လူထုနှင့် တပ်သားအား SSPP/SSA ခေါင်းဆောင်က သဝဏ်လွှာပို့

လူထုနှင့် တပ်သားအား SSPP/SSA ခေါင်းဆောင်က သဝဏ်လွှာပို့
by -
သျှမ်းသံတော်ဆင့်

ယခုလလည်မှစ၍ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အားနအဖထိုး စစ်ဆင် တိုက်ခိုက်မှု မှိုင်းတိုက်ဝါဒဖြန့်မှု၊ လိမ်ညာ သတင်းလွှင့်မှုများနှင့် ပါတ်သက်၍ ...

ယခုလလည်မှစ၍ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အားနအဖထိုး စစ်ဆင် တိုက်ခိုက်မှု မှိုင်းတိုက်ဝါဒဖြန့်မှု၊ လိမ်ညာ သတင်းလွှင့်မှုများနှင့် ပါတ်သက်၍ “ရန်သူ၏ စည်းရုံး သိမ်းသွင်းမှုကို မယုံကြရန်” - ပြည်သူလူ ထု နှင့်တပ်သားထုများထံ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်က သတိပေးအကြောင်းကြား ခဲ့သည်ဟု သျှမ်းပြည် အလယ်ပိုင်း သတင်း ရပ်ကွက်က ဆိုသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှယမန်နေ့က ထိုသတိပေး အကြောင်းကြားချက်ကို တပ်ရင်း တပ်မဟာ၊ လုပ်ငန်း ဌာနတိုင်းသို့ ကြေးနန်းပို့ လိုက်ခြင်းဖြစ် ပြီး အဓိကအချက် ၃ ချက်ပါ  နောက်ဆုံးအချက်၌ ရန်သူကို အထင်ကြီးသူ၊ ရန်သူနှင့် သွားပေါင်း၍ သျှမ်းပြည် တပ်မတော် နှင့် ပြည်သူလူထုအား ဆိုးကျိုး သက်ရောက်စေသူများအား  ရန်သူအဖြစ် သဘောထားကာ ထိရောက်ပြင်းထန်စွာ အရေး ယူမည်ဖြစ်ကြောင်းလည်း ပါရှိသည် ဟု SSPP/SSA အရာရှိဟောင်းတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“အဓိကကတော့ ရန်သူကို မယုံဖို့ပေါ့။ အနုနည်းနဲ့ဖြစ်ဖြစ် အကြမ်းနည်းနဲ့ ဖြစ်ဖြစ်ဖြင့် စည်းရုံး သိမ်းသွင်းလာရင်လဲ နဝေတိမ်တောင် ဖြစ်တာမျိုး၊ ခြောက်တိုင်းကြောက် ချော့တိုင်းပျော့တာမျိုး မဖြစ်အောင် သတိထားဖို့ ဖြစ်တယ် ”ဟုဆို၏။

ဒုတိယအချက်တွင်မူ သျှမ်းပြည်တပ်မတော်မှ ငြိမ်းချမ်းရေးယူခဲ့သည့် နှစ် ၂၁ လုံးလုံး သျှမ်းပြည်တပ်မတော်နှင့် ပြည်သူ လူထုအတွက် နအဖ ကောင်းကျိုးတခုမှ လုပ်မပေးခဲ့သည့်အပြင် ယခု အစိုးရသစ်ဖွဲ့စည်းချိန်အထိ လူထု ဘဝတည်ငြိမ် ရေး လုံခြုံစွာအသက်ရှင်နိုင်ရေးနှင့် အေးချမ်းသာယာမှု  ကိုလည်း လုပ်ပေးနိုင်မည်မဟုတ်ကြောင်း၊ ထိုမျှမက တိုင်းရင်း သားတပ်ဖွဲ့များအပေါ် စစ်မျက်နှာဖွင့်တိုက်ခိုက်ချေမှုန်းခြင်းသည်၎င်း၏စစ်အာဏာသက်ဆိုး ရှည် ရေးအတွက်သာ လုပ်နေကြောင်းရေးသားထား၏။

“နအဖစစ်တပ်ဟာ ပြည်သူလူထုဆန္ဒမပါဘဲ သူ့အလိုကိုဘဲရှေ့တန်းတင်လုပ်နေတာ။ သူ့လုပ် နည်းလုပ်ဟန်ဟာ ဧည့်သည်က အိမ်ရှင်ကိုစော်ကားတယ်။ သားနဲ့ဖအေသွေးကွဲအောင် သွေးထိုးတယ်။ ညီအကိုချင်းပြန်ချခိုင်းတယ်။ အဲဒါ ကြောင့် စဝ်ပန်ဖှက- မိဘပြည်သူတွေရော တပ် အရာရှိတွေရော နအဖရဲ့လိမ်လည်လှည့်ဖျားသွေးထိုးသိမ်း သွင်း စကား ကို လုံးဝမယုံမိအောင်   သတိပေးလိုက်တာ” ဟု ဆို၏။

မတ်ခ်ျ ၁၉ ရက်က နအဖထံလက်နက်ချလိုက်သော တန့်ယန်းမြို့နယ် အုပ်ချုပ်ရေးဌာနစာရေး စိုင်းမွန်း(ဦးဆောင် သည့် ၁၄ ယောက်အဖွဲ့) မှာလည်း ၎င်း၏ မိသားစုဝင်ကို နအဖ အကျပ်ကိုင်ခြိမ်းခြောက်ရာမှ လက်နက်ချသွားသည့်အပြင် လောလောဆယ် ကောက်ထားသောဘိန်းခွန်ကျပ်သိန်းပေါင်းရာချီကိုပါယူသွား သည်ဟု  တန့်ယန်းဒေသခ့လူထုအကြားပြောဆိုကြသည်။

SSPP/SSA အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်တွေ့ ဆုံဆွေးနွေးဖြေရှင်းရန်အစဉ်တစိုက်ကြိုး ပမ်းခဲ့သော် လည်း နအဖစစ်အစိုးရသည် မိမိတို့၏ကြိုးပမ်းမှုကို လစ်လျူရှုကာပြည်သူ့စစ်အသွင်ပြောင်းရေးနှင့် လက်နက်ချရေး အတွက်သာသပ်လျှို၊သွေးခွဲ၊ခြိမ်းခြောက်၊ အကြပ်ကိုင်မက် လုံးပေး ချော့မြူဆွဲဆောင်ပြီး စစ်ရေးနည်း ဖြင့်သာဖြေရှင်း ခဲ့သဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရန် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေရခြင်းဖြစ် ကြောင်း ထုတ်ပြန်ကြေငြာ ချက်တစောင် ကိုလည်း ၂၀၁၁ မတ် (၁၉) ရက်၌ ဗဟိုကော်မတီဝင်ကထုတ်ပြန်ခဲ့ သည်။

Most read this week