မောင်တောတွင် တာလီဘမ် အဖွဲ့ဝင် ၈၀ ဖမ်းဆီးခံရ

မောင်တောတွင် တာလီဘမ် အဖွဲ့ဝင် ၈၀ ဖမ်းဆီးခံရ
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်ဟု ယူဆရသူ မွတ်ဆလင် ၈၀ ခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိထားကြောင်း နစက သတင်း ရပ်ကွက် အရ သိရ ...

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်ဟု ယူဆရသူ မွတ်ဆလင် ၈၀ ခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိထားကြောင်း နစက သတင်း ရပ်ကွက် အရ သိရသည်။

နစကနှင့် နီးစပ်သူ မောင်တောမြို့ခံ တစ်ဦးက “လွန်ခဲ့တဲ့ ၄ ရက်လောက်က မောင်တောမြို့ မြောက်ပိုင်းမှာ ရှိတဲ့ ကွမ်းသီးပင်ကျေးရွာ က မူဆလင် အမျိုးသားတဦးဆီက “အစ္စလာမ်မစ် တာလီဘမ်အဖွဲ့” ဆိုတဲ့ ရုံးသုံး တံဆိပ် တုံးတွေနဲ့ တခြား စာရွက်စာတန်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ကို ဖမ်းဆီး စစ်ဆေးပြီးတဲ့နောက်မှာ နောက်ထပ် သံသယ ဖြစ်ခံရသူ အဖွဲ့ဝင်တွေကိုလည်း ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု ကျီးကန်းပြင် ဌာနချုပ်မှာ အယောက် ၈၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဖမ်းဆီးခံ အစ္စလာမ်မစ် တာလီဘမ် အဖွဲ့ဝင်များထံမှ စစ်ဆေး မေးမြန်း ဖေါ်ထုတ်ချက်အရ တခြား ဆက်စပ်သူများကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“အခုလောလောဆယ် နယ်မြေ(၁) အောင်သပြေကျေးရွာ၊ ကွမ်းသီးပင်ကျေးရွာ၊ ခမောင်းဆိပ် ကျေးရွာနှင့် တခြားကျေးရွာများမှ အဖွဲ့ဝင်များကို ယမန်နေ့က မောင်တောမြို့နယ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ကိုယ်တိုင် သွားရောက်ပြီး ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ်လည်း ဖမ်းဆီးမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ တာလီဘန် အဖွဲ့ဝင်များဟု သင်္ကာ မကင်းသူများကို ကျီးကန်းပြင် နစက ဌာနချုပ်မှ အရေး ပေါ် စစ်ဆင်ရေး ပြုလုပ်ကာ ဖမ်းဆီးနေပြီး တခြား ဆက်စပ်မူ ရှိသူများမှာလည်း ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။

၎င်း အစ္စလာမစ် တာလီဘမ်များ ဟု ယူဆရသူများ အနေဖြင့် မြေအောက်လှုပ်ရှားသူများ ဖြစ်ပြီး ဖေါက်ခွဲရေး ပစ္စည်းများဖြင့် ဗုံးဖေါက်ခွဲမည့် အစီစဉ်များလည်း ရှိသည်ဟု နစက သတင်းရပ်ကွက်အရ သိရသည်။

အဆိုပါ ကိစ္စအတွက် လာမည့် အပတ်တွင် မောင်တောမြို့သို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ သတင်း အသေးစိတ်နှင့် နောက်ဆက်တွဲ သတင်းများကို နိရဥ္စရာမှ ဆက်လက်စုံစမ်းနေ ဆဲဖြစ်သည်။

Most read this week