မောင်တောတွင် တာလီဘန်အဖွဲ့နှင့် ဆက်စပ်သူများဟု သင်္ကာ မကင်းသူများ ဖမ်းဆီးခံရမူ ဖြစ်စဉ်အကျဉ်း

မောင်တောတွင် တာလီဘန်အဖွဲ့နှင့် ဆက်စပ်သူများဟု သင်္ကာ မကင်းသူများ ဖမ်းဆီးခံရမူ ဖြစ်စဉ်အကျဉ်း
by -
နိရ ဉ္ဇရာသတင်း

ယခုလ ၄ ရက်နေ့က မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာမှ ရယက ဥက္ကဌဟောင်း ဦးဇော်ဝင်းခေါ် ကာလူကို တာလီဘန် အဖွဲ့နှင့် ဆက်စပ်မူ ရှိသည်ဟု သတင်းအရ နစက တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ ...

ယခုလ ၄ ရက်နေ့က မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာမှ ရယက ဥက္ကဌဟောင်း ဦးဇော်ဝင်းခေါ် ကာလူကို တာလီဘန် အဖွဲ့နှင့် ဆက်စပ်မူ ရှိသည်ဟု သတင်းအရ နစက တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

taliban_fightersဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှ သူထံမှ အင်္ဂလိပ်လို ရေးသားထားသော အစ္စလာမ်မစ် တာလီဘန် အဖွဲ့ဟု ဆီးလ် တံဆိပ်နှင့် စာရွက်စာတန်းများ ရရှိခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်း နစက တပ်ဖွဲ့မှ သူ့အား စစ်ဆေး ဖေါ်ထုတ်ရာ တာလီဘန် အဖွဲ့နှင့် ဆက်စပ်သူများဟု ယူဆရသူ လူပေါင်း ၁၀၀ နီးပါးခန့်ကို ဖမ်းဆီးခဲ့သည်။

နစက သတင်းရပ်ကွက်အရ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်၊ အောင်သပြေနှင့် ကွမ်းသီးပင်ကျေးရွာများမှ ရွာသား တချို့ကို အာဖဂန် နစ္စတန် တာလီဘန် အဖွဲ့မှ စေလွှတ်ခြင်း ခံရသူဟု ယူဆရသော မော်လဗီ ဟာရုဒ်မှ ဘင်္ဂလာ- မြန်မာနယ်စပ် အနီးရှိ နစက နယ်မြေ (၁) နှင့် (၂) အကြားတွင် ဖေဖေါ်ဝါရီလ အတွင်းက လျို့ဝှက် ဖေါက်ခွဲရေး သင်တန်းများ ပေးခဲ့ကြောင်း သိရသည်။

ထိုအထဲမှ မွတ်ဆလင် တဦးက အဆိုပါ ဖြစ်စဉ်အား နစက တပ်ဖွဲ့သို့ သတင်းပေးရာမှ ဆက်စပ်သူများကို ဖမ်းဆီး အရေးယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ နစက တပ်ဖွဲ့ဝင်များမှ အဆိုပါ ဒေသအတွင်း လုံခြံုရေးကို တင်းကျပ်ထားပြီး ညမထွက်ရ ကာဗျူး ထုတ်ထားကာ သင်္ကာ မကင်းသူများကို လိုက်လံ ဖမ်းဆီးမူများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ဖေါက်ခွဲရေး သင်တန်းပေးခဲ့သူဟု ယူဆရသော မော်လဗီ ဟာရုဒ်မှာ လွတ်မြောက် နေပြီး ဘင်္ဂလာ- မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမူကြောင့် ဒေသ လူထု အတွင်း မသက်ဆိုင်သူများပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် လူပ်လူပ်ရွရွ ဖြစ်နေကြောင်း အဆိုပါ ဒေသမှ လာသော သတင်းများအရ သိရသည်။

Most read this week