မြန်မာ့တပ်တော် အရာရှိများပိုင် အနှိပ်ခန်း ဖြစ်နေမူကြောင့် ရဲအဖွဲ့က ဥပဒေနှင့်အညီ အရေး မယူနိုင်

မြန်မာ့တပ်တော် အရာရှိများပိုင် အနှိပ်ခန်း ဖြစ်နေမူကြောင့် ရဲအဖွဲ့က ဥပဒေနှင့်အညီ အရေး မယူနိုင်
by -
မောင်အေး

ရခိုင်ပြည်နယ် မြို့ကြီးများ အနှံ့အပြားတွင် မြန်မာတပ်မတော် အရာရှိ တချို့မှ အနှိပ်ခံ အမည်ခံပြီး မကောင်းမူ လုပ်ငန်းများ တည်ထောင်ကာ စီးပွားရှာနေသဖြင့် ပြည်သူလူထု အတွင်း လူမူရေးအရ ထိခိုက် ...

ရခိုင်ပြည်နယ် မြို့ကြီးများ အနှံ့အပြားတွင် မြန်မာတပ်မတော် အရာရှိ တချို့မှ အနှိပ်ခံ အမည်ခံပြီး မကောင်းမူ လုပ်ငန်းများ တည်ထောင်ကာ စီးပွားရှာနေသဖြင့် ပြည်သူလူထု အတွင်း လူမူရေးအရ ထိခိုက်မူများ ရှိနေသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဥပဒေနှင့် အညီ အရေးမယူနိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံ ရဲအရာရှိ တစ်ဦးက ထုတ်ဖေါ် ပြောသည်။

အမည် မဖေါ်လိုသူ အဆိုပါ ရဲအရာရှိက " ကျွန်တော်တို့ စစ်တွေမြို့လမ်းမတော်တောင် ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Crazy Queen အနှိပ်ခန်းကို မကြာသေးမီက ရဲမှ ၀င်ရောက်ပြီး အမျိုးသမီး ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အနှိပ်ခန်းကို စစ်တပ်က အရာရှိတွေ ပိုင်တဲ့ အတွက် ယနေ့တိုင် အမှုမဖွင့်နိုင် သေးဘဲ ရှိနေပါတယ်" ဟု ပြောသည်။

၎င်းပြင်သူက " အဲဒီ အနှိပ်ခန်းကို ရဲတပ်ဖွဲ့ဝင် ၆ ဦးကနေ နေ ဆိုင်ကယ်တွေနဲ့ တိတ်တဆိတ် ၀င်ရောက်ပြီး ဒီလ ရ ရက်နေ့က စီးနှင်းခဲ့တယ်။ အဲသလို စီးနှင်းတဲ့ အချိန်မှာ မကောင်းမူ လုပ်ငန်းတွေကို လုပ်နေတဲ့ အမျိုးသမီး ၁၄ ဦးကို ဖမ်းမိခဲ့တယ်။ ကေသီဆိုတဲ့ ခေါင်းဆောင်အမျိုးသမီးက ခုန်ဆင်ပြီးထွက်ပြေးတဲ့ အတွက် ခေါင်းမှာဒဏ်ရာရသွားလို့ ဆေးရုံတင်လိုက်ရတယ်" ဟု ပြောသည်။

ဒဏ်ရာရရှိသွားသည့် အမျိုးသမီး ကေသီမှာ စစ်ဗိုလ်တဦး၏ ဇနီးဖြစ်ပြီး ဆေးရုံတက်ပြီး နောက်တနေ့တွင် ဆေးရုံမှ ပြန်ဆင်း သွားကြောင်း သူက ပြောသည်။

" အဖမ်းခံရတဲ့အမျိုးသမီးတွေက အားလုံး ဗမာပြည်ဘက်က လာသူတွေဖြစ်တယ်။ စစ်တပ် အရာရှိတွေ ပိုင်တဲ့ အနှိပ်ခန်းမို့ သူတို့ကို ဖမ်းပြီး ပြန်လွှတ်လိုက်ရတယ်။ တရားစွဲလို့ မရဘူး။ အခု အဖမ်းခံရတဲ့ အထဲက ၅ ယောက် ရန်ကုန် ပြန်သွားတယ်။ ၉ ယောက်က စစ်တွေမှာကျန်နေခဲ့တယ်။ အခုတော့ အနှိပ်ခံ လုပ်တဲ့ အောက်ထပ်မှာ စားသောက်ဆိုင် ဖွင့်မယ်လို့ သိရပါတယ်။ အဖမ်းမခံရဘဲ ကျန်နေခဲ့တဲ့ အမျိုးသမီးတွေကတော့ စစ်ဗိုလ် ဇနီး ကေသီနဲ့ အတူ အနှိပ်ခန်းဆက်ဖွင့်မယ်လို့ ကြားတယ်" ဟု သူက ပြောသည်။

ယခုဖမ်းဆီးသည့် Crazy queen အနှိပ်ခန်းကို လမ်းမတော်တောင်ရပ်ကွက်မှ ဦးသာထွန်းဦး ပိုင်ဆိုင်သည့် နှစ်ထပ်တိုက် အပေါ်ထပ်တွင် ဖွင့်ထားခြင်းဖြစ်သည်။

၎င်းပြင် လမ်းမတော် တောင်ရပ်ကွက်မှ ရယက အဖွဲ့နှင့် နီးစပ်သူ တစ်ဦးကလည်း "မနေ့ကတော့ ရဲက ၀င်ဖမ်းတဲ့ အချိန်မှာ ရယကဥက္ကဌ ဦးစောရွှေလည်း ရဲနဲ့အတူပါတယ်ဆိုပြီး ရဲက မှန်ကန်ကြောင်း ထောက်ခံစာ လာယူ သွားပါတယ်။ ဘာကြောင့် လာယူသွားတယ်ဆိုတာတော့ ကျွန်တော်မသိဘူး "ဟု ပြော သည်။

စစ်တွေ လမ်းမတော် တောင်ရပ်ကွက်တွင် စီးပွားရေးသမား တစ်ဦးပိုင်သည့် Smile Say အနှိပ်ခန်းနှင့် စစ်တပ်က ပိုင်သည့် Crazy queen အနှိပ်ခန်းရှိပြီး ကွယ်ရာတွင် ပြည်တံဆာ လုပ်ငန်းကို လုပ်ကိုင်နေသဖြင့် မကြာသေးမီက အစိုးရမှ တရားဝင်ပိတ်ရန် ညွှန်ကြား ခဲ့သော်လည်း စစ်တပ်နောက်ခံဖြင့် Crazy queen ကို ဆက်လက်ဖွင့်ထားခဲ့ရာမှ ရဲက မတ်လ ရ ရက်နေ့က ရှောင်တခင် ၀င်ရောက် စီးနှင်းခဲ့သည်။

သို့သော်လည်း အဆိုပါ ဆိုင်မှာ စစ်တပ်နှင့် ပတ်သက်နေသဖြင့် ယခုအချိန်ထိ ဖမ်းဆီးမူနှင့် ပတ်သက်ပြီး ရဲက အမူမဖွင့်နိုင်ဘဲ ရှိနေသေးသည်။

အလားတူ ကျောက်တော်မြို့တွင်လည်း စကခ ၉ မှ အရာရှိ တချို့က အနှိပ်ခံ အမည်ခံ ပြည်တံဆာ လုပ်ငန်း လုပ်ကိုင်နေသောဆိုင်တွင် အရပ်သားများနှင့် မတ်လ ရ ရက်နေ့က စကားများရာမှ စစ်သားများ မြို့ထဲကို ကားဖြင့် ၀င်လာပြီး တိုက်ခိုက်သဖြင့် အနည်းဆုံး အရပ်သား ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ ထိုအထဲမှ ရွှေကံ့ကော် ကားဒရိုင်ဘာနှင့် စပယ်ယာမှာ ဒဏ်ရာ ပြင်းထန် သဖြင့် ဆေးရုံ တင်ခဲ့ရသည်။

Most read this week