နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားနအဖ စစ်တပ်က ရန်သူအဖွဲ့အစည်းများ အဖြစ် သတ်မှတ်လိုက်ပြီး ဖြတ်လေးဖြတ်ဖြင့် ချေမှုန်းသွား ...
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားနအဖ စစ်တပ်က ရန်သူအဖွဲ့အစည်းများ အဖြစ် သတ်မှတ်လိုက်ပြီး ဖြတ်လေးဖြတ်ဖြင့် ချေမှုန်းသွားရန် ညွန်ကြားထား ကြောင်း သိရသည်။
အပစ်ရပ်အဖွဲ့များ အပေါ် ဖြတ်လေးဖြတ် စစ်ဆင်ရေးဆင်နွဲရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းက နေပြည်တော်တွင် ကျင်းပ သည့် နအဖစစ်တပ်လေးလပတ် စစ်ဆင်ရေးညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားမဝင်လုပ်ငန်းများမှ ရရှိသည့်ဝင်ငွေဖြင့် အပစ်ရပ်အဖွဲ့များ ရပ်တည်နေကြောင်း နအဖက သုံးသပ်ထားသည်ဟု တ ရုတ်နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒါကဘာကိုဖော်ပြသလဲဆိုရင် အမျိုးသားညီညွတ်ရေးအတွက် နအဖမှာ ဆန္ဒမရှိဘူး သူတို့ပြောတာ နားမထောင်ရင် တိုက်မယ်ဆိုတဲ့ ပေါ်လစီအတိုင်းလုပ်တာဖြစ်တယ် ပြည်တွင်းစစ် ဖန်တီးနေတာ ဖြစ်တယ်” ဟု သူက ပြောသည်။
ယခုအခါ ကချင်နှင့်သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် သျှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့များအား အဆိုပါ နည်းဗျူဟာ ကျင့်သုံးနေကြောင်း သိရသည် ။
ဖြတ်လေးဖြတ် ဆိုသည်မှာ တစ်ဘက်ရန်သူ၏ စားနပ်ရိက္ခာ ဘဏ္ဍာငွေကြေး ၊ သတင်းအရင်းအမြစ်၊ လူထုထောက်ခံမှု နှင့် တပ်ဖွဲ့ဝင်သစ် များ မစုဆောင်းနိုင်ရန် ဖြတ်တောက်သည့် စစ်ဆင်ရေးနည်းဗျူဟာ ဖြစ်ကြောင်း သိရသည်။
ယခင်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပဲခူးရိုးမနှင့် နဝတလက်ထက် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် ဗကပနှင့် KNU တပ်ဖွဲ့များအား ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆင်နွဲ အောင်မြင်ခဲ့ဖူးကြောင်း သိရသည် ။
သို့သော် ယခုအခါ နအဖတွင် ထိုးစစ်ဆင်နိုင်သည့် အနေအထား မရှိသဖြင့် မြန်မာ့ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နယ်စပ် ဒေသ အခြေစိုက် အပစ်ရပ်များအပေါ် ဖြတ်လေးဖြတ် ကျင့်သုံး၍ မအောင်မြင်နိုင်ကြောင်း သူက ဆိုသည်။
နအဖအနေဖြင့် အပစ်ရပ်လက်နက်ကိုင်များအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမလုပ်ပဲ စစ်ရေးနည်းဖြင့် ဖြေရှင်းပါက အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံများ၏ ထောက်ခံမှုကို ရှိ်မည်မဟုတ်ဟု ဆိုသည်။
“ဖြတ်လေးဖြတ်ဆိုတာ ထိုးစစ်နဲ့တွဲမှရတာ ဖြတ်လေးဖြတ်လုပ်ရင်းနဲ့ထိုးရတာ ဒါပေမဲ့ နအဖမှာအဲလိုလုပ်နိုင်တဲ့ အနေအ ထားမရှိသေးဘူး အပစ်ရပ်တွေ နောက်ကျောက လုံခြုံတယ် ဒါကြောင့် အားလုံးပိတ်ဆို့လို့မရဘူး သျှမ်းတို့ ကေအိုအေ တပ်မ ဟာ ၄ ပြောက်ကျားဒေသတို့ ဆိုရင် အန္တရာယ်ရှိတာပေါ့ ကျန်တဲ့ အဖွဲ့တွေကိုတောင် သူလုပ်လို့ မရဘူး ” ဟု ဆိုသည်။
နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အဆိုကို ငြင်းဆန်နေသည့် လက်နက်ကိုင်အဖွဲ့များမှာ လက်နက်ကိုင် အင်အား ၃ သောင်းဝန်းကျင်ရှိသည့် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ ၊ သျှမ်းပြည် တပ်မ တော် ၊ မွန်ပြည်သစ်ပါတီ နှင့် မိုင်းလားတပ်ဖွဲ့တို့ ဖြစ်ကြောင်း သိရသည် ။ ဖေဖော်ဝါရီလ လယ် ပိုင်းက နယ်ခြားစောင့်တပ်လက်မခံသည့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအပါအဝင် တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းခဲ့သေးကြောင်း သိရသည်။