တာလီဘန်နှင့် ဆက်စပ်သူများဟု သင်္ကာမကင်းသူ ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် စစ်ကြောနေ

တာလီဘန်နှင့် ဆက်စပ်သူများဟု သင်္ကာမကင်းသူ ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် စစ်ကြောနေ
by -
နိရ ဉ္ဇရာသတင်း

မကြာမှီက ဖမ်းဆီးခံထားရသော တာလီဘန်များနှင့် ဆက်စပ်သူများဟု သံသယရှိသူ ခေါင်းဆောင် ၈ ဦးကို ယခုအခါ နစက ကျီးကန်းပြင် စခန်းတွင် ပြင်းပြင်းထန်ထန် စစ်ကြောနေကြောင်း သတင်း ရရှိ ...

မကြာမှီက ဖမ်းဆီးခံထားရသော တာလီဘန်များနှင့် ဆက်စပ်သူများဟု သံသယရှိသူ ခေါင်းဆောင် ၈ ဦးကို ယခုအခါ နစက ကျီးကန်းပြင် စခန်းတွင် ပြင်းပြင်းထန်ထန် စစ်ကြောနေကြောင်း သတင်း ရရှိသည်။

စစ်ကြောခံနေရသူ ခေါင်းဆောင် ၈ ယောက်မှာ (၁) အာဘူ ကာလောင် (ဘ) အဒူလ်ကွာရီ၊ (၂) ဥက္ကဌ ဟောင်း ဦးဇော်ဝင်းခေါ် ကာလူ (ဘ) မာမော့ချော်ရီ၊ (၃) ယာဘူဟောက် (ဘ) မာမောက်ဟူစိန်၊ (၄) မော်လဘီ ဖေါရိန်း၊ (၅) ဖေယာဇူဟောက် (ဘ) အာရူဂျာမာန်၊ (၆) အူနာဆိုးရီ (ဘ) ဆူလ်တန်၊ (၇) ဒီမာမတ် (အတွင်းရေးမှူး)နှင့် (၈) အဒူဇော်လီ (ဘ) အာဇိုက်ပူတင်တို့ ဖြစ်သည်။

ဒေသခံ မွတ်ဆလင် တစ်ဦးက “အခု ဖမ်းဆီးခံရထားရသူ အထဲက ခေါင်းဆောင်လို့ သတ် မှတ်ခံရတဲ့ သူ ၈ ယောက်ကိုတော့ သီးခြား စစ်ဆေး မေးမြန်းနေပါတယ်။ အဲဒီလို မေးမြန်းတဲ့အခါ မော်လဘီ ဖေါရိန်းဟာ လက်လွန်ပြီးသေသွားတယ်လို့ သတင်းတွေ ရပါတယ်။ နောက်တယောက်လည်း သေလု နီးပါးဖြစ်နေတယ်လို့ ကျွန်တော်တို့သိရတယ်။ ဘယ်သူဖြစ်တယ် ဆိုတာတော့ အတိအကျ မသိရသေးဘူး”ဟု ပြောသည်။

မော်လဘီ ဖေါရိန်းမှာ ခမောင်းဆိပ်ရွာရှိ အာရ်ဘီကျောင်းတွင် အဖမ်းခံခဲ့ ရသူ ဖြစ်ကြောင်းနှင့် ယခုလ ၂၀ နေ့က သေဆုံးသွားသည်ဟု သတင်းရကြောင်း သူက ပြောသည်။

သို့သော်လည်း မော်လဘီ ဖေါရိန်း သေဆုံးမူနှင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

အခင်း ဖြစ်ပွားနေရာ ကျေးရွာများအနီးရှိ ကြိမ်ချောင်း ဒေသခံ တစ်ဦးအား မေးကြည့်ရာ နောက်ဆုံး အခြေအနေကို ယခုကဲ့သို့ ပြောသည်။

“ ခယက၊ မယကနဲ့ နစကတွေက လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် ချောင်းဖျားပိုင်း ကျေးရွာ တွေဖြစ်တဲ့ ခမောင်းဆိပ်ဘက်မှာ မတည်မငြိမ် ဖြစ်နေတယ်လို့ ကြားရပါတယ်။ တချို့က ကြောက်ပြီး ဘင်္ဂလာဒေချ့့်ဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ကြားရပါတယ်။ ဘင်္ဂလာဘက်က လူတစ်ဦးဝင်လာပြီး ဖေါက်ခွဲရေး သင်တန်းတွေကို ရွာတွေအလိုက် ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ခုလို ဖမ်းဆီးမူတွေ များလာတယ်လို့ သိရပါတယ်။ အခု အဲဒီ ဒေသ တဝိုက်မှာ ဆူဆူပူပူ ဖြစ်နေတဲ့ အတွက် လူတွေ အဲဒီဘက်ကို ခရီးမသွားကြပါဘူး။ အောက်ပိုင်း ကြိမ်ချောင်းဘက်မှာတော့ ဖမ်းဆီးတာတွေ မရှိသေးပါဘူး” ဟု ပြောသည်။

ဖမ်းဆီးမူများ ဆက်လက် ရှိနေသော်လည်း မည်ရွှေ့ မည်မျှ ဖမ်းဆီးထားသည်ကို မသိရပါကြောင်း သူက ပြောသည်။

Most read this week