ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ဆုံးရှံုး

ကျောက်တော် ဒုတိယအကြိမ် မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ဆုံးရှံုး
by -
စံလင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မတ်လ ၄ ရက်နေ့က ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မတ်လ ၄ ရက်နေ့က ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးထဲ ပါသွားပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သတင်း ရရှိသည်။

ဒုတိယအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာမှာ တောင်ထောင်ဟာရွာ ဖြစ်ပြီး မွတ်ဆလင် ဘာသာဝင်များ နေထိုင်သည့် ကျေးရွာဖြစ်ကာ ကျောက်တော်မှ သုံးမိုင်ခန့် အကွာတွင် တည်ရှိ်ကြောင်း သိရသည်။

လောင်ကျွမ်းခဲ့ကြောင်းကို ဒေသခံတဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“အခုမီးလောင်မှုက ကျောက်တော်မှာ တပတ်အတွင်း ဒုတိယ အကြိမ်မီးလောင်မှုဖြစ်တာပါ။ မူဆလင်တွေ နေထိုင်တဲ့ တောင်ထောင်ဟာ ရွာမှာ မီးလောင်တာ ဖြစ်ပါတယ်။ ညနေပိုင်း ထမင်းချက်ရာကနေ မီးလောင်တာ ဖြစပါတယ်။ မီးလောင်မှုကြောင့် အိမ်ခြေပေါင်း ၂၀၀ ကျော် လောက် ဆုံးရှုံးသွား ပါတယ်။ စုစုပေါင်း လူ ၁၀၀၀ လောက်တော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။”

မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း ကျား(ကလေး၊ လူကြီး) ၄၃၆ ဦး နှင့် မ(ကလေး၊ လူကြီး) ၄၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်းနှင့် အဆိုပါ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသည့် ရွာသားများကို ယခုအခါတွင် စာသင်ကျောင်းများနှင့် အခြားသော နေရာများတွင် ယာယီ နေရာ ချပေးထားကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ပထမဆုံး မီးလောင်ခဲ့ရာတွင် ကျောက်တော်မြို့ပေါ်မှ အစိုးရပိုင် ဂိုဒေါင် ၆ လုံး မီးထဲပါသွားခဲ့သည်။ အဆိုပါ ဂိုဒေါင်များကို အစိုးရမှ လေလံပစ်ရန် စီစဉ်ထားချိန်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းသွားသော ဂိုဒေါင် ၆ လုံးထဲတွင် တစ်လုံးမှာ စစ်တပ်မှ ဌားရမ်းပြီး ရိက္ခာ သိုလှောင်ထားသော ဂိုဒေါင်ဖြစ်သဖြင့် အများစုက ရှို့မီး အဖြစ် ထင်မြင် ယူဆနေကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် မီးလောင်မှုဖြစ်တိုင်း ဆုံးရှုံမှု များပြားရခြင်းမှာ မီးသတ်ဌာနတွင် မီးသတ်ယာဉ်များ အဆင်သင့် မရှိခြင်းကြောင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

Most read this week