ရခိုင် ဆေးကျောင်းသားများနှင့် ဂီရိ ထောက်ပံ့ရေး ရံပုံငွေ ဂီတ ဖြေဖျော်ပွဲ ဂျပန်တွင် ပြုလုပ်

ရခိုင် ဆေးကျောင်းသားများနှင့် ဂီရိ ထောက်ပံ့ရေး ရံပုံငွေ ဂီတ ဖြေဖျော်ပွဲ ဂျပန်တွင် ပြုလုပ်
by -
နိရ ဉ္ဇရာသတင်း

ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ကြောင့် လူပေါင်း သောင်းချီ သေဆုံးပြီး တိုက်တာ အဆောက်အအုံများ ထောင်ချီပြိုကျခဲ့ရ သဖြင့် ၀မ်းနည်း ထိခိုက်ဖွယ်ရာ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော်လည်း မူလ ကျင်းပရန် စီစဉ် ...

ဂျပန်နိုင်ငံတွင် ငလျင်ဒဏ်ကြောင့် လူပေါင်း သောင်းချီ သေဆုံးပြီး တိုက်တာ အဆောက်အအုံများ ထောင်ချီပြိုကျခဲ့ရ သဖြင့် ၀မ်းနည်း ထိခိုက်ဖွယ်ရာ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော်လည်း မူလ ကျင်းပရန် စီစဉ်ထားသည့် ဆေးကျောင်းသားများနှင့် ဂီရိ ရံပုံငွေ ဂီတ ဖြေဖျော်ပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

japan-Arakanဂီတ ရံပုံငွေကို ပွဲကို စီစဉ်ရာတွင် ပါ၀င်သူ တစ်ဦး ဖြစ်သည့် ကိုကျော်သန်းလိူင်က “ ခုလို ငလျင်ကြောင့် ဂျပန်နိုင်ငံသာမက တကမ္ဘာလုံးက စိတ်အကြီးအကျယ် ထိခိုက်နေချိန်မှာ ကျွန်တော်တို့ အနေနဲ့လည်း ပျော်ပွဲရွှင်ပွဲတွေကို မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဖိတ်ခေါ်တဲ့ အနုပညာရှင်တွေနဲ့ အဆိုတော်တွေက ငလျင် မလူပ်မှီ အချိန်ပိုင်းအတွင်းက ဂျပန်နိုင်ငံကို ရောက်ရှိနေကြပြီဆိုတော့ စီစဉ်ထားတဲ့ ပွဲစဉ်ကိုလည်း ရပ်လို့ မရ ဖြစ်သွားခဲ့ရတဲ့ အတွက် မူလ စီစဉ်ထားတဲ့ အတိုင်း ဂီတ ဖြေဖျော်ပွဲကို ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၂၀၀ လာရောက်ကြည့်ရှု့ အားပေးခဲ့ကြပါတယ်” ဟု ပြောသည်။

အဆိုပါ ရံပုံငွေ ဂီတဖြေဖျော်ပွွဲကို ငွေကြေး အမြောက်အမြား ကုန်ကျခံပြီး လွန်ခဲ့သော လအနည်းငယ်ကပင် စီစဉ်ထားခြင်း ဖြစ်ပြီး အဆိုပါ ရံပုံငွေ ရှာဖွေရေး ဂီတ ပွဲတော်တွင် ဖြေဖျော်ရန် အဆိုတော်များ ရောက်ရှိပြီး အချိန်ပိုင်းအနည်းငယ်တွင် ဂျပန်နိုင်ငံတွင် ရစ်ချက်စတာ စကေး ၉ ထိ ပြင်းထန်သော ငလျင် လူပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Japan-4-arakanအဆိုပါ ရံပုံငွေ ဂီတပွဲတော်သို့ လာရောက် ဖြေဖျော်ကြသော အနုပညာရှင်များနှင့် အဆိုတော်များမှာ နာမည်ကျော် သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ရခိုင်အဆိုတော် ၀င်းကိုခိုင်၊ ရတနာမိုင်၊ မိုင်၊ ချောစုခင်၊ ဟန်ထွန်းတို့ ဖြစ်ကြသည်။

“ကျွန်တော်တို့ ရခိုင်လူမူရေး အသင်း (ဂျပန်)က ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ဆေးကျောင်းသားတွေကို နှစ်စဉ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပါတယ်။ ခုနှစ်မှာလည်း အဲဒီ ဆေးကျောင်းသားတွေကို ပိုမို ထောက်ပံ့နိုင်အောင် ဂီတ ရံပုံငွေ ရှာဖွေရေးပွဲတော်ကို ပြုလုပ်တာ ဖြစ်ပါတယ်။ ပိုလျှံတဲ့ ငွေတွေကိုလည်း ဂီရိသင့် ပြည်သူတွေကို လှူဒါန်းမယ့် အစီအစဉ်လည်း ပါ၀င်ပါတယ်” ဟု ကိုကျော်သန်းလိူင်က ပြောသည်။

အဆိုပါ ဂီတ ဖြေဖျော်ပွဲတော်ကို “ဂစ္ဆပနဒီသံစဉ်လှိုင်း” ဟု အမည်ပေးထားပြီး တိုကျိုမြို့တွင် ညနေ ၄ နာရီမှ ၉ နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။

ယခု ရံပုံငွေ ရှာဖွေရေး ပွဲတော်ကို စီစဉ် ပြုလုပ်ခဲ့သည့် ရခိုင်လူမှုရေးအသင်းမှာ နိုင်ငံရေး မပါဘဲ လူမှုရေး အကျိုးပြရန် သက်သက်ဖြင့် ဂျပန်ရောက် ရခိုင်များက ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး ယခုအချိန်ထိ မြန်မာ ကျပ်သိန်း(၁၇၀)ခန့်ကို ဂီရိ လေဘေးသင့် ပြည်သူများသို့ ပေးပို့လူဒါန်းထားပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင် လူမူရေး အသင်း (ဂျပန်)ကို ၁၉၉၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် စတင်တည်ထောင်ခဲဲ့သည်။

Most read this week