာတပ်ဘက် ၃ ယောက်သေတယ် ပြောတယ်။ အဲဒါကသျှမ်းတပ်ဘက် အမှတ် ၁၉၆ တပ်ရင်းနဲ့ တဲ့၊ အဲဒီ့နေ့မှာဘဲ မိုင်းနောင်မြို့ နယ်ခွဲ တူယားအုပ်စုထဲမှာ် ၈၀၁ သျှမ်းတပ်ရင်းနဲ့လဲ မိုင်းခန်ရွာနားမှာ ထပ်ဖြစ် တယ်” - ဟု မိုင်းနောင်ဒေသခံတဦးကပြောဆိုသကဲ့သို့ လားရှိူးမြို့ခံတဦးကလည်း -   သျှမ်းတပ်အမှတ် ၁ တပ်ရင်းနှင့် ဗမာတပ်တို့  မိုင်းရယ်မြို့နယ် ကောင်းစဝ်မိဏ်းကုန်း လုံကောင်ရွာ အနီးတိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊ သေကြေဒဏ်ရာရ မှုကိုတော့မသိရကြောင်း  ပြောသည်။

ထို့အတူ ယနေ့မနက်ပိုင်းတွင်လည်း အမှတ် ၈၀၁ တပ်ရင်းနှင့် နအဖ စစ်ကြောင်းတို့  တူယားကျေးရွာအုပ်စု၌ပင် ဒုတိယ အကြိမ် ၆ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိုင်းရှူးမြို့နယ် မိုင်းအောတ်ကျေးရွာ အုပ်စု သံလွင်(တာ့ဝန်း ကျိုင်း) ကူးတို့ဆိပ် အဆင်းကားလမ်း၌လည်း နအဖ စစ်တပ်နှင့် သျှမ်းတပ် အမှတ် ရ၆၆ တို့တိုက်ပွဲဖြစ်ပွားခဲ့သေး ကြောင်း မိုင်းရှူးဒေသခံတဦးကပြောပါသည်။

ယခုဖြစ်ပွားခဲ့သောတိုက်ပွဲများသည် နအဖ မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို  ပြောက်ကျားစနစ်ဖြင့်  SSPP/SSA မှတန်ပြန်တို်က်ခိုက်ခဲ့သည့်တိုက်ပွဲများဖြစ်သည်ဟု  သိရ၏။

မတ်ခ်ျ ၁၃ ရက်မှစ၍ နအဖစစ်တပ် တပ်ရင်းပေါင်း ၂၀ ၊ အင်အားနှစ်ထောင်ထက်မနည်း အသုံးပြုပြီးသျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ထိန်းချုပ်နယ်မြေနှင့် တပ်စခန်းများအား ကျူးကျော် တိုက်ခိုက်ခဲ့သောကြောင့် ကျေးလက်လူထုထောင်ချီ ဒေသအသီးသီးသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ တိုက်ပွဲ ကြောင့် ကျေးလက်လူထု ၁၀ ဦးကျော်သေဆုံးသကဲ့သို့ ဒဏ်ရာရသည့် ဟိုနမ့်ကျေးရွာ(မိုင်းအောတ်အုပ်စု၊ မိုင်းရှူးမြို့ နယ်) ၃ ဦးကလည်း ဒဏ်ရာပြင်းထန်စွာဖြင့်လွယ်လင်ဆေးရုံသို့ ပို့ဆောင်ကုသ်သော်လည်း အသက် အန္တရာယ် စိုးရိမ်ရသည့် အဆင့်ရောက်နေကြောင်း လွယ်လင်မြို့ခံတဦးက အတည်ပြု ပြောပြပါသည်။

Most read this week