အခြေအနေ ဆိုးရွားနေသော်လည်း ဂျပန်ရောက် ရခိုင်များ ပြည်တော် ပြန်ကြမည် မဟုတ်

အခြေအနေ ဆိုးရွားနေသော်လည်း ဂျပန်ရောက် ရခိုင်များ ပြည်တော် ပြန်ကြမည် မဟုတ်
by -
မောင်ရမ္မာ

မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားသော ငလျင်ကြောင့် ဆူနာမီ ဒီရေလိူင်းကြီးများ ဖြစ်ပေါ်ပြီး နောက် နျူးကလီးယား ဓါတ်ပေါင်းဖိုများ ကြောက်မက်ဖွယ်ရာ တစ်လုံးပြီး တလုံး ပေါက်ကွဲ နေသော်လည်း ...

မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားသော ငလျင်ကြောင့် ဆူနာမီ ဒီရေလိူင်းကြီးများ ဖြစ်ပေါ်ပြီး နောက် နျူးကလီးယား ဓါတ်ပေါင်းဖိုများ ကြောက်မက်ဖွယ်ရာ တစ်လုံးပြီး တလုံး ပေါက်ကွဲ နေသော်လည်း ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်လူမျိုး အများစု အနေဖြင့် ပြည်တော် ပြန်နိုင်ကြမည် မဟုတ်ကြောင်း သိရသည်။ လက်ရှိ အခြေအနေကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ယာယီဥက္ကဌ ဦးဇော်မင်းခိုင်က ယခုကဲ့သို့ စတင် ပြောကြားသည်။

fukushima1-blast-550အခု ငွေရှိတဲ့လူတွေ၊ ငွေရေးကြေးရေး အဆင်ပြေတဲ့ သူတွေကတော့ ပြန်ဖို့ ကြိုးစား နေကြပါတယ်။ အများစုကတော့ စိုးရိမ်တကြီးနဲ့ လတ်တလော ပြန်ဖို့အခြေအနေတော့ မရှိကြပါ။ ဒီမှာ ရှိနေကြတဲ့ အချိန်မှာတော့ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ တယောက်ကိုတယောက် သတင်းဖလှယ်ကြဖို့၊ တယောက် ဒုက္ခရောက်ရင် အားလုံးက ၀ုိင်းပြီးတော့ ကူညီကြဖို့၊ အဲဒီအချက်တွေကိုဘဲ ပထမဆုံး လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါတယ်။ အကောင်းဆုံးကတော့ ရှောင်နိုင်၊ တိမ်းနိုင်တာ အကောင်းဆုံးပါ။ ခက်တာက ဒီမှာ နေထိုင်ကြတဲ့သူအများစုက ယူအင် အကူအညီနဲ့ နေကြတယ်ဆိုတော့ တခြား နေရာရှောင်ဖို့တိမ်းဖို့ဆိုတာက သိပ်မလွယ်ဘူး။ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရ၊ ရှောင်မယ်ဆိုရင် တခြား တတိယ နိုင်ငံတနိုင်ငံကို ရှောင်ရမယ့် အနေအထားရှိပါတယ်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်များ အပါအဝင် မြန်မာနိုင်ငံသားများ၏ လက်ရှိ အခြေအနေ ကိုလည်း ဦးဇော်မင်းခိုင်က ယခုကဲ့သို့ ပြောသည်။

"အဲဒီ ငလျင် ဆူနာမီ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ရခိုင် အမျိုးသားတွေ မရှိသလို မြန်မာတွေလည်း မရှိပါ။ ရခိုင်အများစုကတော့ ကျွန်တော်တို့ တိုကျို ပတ်ဝန်းကျင်တွေ နေကြတဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာ အနေအထားတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့တယောက် သတင်းဖလှယ်ပြီးတော့ အဆက်အသွယ်တော့ ရှိကြပါတယ်။ တိုကျိုမှာတော့ လောလောဆယ် စိုးရိမ်စရာ အခြေအနေမျိုးတော့ မရှိသေးပါဘူး။"

ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်ပြီးနောက်ကြံုတွေ့ခဲ့ရသော အခြေအနေကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

"ဆူနာမီရေလှိုင်း တိုက်ခတ်သွားပြီးတာနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေ ပြတ်တောက်သွားတယ်။ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားတယ်။ ရထားလမ်း အားလုံး ရပ်ထားလိုက်ရတယ်။ ကျွန်တော်တို့ ဆိုရင်လည်း မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာက နေတဲ့အိမ်နဲ့ အလုပ်ခွင်က ဝေးကြတယ်လေ။ ဒါကြောင့် မိသားစုရှိတဲ့ လူတွေ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက် သွားကြရပါတယ်။ အဲဒီလို အခြေအနေမျိုး ဒီမှာ လက်ရှိ ကြံုတွေ့ ရပါတယ်။"

တခြား ရခိုင်အမျိုးသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုမြတ်သူကလည်း ဂျပန်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်ခဲ့တဲ့ နျူကလီးယားဓါတ်ပေါင်းဖို ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာကို ယခု့ကဲ့သို့ ပြောသည်။

ဂျပန်နိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်း နံပါတ် ၁ နဲ့နံပါတ် ၃ ကတော့ ပေါက်သွားပြီဖြစ်တဲ့အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ နံပါတ် ၄ တလုံးလည်း မနေ့ နံနက် ၁၁ နာရီခွဲ ၁၂ နာရီ လောက်မှာ ပေါက်သွားတဲ့ အတွက် အဲဒီနေရာနဲ့ ကီလိုမီတာ ၂၀ နဲ့ ၅၀ အကြားမှာ ရှိတဲ့လူတွေ အိမ်ကိုတံခါး ပိတ်ထားဖို့၊ အရေးပေါ် နှာခေါင်းချုပ်တွေနဲ့ ကာကွယ်ထား ဖို့ လိုအပ်တယ်ဆိုပီး အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ နျူကလီးယား ဓါတ်ငွေ့တွေက ယိုစိမ့်မူ ကျယ်ပြန့်လာနေတော့ လူတွေက သိပ်စိုးရိမ် နေကြတယ်။

၎င်းပြင် လျှပ်စစ်မီးကိုလည်း တနေ့ကို ၃ နာရီ ကျစီ ဖြတ်တောက်ထားသဖြင့် လူများ အခက်ကြံု နေရပုံကို ကိုမြတ်သူက ယခုကဲ့သို့ ပြောသည်။

" လျှပ်စစ်မီးကိုလည်း မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ တနေ့ကို ၃နာရီ ကျစီ ဖြတ်တောက် ထားပါတယ်။ တိုကျိုမြို့မှာလည်း အဖြတ်ခံနေရပါတယ်။ ရထားလမ်းတွေကလည်း ပုံမှန် မသွားနိုင်သေးဘူး။ ဒီလို ရထား၊ ကားတွေ ပုံမှန်မသွားနိုင်တဲ့အတွက်ကြောင့် အလုပ်အကိုင်တွေလည်း အခက်အခဲ ဖြစ်နေကြတယ်။ စားသောက်ဆိုင်တွေမှာလည်း လူတွေမလာ၊ အခက်အခဲတွေ ဖြစ်နေကြတယ်။ အခု ဖြစ်ရပ်ဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်တဲ့ အတွက်ကြောင့် ကပ်ဆိုက်ရောက်တယ်လို့ ပြောလို့ရပါတယ်။ ကယ်ဆယ်ရေး အခြေအနေကလည်း လုံးလောက်မူ မရှိတာကို တွေ့နေရပါတယ်။ ကယ်ဆယ်ရေးကိုတော့ သူတို့နိုင်ငံက စစ်သားတွေဘဲ အဓိက လုပ်နေကြရတာကို တွေ့ရပါတယ်။ လုံလောက်မှု မရှိတဲ့ အတွက် အစားအစာနဲ့ သောက်ရေတွေ လိုအပ်နေပါတယ်။"

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသူ ရခိုင် အမျိုးသား စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း သိရှိရသည်။

Most read this week