ဒေဝူးမှ ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို မေလတွင် အပြီးသတ် တည်ဆောက်မည်

ဒေဝူးမှ ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို မေလတွင် အပြီးသတ် တည်ဆောက်မည်
by -
နိရ ဉ္ဇရာသတင်း

နအဖစစ်အစိုးရ၏ သဘောတူညီမူဖြင့် တောင်ကိုးရီယား ဒေဝူးမှ တည်ဆောက်နေသော ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို ၂၀၁၁ ခုနှစ် မေလ အတွင်း အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိ ...

နအဖစစ်အစိုးရ၏ သဘောတူညီမူဖြင့် တောင်ကိုးရီယား ဒေဝူးမှ တည်ဆောက်နေသော ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို ၂၀၁၁ ခုနှစ် မေလ အတွင်း အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို တည်ဆောက် နေစဉ်။အဆိုပါ ဆိပ်ကမ်းရှိ တံတားဟောင်းကို ယခုအခါ ဖြိုဖျက်ပြီး တံတား အသစ် တည်ဆောက်နေပြီ ဖြစ်ကြောင်းကို ကျောက်ဖြူဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“တံတားကို စတင် တည်ဆောက်နေပါပြီ။ အရင်တံတား အဟောင်းကို သူတို့ဖြိုချပြီး အသစ် တည်ဆောက်တာပါ။ အဲဒီ ဆိပ်ကမ်း စီမံကိန်းအတွက်လည်း ဆိုင်ခန်းတွေကို အတင်း ဖြိုဖျက် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီဆိုင်ခန်းတွေကို ငလပွေ့ချောင်းကမ်းထဲမှာ နေရာပေးတဲ့ အတွက် အခုတော့ ဆိုင်ပိုင်ရှင်တွေလည်း အဆင်မပြေ ဖြစ်နေကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ကျောက်ဖြူ အမှတ် (၁) ရှိ ဆိုင်ခန်းများကို အစပိုင်းက လျော်ကြေး တစုံတရာ မပေးဘဲ အာဏာပိုင်များက ဖြိုဖျက်ခဲ့သဖြင့် ဆိုင်ပိုင်ရှင်များက မကျေနပ်၍ အထက်ကို စာရေး တိုင်ကြားခဲ့ရာမှ နောက်ပိုင်းတွင် လျော်ကြေး အနည်းငယ်ပေးပြီး ငလပွေ့ချောင်းကမ်းထဲ အတင်းပြောင်းရွှေ့ ပစ်ခဲ့သည်။

Kyauk-Pru-Jetty-construction-3ယခု ဆိပ်ကမ်းကို တည်ဆောက် ပြီးစီးပါက ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းအတွက် သင်္ဘောများ အဓိက ၀င်ထွက် ဆိပ်ကပ် သွားလာမည် ဖြစ်ကြောင်း သိရသည်။

“အခု လောလောဆယ်တော့ လူထုတွေ အငြိုအငြင် မဖြစ်ရအောင် လူထုပိုင် ခရီးသည်နဲ့ ကုန်တင် သင်္ဘောတွေကိုလည်း ၀င်ထွက် သွားလာခွင့် ပြုမယ်ဆိုပီး သူတို့က သတင်း လွှင့်ထားပါတယ်။ အဓိကတော့ ဒီဆိပ်ကမ်းကို ရွှေသဘာဝ စီမံကိန်းအတွက် တည်ဆောက်တာဆိုတော့ သူတို့ သင်္ဘောတွေ ကပ်တာနဲ့ဘဲ တခြား သင်္ဘောတွေ ကပ်လို့ ရကြမှာ မဟုတ်ပါဘူး။ သင်္ဘော ဆိပ်ကမ်း ဟောင်းကို မတည်ဆောက်ဘဲ နှစ်အကြာကြီး ပိတ်ထားပြီး အခုမှ တည်ဆောက်တယ်ဆိုတော့ သူတို့ အကျိုးစီးပွား အတွက် ရည်ရွယ် တည်ဆောက်တာ ဖြစ်ပါတယ်။ လူထု အတွက် မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

ဆိပ်ကမ်းရှိ ယခင် အလျားမီတာ ၂၀ ရှိသော တံတားအဟောင်း နေရာတွင် အလျား မီတာ ၈၀ အရှည်ထိ ဆိပ်ခံတံတားကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ဆိပ်ကမ်းကို ၂၀၁၀ စက်တင်္ဘာလမှ စတင် အကောင်အထည်ဖေါ် တည်ဆောက်နေခြင်း ဖြစ်သည်။

Most read this week