မြန်မာနိုင်ငံသား တဦး တက်ကနက် ဆိပ်ကမ်းတွင် မသင်္ကာဖွယ်ရာ သေဆုံး

မြန်မာနိုင်ငံသား တဦး တက်ကနက် ဆိပ်ကမ်းတွင် မသင်္ကာဖွယ်ရာ သေဆုံး
by -
ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ဘက် မောင်တောနှင့် မျက်နှာချင်းဆိုင် တက်ကနက်မြို့ ဘောင်ဒေါ် ဆိပ်ကမ်းတွင် မြန်မာနိုင်ငံမှ ရခိုင်အမျိုးသား တစ်ဦး၏ အလောင်းကို ယမန်နေ့က တွေ့ရှိရကြောင်း သတင်းရရှိသည်။ ...

မြန်မာနိုင်ငံ အနောက်ဘက် မောင်တောနှင့် မျက်နှာချင်းဆိုင် တက်ကနက်မြို့ ဘောင်ဒေါ် ဆိပ်ကမ်းတွင် မြန်မာနိုင်ငံမှ ရခိုင်အမျိုးသား တစ်ဦး၏ အလောင်းကို ယမန်နေ့က တွေ့ရှိရကြောင်း သတင်းရရှိသည်။

Anonymous-Rakhine-dieဘောင်ဒေါ် ဆိပ်ကမ်းနေ ကိုမောင်စိန်နုက “ မနေ့က မွန်းလွဲ ၂ နာရီအချိန်လောက်မှာ ဘင်္ဂလာဒေချ့် နိုင်ငံ တက်ကနက်မြို့ ဘောင်ဒေါ် ဆိပ်ကမ်း တံတားအောက်မှာ ရခိုင် လူမျိုး အလောင်း တလောင်းကို တွေ့တယ်။ သေနေတဲ့ပုံက မျက်နှာဟာ တံတားအောက်က မြေ ပေါ်မှာ ထိပီး သေနေပါတယ်။ ဒဏ်ရာဒဏ်ချက်တော့ အကြီးအကျယ် မတွေ့ရဘူး။ ဘယ်ဘက်နံရိုး အနားမှာ လက်သီးနဲ့ ထိုးတဲ့ဒဏ်ရာလို မဲပြီးတော့ တွေ့ရ ပါတယ်“ဟုပြောသည်။

သေဆုံး သွားသူမှာ ရခိုင်ပြည်နယ် တောင်ကုတ် သင်္ဘောဆိပ်မှ ဘုတ်ပိုင်ရှင် အသက် ၃၀ ကျော်အရွယ် ဦးသိန်းမောင် ဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ သတင်းပေးပို့ချက် အရ တက်ကနက် ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်ပြီး ယခုအခါ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

သို့သော်လည်း ယခုအချိန်အထိ မည်ကဲ့သို့ သူသေဆုံး သွားခဲ့သည်ကို အတိအကျ မသိရသေးကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သည့်လကလည်း တက်နက်ဆိပ်ကမ်းတွင် ရခိုင်စီးပွားရေသမား တဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အလောင်းကို ရဲက စုံစမ်း စစ်ဆေးပြီးနောက် မနက်ဖြန်မှာ ဘင်္ဂလာမှ ရခိုင်ပြည်နယ် တောင်ကုတ်ဘက်သို့ ယူဆောင်မည်ဟု ၄င်းက ပြောသည်။

Most read this week