ကရင်နီပြည်တွင် ပြည်နယ်လွွှွှွှွှှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မီတီနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ကော်မီတီတို့အတွက် ပါ၀င်သင့်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ...
ကရင်နီပြည်တွင် ပြည်နယ်လွွှွှွှွှှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မီတီနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ကော်မီတီတို့အတွက် ပါ၀င်သင့်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် သင့်လျော်သည့် နိုင်ငံသားများ အမည်စာရင်းကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တင်ပြကြောင်း သိရသည်။
ဥပဒေပြုရေးဆိုင်ရာ ကော်မီတီကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် သင့်လျော်သည့် နိုင်ငံသား ငါးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး တိုင်းရင်းသား လူမျိုးများဆိုင်ရာ ကော်မီတီကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် သင့်လျော်သည့် နိုင်ငံသား ကိုးဦးတို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မတ်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကောမီတီဥက္ကဌအဖြစ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ မှ ဦးရီးချက်၊ အတွင်းရေးမှူးအဖြစ် မဲ့စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်-၁မှ ဦးသိန်းထွန်းတို့နှင့် သင့်လျော်သည့် နိုင်ငံသားငါးဦး၏ အမည်စာရင်းများ၊ တိုင်းရင်းသား လူမျိုးများဆိုင်ရာ ကော်မီတီဥက္ကဌအဖြစ် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးစိတ်ဦး၊ အတွင်းရေးမှူးအဖြစ် ဖာဆောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ မှ ဦးစောကိုဒီနှင့် သင့်လျော်သည့် နိုင်ငံသားကိုးဦး၏ အမည်စရင်းများကို ကရင်နီပြည်လွှတ်တော် ပုံမှန်အစီးအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌမှ တင်ပြခဲ့သည်။
တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မတ်လ ၁ ရက်နေ့မှာ ပထမဦးဆုံးအကြိမ်ဖြင့် ကျင်းပလျက်ရှိသည်။