မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမူ သေနတ်ပစ်၍ လူစုခွဲ

မောင်တော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမူ သေနတ်ပစ်၍ လူစုခွဲ
by -
နိရ ဉ္ဇရာသတင်း

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် စစ်မြေပြင် အင်ဂျင်နီတပ်မှ လမ်းလုပ်နေသော ကားတစီး ဒေသခံ တစ်ဦးအား မတော်တဆ တိုက်မိသေဆုံး ပြီးနောက် ဒေသခံ လူထုအတွင်း ...

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် စစ်မြေပြင် အင်ဂျင်နီတပ်မှ လမ်းလုပ်နေသော ကားတစီး ဒေသခံ တစ်ဦးအား မတော်တဆ တိုက်မိသေဆုံး ပြီးနောက် ဒေသခံ လူထုအတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး လမ်းလုပ်နေသူများကို တိုက်ခိုက်သဖြင့် နစက တပ်ဖွဲ့မှ သေနတ် ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရသည်ဟု သတင်း ရရှိသည်။

မောင်တောမြို့အဝင် ဂိတ်“ဖြစ်တာက ငခူရ ကျေးရွာမှာ တနင်္လာနေ့ နံနက်မှာ ဖြစ်ပွားတာပါ။ လမ်းလုပ်နေတဲ့ ဘီအီးကကား တိုက်တဲ့ အတွက် မွတ်ဆလင် တစ်ဦး သေသွားတယ်။ အဲဒါကို မကျေနပ်တဲ့ ဒေသခံ မွတ်ဆလင်တွေက ဘီအီးတပ်က လူတွေကိုရော၊ လမ်းလုပ်တဲ့ သူတွေကိုပါ တုတ်တွေ၊ ဂဲတွေနဲ့ တိုက်ခိုက်တယ်။ တိုက်ခိုက်တဲ့ လူအုပ်က အရမ်းများလာတော့ အနီးအနားစခန်းက နစကတွေက သေနတ်တွေ ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။ သေနတ် ခုနှစ်ချက်တောင် ပစ်ဖေါက်ခဲ့ရပါတယ်” ဟု ငခူရ ကျေးရွာ မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။

ငခူရ ကျေးရွာမှာ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ယခုအခါ ဘီအီးခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ အဆိုပါ ကျေးရွာ အနီးတွင် လမ်းဖေါက်နေကြောင်း သိရသည်။

“အခုတော့ အခြေအနေကိို သက်ဆိုင်ရာက ထိန်းသိမ်းထားလိုက်ပါပြီ။ ဒါပေမယ့် ကိုယ့်အိမ်တွင်းမှာ ကိုယ်နေထိုင်ကြဖို့ ရွာသားတွေကို သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ တိုက်တဲ့ကားနဲ့ တိုက်တဲ့ ကားမောင်းတဲ့ လူကိုလည်း အခု ကြိမ်ချောင်းမှာ ထိန်းသိမ်းထားပြီး လမ်းလုပ်တဲ့ သူတွေကို တိုက်ခိုက်တဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ငခူရ ကျေးရွာ အနီးတဝိုက်တွင် လုံခြံုရေးကို တိုးမြှင့်ချထားလိုက်ပြီး ဘီအီး တပ်သားများကို တိုက်ခိုက်သူ မွတ်ဆလင်များအား တစ်ဦးပြီး တစ်ဦး လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

သေဆုံးသူ အလောင်းအား အနီးအနား ကြိမ်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ယနေ့တွင် မိသားစုထံ လွဲပေးဖွယ်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

Most read this week