တိုင်ကြားသူ ရေလုပ်သားများကို ကျောက်ဖြူ ရေလုပ်ငန်း ဦးစီးဌာနမှ ခေါ်ယူ စစ်ဆေး

တိုင်ကြားသူ ရေလုပ်သားများကို ကျောက်ဖြူ ရေလုပ်ငန်း ဦးစီးဌာနမှ ခေါ်ယူ စစ်ဆေး
by -
နိရ ဉ္ဇရာသတင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရေလုပ်သား ၄၀ ကျော်ကို ရေလုပ်ငန်း ဦးစီးဌာနမှ သူတို့ တိုင်ကြားချက်နှင့် ပတ်သက်ပြီး ယမန်နေ့က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရေလုပ်သား ၄၀ ကျော်ကို ရေလုပ်ငန်း ဦးစီးဌာနမှ သူတို့ တိုင်ကြားချက်နှင့် ပတ်သက်ပြီး ယမန်နေ့က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

တဝမ်းတခါးအတွက် ရုန်းကန်နေရသည့် ယခုကဲ့သို့ လှေငယ်များကပါ ပိုက်ဆံ ကောက်ခံသည်။ရေလုပ်သားများထံမှ ပင်လယ်ပြင် ငါးဖမ်းကွက် လေလံရသူက ဒေသအတွင်းrS ရဲများနှင့် ပူးပေါင်းပြီး မတရားသဖြင့် ငွေကြေးများ ကောက်ခံသည် သာမက ညှဉ်းပမ်း နှိပ်စက်မူများကိုပါ ပြုလုပ်နေသဖြင့် အထက်ကို လက်မှတ်ထိုး တိုင်ကြားမှ ထိုသို့ ခေါ်ယူ စစ်ဆေးခြင်း ဖြစ်ကြောင်း ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

“သူတို့ ခေါ်ယူတာကတော့ စုစုပေါင်း ရေလုပ်သားတွေ ကိုယ်စား တိုင်ကြားသူ ၅ ဦးကို ခေါ်ယူ စစ်ဆေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျေးရွာ အုပ်စု ၄ စုက လူကြီးတွေကတော့ သူတို့ ၅ ဦးနဲ့ လုံလောက်မှာ မဟုတ်ဘူးဆိုပြီး ရပ်မိရပ်ဖတွေ အပါအဝင် လူပေါင်း ၄၀ ကျော်လိုက်သွားခဲ့ပါတယ်။ ဟိုမှာ အားလုံး ၀ိုင်းပြီး ဖြေရှင်းလိုတဲ့ အတွက် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုလိုက်ပါသွားသော ကျေးရွာသားများမှာ စနဲအုပ်စု၊ အဝတောင်အုပ်စု၊ အလယ်ဒွိန် အုပ်စုနှင့် အဝပြေ ကျေးရွာအုပ်စုမှ ရေလုပ်သားများ ဖြစ်ကြသည်။

“ သူတို့ကို နေ့လည် တစ်နာရီမှာ စစ်ဆေးပါတယ်။ ခုချိန်ထိ ရွာကို ပြန်မရောက်သေး တဲ့အတွက် ဘယ်လို စစ်ဆေးတယ်ဆိုတာ မသိရသေးပါဘူး။ သူတို့က ခုလို မရှိ ဆင်းရဲသားတွေကို အနိုင်ကျင့် ခေါင်းပုံဖြတ်မူတွေကို လုပ်တဲ့ ပင်လယ်ပြင် ငါးဖမ်းကွက် တင်ဒါရတဲ့သူကို တိုင်ကြားတာကနေ ခုလို ခေါ်ယူ စစ်ဆေးတဲ့ အထိ ဖြစ်လာရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

၂၀၁၁- ၂၀၁၁ ခုနှစ် အတွက် အလယ်ဒွိန် ငါးဖမ်းကွက်အား ငါးဝယ်ယူခွင့်တင်ဒါအား ရရှိထားသူ ဦးစံမြင် ့ဆိုသူမှ တင်ဒါစဉ်းမျဉ်း စည်းကမ်းများကို ချိူးဖောက်ကာ စနဲရဲစခန်းနှင့် မြဒေးကျွန်း ရဲကင်းမှ ရဲသားများကိုခေါ်ယူပြီး ဒေသခံရေလုပ် သားများအား သူ ့၏ အဝယ်ဒိုင်သို့ ဖမ်းဆီးခေါ်ယူကာ ရေလုပ်ငန်းသုံး ပစ္စည်းများကိုသိမ်းဆည်းပြီး သူလိုချင်သော ငွေကြေးများကို တောင်းခံခြင်း၊ ငွေရရှိ သူအား ပြန်လွတ်ကာ၊ ငွေအဆင်မပြေသော သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်ပြီး ငွေရအောင် တောင်းခံခြင်းများ ပြုလုပ် နေသဖြင့် ကျေးရွာ ရေလုပ်သား ၅ ဦးက လက်မှတ် ရေးထိုးကာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ရေလုပ်ငန်း ဦးစီးဌာနသို့ တိုင်ကြားခဲ့သည်။

၎င်းပြင် အဆိုပါ တိုင်ကြားလွှာ မိတ္တူများကို အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမူး အမ်းမြို့၊ ဗျူဟာမူး - အမှတ် (၃၄) စစ်ဗျူဟာ ကျောက်ဖြူမြို့၊ ဥက္ကဌ - ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ကျောက်ဖြူမြို့၊ ခရိုင် ရဲတပ်ဖွဲ ့မှူး၊ ဥက္ကဌ၊မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ ကျောက်ဖြူမြို့ သို့ ပေးပိုခဲ့သည်။

“ သူက မရှိဆင်းရဲတဲ့ တစ်နေ့ ငါးဖမ်း တစ်နေ့စားနေရတဲ့ ငါးဖမ်းသမား တွေဆီကလည်း လက်လှော် ငါးဖမ်းလှေ တစီးကို သုံးသောင်းနေ ငါးသောင်းကျပ်ထိ တောင်းပါတယ်။ ဟွန်ဒါစက်ထိုင်တဲ့ ငါးဖမ်းလှေတွေဆိုရင် တသိန်းထိ တောင်းပြီး မပေးနိုင်ရင် စက်တွေကို ရဲတွေနဲ့ ပေါင်းပြီး သိမ်းတယ်။ ဒဏ်ရိုက်တယ်။ အဲသလို လုပ်နေတဲ့ အတွက် အုပ်စု လေးစုက လူထု အနေနဲ့ မခံရပ်နိုင် ဖြစ်ရာကနေ အထက်ကို တိုင်ကြားခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

စာရေးတိုင်ကြားသူ ၅ ဦးမှာ ဦးထွန်းလှ၊ ဦးထွန်းခင်၊ ဦးမောင်ကြွင်းကျန်၊ ဦးမောင်ယုတ်နှင့် ဦးကျော်စိုးမိုးတို့ ဖြစ်ကြသည်။

ရခိုင် ရေလုပ်သားများမှာ ပင်လယ်ပြင်တွင် ငါးများ ရှားပါး လာသဖြင့် ဘဝ ၀မ်းရေးအတွက် အခက်အခဲများ ဖြစ်လာသလို ဂတ်စ်ရှာဖွေမူနှင့် ပိုက်လိုင်းများ ရေထဲချနေမူ အတွက် ငါးဖမ်းဆီးရာတွင် ကန့်သတ်မူများ ရှိလာသည့် အပြင် အစိုးရမှ ငါးဖမ်းကွက်များကို အပိုင်းလိုက်သတ်မှတ်ပြီး စီးပွားရေး သမားများကို တင်ဒါပေးကာ ငွေကြေးများ အတင်းကောက်ခံနေသဖြင့် ယခုအခါ အထူး အခက်အခဲများနှင့် ရင်ဆိုုင်နေကြရကြောင်း သတင်း ရရှိသည်။

Most read this week