ဒန်ကလေအမှု ၁၇ ရက်နေ့ ပြန်ချိန်း

ဒန်ကလေအမှု ၁၇ ရက်နေ့ ပြန်ချိန်း
by -
သဲသဲ

မြန်မာတိုင်းမ် CEO အဟောင်းဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ အမှုကို အင်္ဂါနေ့ တရားခွင်က ယခုလ ၁၇ ရက်နေ့သို့ ထပ်ချိန်းလိုက်သည်ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်၏ ပြောရေးဆိုခွင့် ...

နယူးဒေလီ (မဇ္စျိမ) ။       ။ မြန်မာတိုင်းမ် CEO အဟောင်းဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ အမှုကို အင်္ဂါနေ့ တရားခွင်က ယခုလ ၁၇ ရက်နေ့သို့ ထပ်ချိန်းလိုက်သည်ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝေလင်းက ပြောသည်။

မစ္စတာ ရော့စ် ဒန်ကလေ အမှုကို တရားခွင်က ယခုလ ၁၇ ရက်နေ့သို့ ထပ်မံချိန်းဆို (ဓါတ်ပုံ မဇ္စျိမ)“ဟိုဘက်ဒီဘက်က ရှေ့နေတွေက အာမခံပေးသင့်၊ မပေးသင့်ကို တရားသူကြီးကို စာရေးပြီး တင်ကြတယ်။ အဲလို တင်ပြီးတော့ အမှုကို  ၁၇ ရက်နေ့ကို ထပ်ပြီး ချိန်းလိုက်တယ်။” ဟု ဦးဝေလင်းက မဇ္စျိမကို ပြောသည်။

တရားလို မခိုင်ဇာကို တရားရုံးက မေးခွန်းအနည်းငယ် မေးမြန်းခဲ့သည်ဟု ဆိုသည်။ ယနေ့တရားခွင်သို့ သြစတြေးလျသံရုံးမှ ကောင်စစ်ဝန်၊ မြန်မာတိုင်းမ် CEO အသစ် ဒေါက်တာတင်ထွန်းဦးနှင့် မြန်မာတိုင်းမ်မှ ဝန်ထမ်းအချို့ လာရောက်ခဲ့သည်။

မစ္စတာဒန်ကလေမှာ အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲခံထားရသည်။

“သူ နေရထိုင်ရတာ အဆင်ပြေပါတယ်။ ကျနော်တို့ကို မှာတာပြောတာ ဘာမှမရှိပါဘူး။ ကျနော်တို့ရဲ့ Business က ပုံမှန်အတိုင်းပဲ ဆက်ပြီး လည်ပတ်နေပါတယ်” ဟု ဦးဝေလင်းက ပြောသည်။