ငါးထောင်တန် အတုဖြင့် စျေးဝယ်သူ ရသေ့တောင် မယက ဥက္ကဌနှင့် အာဏာပြသူ ရဲမြို့နယ်မှူး တပြိုင်တည်း အလုပ်ဖြုတ်ခံရ

ငါးထောင်တန် အတုဖြင့် စျေးဝယ်သူ ရသေ့တောင် မယက ဥက္ကဌနှင့် အာဏာပြသူ ရဲမြို့နယ်မှူး တပြိုင်တည်း အလုပ်ဖြုတ်ခံရ
by -
နိရ ဉ္ဇရာသတင်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုလည်း အာဏာ အလွဲသုံးစားမူကြောင့် အလုပ်မှ ထုတ်ပယ် ...

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကို လာဒ်ပေး လာဒ်ယူမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုလည်း အာဏာ အလွဲသုံးစားမူကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်း ရရှိသည်။

Rathidaung-285ရသေ့တောင် ဒေသခံ တစ်ဦးက “ သူတို့ နှစ်ဦးစလုံးကို လွန်ခဲ့တဲ့ အပတ်ကဘဲ Force to retire လုပ်လိုက်ပါတယ်။ အတင်း အလုပ်မှ အနားယူခိုင်းလိုက်တာ ဖြစ်ပါတယ်။ မယက ဥက္ကဌ ဦးအောင်မျိုးမြင့်ကိုတော့ လာဒ်ပေး လာဒ်ယူမူနဲ့ အလုပ်မှ ဖြုတ်လိုက်သလို ရဲမြို့နယ်မှူး ဦးထွန်းစံယုံကိုတော့ အာဏာ အလွဲသုံးစားမူနဲ့ အလုပ်က ဖြုတ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ မြို့နယ် လူကြီးနှစ်ဦး အလုပ်မှ တပြိုင်တည်း အဖြုတ်ခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ စုံစမ်းရာ အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမင်းက ရသေ့တောင်မြို့ ဦးမောင်သာထွန်းပိုင်တဲ့ လိုင်စင်ရ အပေါင်ဆိုင်က သူ့ကိုယ်ကျိုး အတွက် မြို့နယ် ရံပုံငွေကို ပြပြီး ငွေ ၂၅၀၀၀ ကောက်ခံတယ်လို့ ပြောပါတယ်။ အဲဒီငွေတွေထဲမှာ ငါးထောင်ကျပ်တန်တွေက အတု ဖြစ်နေပေမယ့် မယက ဥက္ကဌက ငွေအတုမှန်း မသိဘဲ စျေးသွားဝယ်တော့ စျေးရောင်းတဲ့သူတွေက မယက ဥက္ကဌကို ငါးထောင်ကျပ်တန် အတုတွေနဲ့ စျေးဝယ်ဆိုပြီး စွပ်စွဲ ပြဿနာ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ခုလို အလုပ်က ထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ အဲသလို ပြဿနာတွေ ဖြစ်ပွားနေချိန်မှာ နောက်ထပ် ငွေစက္ကူ ၅၀၀၀ ကျပ်တန် အတုတွေကို ကူတောင် ကျေးရွာဘက်က လူတချို့ဆီက ဖမ်းမိတယ်။ အဲဒီနောက်ပိုင်း အပေါင်ဆိုင် ပိုင်ရှင် ဦးမောင်သာထွန်းကို ဖမ်းဆီး စစ်ဆေးတော့ မယက ဥက္ကဌ လာဒ်ယူတဲ့ ကိစ္စတွေ ပေါ်သွားတယ်။ ဒါပေမယ့် မယက ဥက္ကဌကို အလုပ်က မဖြုတ်သေးဘဲ ရှိနေတဲ့ အချိ်န်မှာ နောက်ထပ် ရဲမြို့နယ်မှူးနဲ့ ပြဿနာ ဖြစ်ပွားတော့ တခါတည်း သူကို အလုပ်က ဖြုတ်ပီး အနားပေးလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဦးအောင်မျိုးမင်းမှာ အဆိုပါ အမူ အပြင် မြို့နယ် အတွင်း ဆန်မှောင်ခိုစက်လှေများမှ ငွေကြေးကောက်ခံမူ၊ ၀ါးဖေါင်များမှ ပိုက်ဆံ ကောက်ခံမူ အပါအဝင် တခြား လာဒ်ပေး လာဒ်ယူမူကြောင့် အကြိမ်ကြိမ် တိုင်ကြားခံထားရသူ ဖြစ်ကြောင်းလည်း သိရသည်။

လွန်ခဲ့သော အပတ်က ရဲမြို့နယ်မှူး ဦးထွန်းစံယုံနှင့် ပြဿနာ ဖြစ်ပွားပြီး တယောက်နှင့် တယောက် အပြန်အလှန် စွပ်စွဲကြပြီးနောက် ချက်ချင်းဆိုသလို အထက်မှ သူတို့ နှစ်ဦးစလုံးကို အလုပ်မှ အနားယူ ခိုင်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းမှ ယခုကဲ့သို့ ပြောသည်။

“ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက သုံးပွင့် ဗိုလ်ကြီးနဲ့ တပ်က တဆင့် ရဲမြို့နယ်မှူး ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ မြို့နယ် မယက ဥက္ကဌ ဦးအောင်မျိုးမြင့်က နှစ်ပွင့်နဲ့ တပ်က အနားယူပြီး ဥက္ကဌ ဖြစ်လာတဲ့သူ ဖြစ်ပါတယ်။ စီနီယာအရ ကွာနေတော့ မယက ဥက္ကဌကို ရဲမြို့နယ်မှူးက သိပ်တလေ တစား မရှိပါဘူး။ တစ်နေတော့ ဆယ်တန်း စာမေးပွဲ ကိစ္စနဲ့ မယက ကနေ ရဲမှူးကို အစည်းအဝေး ခေါ်တော့ စာထဲမှာ လူကြီးမင်းအား ခေါ်ယူစစ်ဆေးစရာရှိတယ်ဆိုပီး ပါသွားတယ်လို့ သိရပါတယ်။ အဲဒါကို မကျေနပ်တဲ့ ရဲမြို့နယ်မှူး ဦးထွန်းစံယုံက ငါက တရားခံ မဟုတ်ဘဲ ဘာကြောင့် ခေါ်ယူ စစ်ဆေးစရာတွေ ရှိတယ်လို့ ရေးရမလဲဆိုပြီး မြို့နယ် မယက ရုံးကိုသွားပြီး စာရေးတွေကို ကလော်တုတ် ရိုက်ပုတ်ဆဲဆိုမူတွေ လုပ်တယ်လို့ သိရပါတယ်။ ချက်ချင်းဘဲ မယက ဥက္ကဌကနေပြီး ၀န်ကြီးဌာန အဆင့်ထိ ထူးခြား ဖြစ်စဉ် ခေါင်းစဉ်တပ်ပြီး ချက်ချင်း သတင်းပို့လိုက်တော့ အထက်က ချက်ချင်း လာစစ်တယ်။ စစ်ဆေးတဲ့ အခါ သူအမှား ကိုယ့်အမှားတွေကိုတော့ စွပ်စွဲကြတော့ နှစ်ယောက်စလုံးကို အလုပ်က ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မယက ဥက္ကဌမှာ လာဒ်ပေးလာဒ်ယူမူကြောင့် ပြည်သူများ အမုန်းပွားနေသဖြင့် အလုပ်မှ ဖြုတ်ပစ်သည့် အပေါ် မြို့ လူထုမှ ၀မ်းသာကြသော်လည်း ဦးထွန်းစံယုံမှာ လူကောင်း ဖြစ်သဖြင့် မြို့လူထုက စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

Most read this week